Chapter (32)

1.4K 154 11
                                    

နှစ်အစမှာ လုပ်ငန်းပရောဂျက်အသစ်စတင်ရခြင်းက နှစ်သစ်၏ကံကောင်းခြင်းလက်ဆောင်ဟု ယူဆလို့ရသည်။
ကိုစောနေသွေးတို့ Green Landကရင်းနှီးမြှုပ်နှံထားသည့် ကလောက Villa စီမံကိန်းမှာ နွေဦးတို့ "မာန်" ဆောက်လုပ်ရေးသည် ပါဝင်ခွင့်ရခဲ့သည်။

ကလောကို ရုံးကလူတွေနှင့်အတူခရီးထွက်ဖို့ စီစဥ်ရသည်။ ကိုလင်းမာန်ဆီကနေ ဆယ်မင်းဆက်အဆင်ပြေနေပြီး ကျောင်းကိုလည်းပုံမှန်တက်ကြောင်းကြားရသည့်အတွက် နွေဦးစိတ်ချမ်းသာနေသည်။

သူတို့က အရင်ကလိုမျိုးနွေးထွေးမှုတွေနှင့် ပြန်ရင်းနှီးဖို့မဖြစ်နိုင်တော့တာကတော့ သူ့ဘဝ၏အကြီးမားဆုံး ဆုံးရှုံးခြင်းဖြစ်သည်။

ကလောကို ကားဖြင့်တစ်ယောက်တည်းတက်လာဖြစ်သည်။ ရွာငံလမ်းကိုဖြတ်ရသောအခါ နွေဦးမှာဟန်မဆောင်နိုင်အောင် အလွမ်း၏ဒဏ်တွေကို လှိမ့်ခံရတော့သည်။ သူတို့ပျော်ခဲ့ကြတာတွေက မနေ့တစ်နေ့ကလိုပဲ။ အလွမ်းဆိုလျှင်
တောင် ပျော်ရွှင်ခြင်းတွေချိုမြိန်ခြင်းတွေအပြည့်နှင့်အလွမ်းမို့ နွေဦးသည်အမှတ်တရတွေကိုဆက်တိုက်တွေးမိနေတော့သည်။

နွေဦး ရင်ထဲမှာတိတ်တိတ်လေး ဝန်ခံထားသည့် အမှန်တရား တစ်ခုရှိသည်။

ရှေ့ဆက်ပြီး သူလွမ်းဆွတ်သတိရနေမည့်သူက ဆယ်လေးပဲဖြစ်ပြီး သူပြင်းပြင်းပြပြနှင့် သတိတရရှိနေမည့်သူကလည်း တစ်ဘဝလုံးစာအတွက် ဆယ်လေးပဲဖြစ်ကြောင်းကိုပေါ့။ သူ၏ အထီးကျန်ညတွေမှာ တမ်းတနေမည့်သူက ဆယ်မင်းဆက်သာ ဖြစ်ကြောင်း...

သူ့နှလုံးသားက ဆယ်လေးကိုအပိုင်ပေးလိုက်ပြီးပြီ။ အတူမရှိပေးနိုင်သည့်အတွက် သူ၏ပေးဆပ်ခြင်းလို့ပဲ သတ်မှတ်ထားသည်။

ဒီဘဝရဲ့နောက်ဆုံးအချစ်ကလည်း မင်းပါပဲဆယ်လေးရယ်...

အိုးစည်တောင်ခြေ မြင်းကရွာထဲကိုဝင်လိုက်ကာ တည်းရမည့်နေရာကိုသွားလိုက်သည်။ သူတို့တွေအတွက် စီမံကိန်းနေရာနှင့်နီးသောနေရာက အပန်းဖြေအိမ်မှာနေထိုင်ရန် စီစဥ်ပေးထားသည်။

နွေဦးသည် ပထမဆုံးရောက်သူဖြစ်သည်။ ရုံးကလူတွေကိုစောင့်ရင်း အခန်းတစ်ခုထဲမှာ သူ့အိတ်တွေကိုထားလိုက်သည်။

နွေဦးသည် နောက်တစ်ဖန်Where stories live. Discover now