Chapter (3)

1.9K 181 1
                                    

သူ၏လက်သည် mouseကိုကိုင်ကာ
မရပ်မနားလှုပ်ရှားနေပြီး သူ၏မျက်လုံးတို့က monitor screenပေါ်မှာမြဲမြံနေသည်။ သူသည် pattern တွေအသေးစိတ်ဖော်နေရင်း ဒီဇိုင်းကိုအချောသတ်နေသည်။ သူအခုဆွဲနေတာက မီနီမားကတ်ဒီဇိုင်းပုံဖြစ်သည်။ မီနီမားကတ်မို့ လူတွေကိုဆွဲဆောင်နိုင်ဖို့ရာ Formကိုအဓိကဦးစားပေးရေးဆွဲထားသည်။

မာန် ဆောက်လုပ်ရေးကုမ္ပဏီသည် သုံးထပ်အဆောက်အဦဖြစ်ပြီး သူ့အလုပ်နေရာကအပေါ်ဆုံးထပ်တွင်ဖြစ်သည်။ သူသည် မာန် ဆောက်လုပ်ရေးကုမ္ပဏီ၌ အလုပ်ဝင်တာ တစ်နှစ်ကျော်ပဲရှိသေးသည်။

သူကုမ္ပဏီပြောင်းလုပ်ဖို့ စဥ်းစားနေသည့်အချိန်မှာ ကိုလင်းမာန်နှင့်ပြန်ဆုံခဲ့သည်။ ကိုလင်းမာန်က မာန် ဆောက်လုပ်ရေးလုပ်ငန်း၏CEO၊ သူသည်နှစ်ခါမစဥ်းစားဘဲ ဤနေရာမှာသာ အလုပ်ဝင်လိုက်သည်။ ကိုလင်းမာန်သည် အန်တီမေခင်၏သား၊ ဆယ်မင်းဆက်၏အစ်ကို။ သူအလုပ်ဝင်ရာကနေစပြီး သူတို့နှင့်အန်တီမေခင်တို့ပြန်ပြီးဆက်သွယ်ဖြစ်သွားသည်။

အန်တီမေခင်သည် ဦးလေးထွန်း၏အသိမိတ်ဆွေဖြစ်သည်။ သူတို့မိသားစုနှစ်ခု မိတ်ဆွေတွေဖြစ်ခဲ့ပြီး ဆယ်လေးကလည်း သူတို့မိသားစုကိုခင်တွယ်ခဲ့သည်။ ဒါပေမဲ့ ခင်မင်မှုက အချိန်ဘယ်လောက်မှမခံလိုက်ဘဲ ခွဲခွာစရာအကြောင်းများဖန်လာခဲ့သည်။ ကိုလင်းမာန်တို့အဖေ ကားအက်စီးဒန့်ကြောင့်
ဆုံးပါးသွားပြီး အန်တီမေခင်တို့သည်လည်း ဇာတိဖြစ်သည့်တောင်ကြီးကိုပြောင်းသွားသည်။

အခုတော့ သူသည် ကိုလင်းမာန်ကုမ္ပဏီမှာအလုပ်ဝင်နေပြီး အမေနှင့်အန်တီမေခင်တို့သည်လည်း အရင်ကလိုမိတ်ဆွေများပြန်ဖြစ်သွားကြပြီ။ သူနှင့်ဆယ်လေးကတော့ အခုထိမဆုံဖြစ်ကြသေး။ ထိုကလေးလေးက အခုဆိုဘယ်လိုပုံစံလေးဖြစ်နေမလဲ။ အရင်ကလိုပဲ ဝဝကစ်ကစ်ချစ်စရာလေးဖြစ်နေအုံးမလား။ မျက်မှန်နှင့်စာကြမ်းပိုးရုပ်ပဲ ပေါက်နေမလား သူသိပ်သိချင်မိသည်။


"နေ့လယ်စာမစားသေးဘူးလား"

အသံကြောင့် သူသည်ခေါင်းထောင်ကြည့်လိုက်သည်။ ကိုလင်းမာန်က အပြင်သွားတော့မှာကို သူ့ကိုလှမ်းမေးခြင်းဖြစ်သည်။

နွေဦးသည် နောက်တစ်ဖန်Where stories live. Discover now