Chapter (1)

4.4K 247 18
                                    

အချိန်က နံနက်သုံးနာရီထိုးလုခင်။

သူသည် စစ်ကိုင်းတံတားကနေ ပြန်ဆင်းလာပြီးမန္တလေးမြို့ထဲရောက်ချိန်တွင် တွေ့သည့်အလင်းဆိုင်တစ်ခု၌ ဆီချက်တစ်ပွဲဝင်စားလိုက်သည်။ တစ်ညလုံးအလေလိုက်နေခဲ့သူက အခုထိအိမ်ပြန်ဖို့ကိုမစဥ်းစားမိသေးပေ။

သူသည် ယနေ့တော့ရူးရူးမိုက်မိုက် ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့မိသည်။ ကလပ်မှာတွေ့သည့်ယောက်ျားတစ်ယောက်နှင့် ဟိုတယ်အထိအတူလိုက်သွားဖြစ်ခဲ့သည်။ ထိုသူကလမ်းမှာကွန်ဒုံးနှင့်
စီးကရက်ဝင်ဝယ်ပြီးပြန်အလာ ကားထဲမှာလည်း ရူးရူးမူးမူးနမ်းရှိုက်ခဲ့သေးသည်။ ထိုစဥ်ကသူ့အတွေးထဲ၌ ခန္ဓာကိုယ်တစ်ခုလုံးလောင်မြိုက်နေသည့် ရမ္မက်စိတ်တွေပဲရှိသည်။ ထိုယောက်ျားကို စိတ်ပါပါနှင့်တုံ့ပြန်မိခြင်းမှာလည်း ထိုယောက်ျားက တစ်ယောက်သောသူနှင့်တူနေသောကြောင့်။ နောက်ကျောပြင်၊ အရပ်အမောင်းနှင့်
နှာခေါင်း၏ပုံစံတွေသည် သူ့ရည်းစားဟောင်းနှင့် တစ်ပုံစံတည်းတူနေခဲ့ပြီး ပြင်းပြင်းပြပြအနမ်းတွေအောက်မှာ ထိုယောက်ျားကို သူ့ရည်းစားဟောင်းလို့သာအထင်ရောက်နေမိခဲ့သည်။

ဟိုတယ်ခန်းထဲရောက်မှ အသိဝင်တယ်ဆိုလျှင် အတော်များနောက်ကျနေပြီလား။ အပေါ်ဝတ်တွေချွတ်ပြီးကာမှ "ဆောရီးစိတ်မပါတော့လို့" ဆိုသည့်စကားတစ်ခွန်းနှင့် ထိုယောက်ျားကိုထားပစ်ခဲ့သည်။ "မင်းရူးနေတာလား ချီးလိုကောင်"ဆိုသည့်အဆဲစကားကို သူထွက်မသွားခင်ကြားရသည်။ ကောင်းနေချိန်ကျမှထားပစ်ခဲ့တာ ယောက်ျားချင်းမညှာမတာဖြစ်သွားမိလည်း မတတ်နိုင်။ သူ့လုပ်ပုံကမဟုတ်လို့သာ ပြန်မဆဲခဲ့ခြင်းဖြစ်သည်။ ရုတ်တရက်ကြီး တက်ကြွစိတ်တွေပျောက်ဆုံးသွားပြီး ရင်ဘတ်တစ်ခုလုံး ဟောင်းလောင်းပေါက်အဖြစ်ကျန်ခဲ့ကာ ရှင်သန်ချင်စိိတ်ပါကုန်ခန်းသွားသည့်ခဏမှာ သူကထိုယောက်ျားကိုပါ ဂရုစိုက်နေရအုံးမှာလား။

ဆီချက်တစ်ပွဲလုံးအပြောင်စားပြီးနောက်
စားပွဲခုံပေါ် ကျသင့်ငွေထားရစ်ခဲ့ပြီး ပြန်ထွက်လာလိုက်သည်။ ဘယ်ကိုမှလျှောက်သွားချင်စိတ်မရှိတော့တာမို့ အိမ်ပြန်ဖို့သာရှိတော့သည်။ လမ်းဘေးတစ်နေရာမှာ ကားထိုးရပ်ကာ ထိုးအိပ်ပစ်လိုက်ဖို့ကောင်း၏။ မလုပ်ဖြစ်တော့ပေ။ လက်ကျန်အသိစိတ်လေးကို အဆုံးစွန်ထိထိန်းလို့ သူအိမ်ရောက်အောင်ပြန်ရမည်။

နွေဦးသည် နောက်တစ်ဖန်Where stories live. Discover now