Chapter (34)

1.2K 135 4
                                    

ကလောက ထင်သလောက်ပျော်ဖို့မကောင်းပါချေ။
နေ့ရှိသရွေ့မန္တလေးပြန်ဖို့ကိုပဲ စိတ်အားထက်သန်နေသည့်နွေဦး။ သူဒီမြို့မှာ လုံးလုံးမပျော်တော့။ သူနှင့်ဆယ်မင်းဆက်က နေ့တိုင်းဖုန်းဆက်ဖြစ်ကြသည်။ မနက်ထချိန်၊ ဆယ်လေးကျောင်းသွားခါနီးနှင့်နေ့လယ်စာစားချိန်၊ ညဘက်အိပ်ရာဝင်ချိန်တွေထိ သူတို့တစ်ရက်မှမပြတ်ဘဲဖုန်းးပြောကြသည်။ ညအိပ်ရာဝင်ခါနီးတိုင်း video call ခေါ်သည်။

screen ပေါ်မှာမြင်ရသည့်မျက်နှာလေးက အလွမ်းမပြေစေဘဲပိုတိုးပြီးသာ လွမ်းရသည်။

ဝေးနေရတဲ့နေ့တွေမြန်မြန်ကုန်လွန်ချင်ပြီ။






ဆယ်မင်းဆက်သည် အခုတလောအပျော်လွန်နေသည်။ မာမီနှင့်ကိုကြီးလင်းမာန်၊ မမနဒီရောပါ သူ့ပြောင်းလဲမှုကိုသတိထားမိသည်။ သူငယ်ချင်းတွေကတော့ သူ့ကိုပိုလွန်းတယ်ဟု စကြပေမဲ့ဆယ်မင်းဆက်ကတော့ အခုလိုမျိုးအဖဲ့ခံ အစခံရတာကိုပဲ ပျော်နေတော့တာ။

အချိန်တိုင်းတက်ကြွပျော်ရွှင်နေပြီး မျက်နှာကပါကြည်လင်ဝင်းပနေသည်ဟု တွေ့သမျှလူတိုင်းက မှတ်ချက်ပြုကြသည်။

သူအစတည်းက ဝန်ခံထားတာမို့ သူနှင့်ကိုကိုတို့ facebookပေါ်မှာ relationshipတင်လိုက်သည့်အခါ အစ်မတွေ၊ အစ်ကိုတွေကအရမ်းလန့်မသွားကြပေ။ မဟုတ်ရင် တသီတတန်းကြီးသူဖြေရှင်းနေရလိမ့်မည်။

ဒေါ်မေခင်ကတော့ သားဖြစ်သူကိုကြည့်ပြီး ပျော်ရွှင်နေသည်။ အခုမှသာ သူတို့၏ဘဝကနေရောင်ခြည်တွေဖြာကျသွားတာ။ ဆယ်လေး၏အပြုံးကို မြင်ရတာထက်ပိုပြီး သူမဘဝမှာလိုချင်တာလည်းမရှိတော့ဘူး။ အရင်က ကိုယ်စီအတ္တတွေများခဲ့လိမ့်မည်။ သားဖြစ်သူ၏စိတ်ဒဏ်ရာကိုပျောက်စေချင်ပြီး နောက်ထပ်ဒဏ်ရာမရအောင် ကာကွယ်ပေးခဲ့တာတွေ။ ဆယ်လေး၏ဖြစ်တည်မှုကို လက်ခံဖို့ခက်ခဲခဲ့တာကိုတော့ ဝန်ခံရမည်။

တကယ်တော့ ဒေါ်မေခင်သည်ကိုယ်တိုင်လည်း ကုစားနိုင်ဖို့လိုအပ်ခဲ့တာ။ သည်းခံခြင်းတွေ၊ နားလည်မှုတွေနှင့်လက်ခံခြင်းတွေနောက်မှာ အခုလိုမျိုး သာယာသည့်နေ့ရက်တွေပြန်ရောက်လာသည်။

နွေဦးသည် နောက်တစ်ဖန်Where stories live. Discover now