Chapter (33)

1.4K 147 5
                                    

ခုတင်ပေါ်မှာငြိမ်ငြိမ်လေးထိုင်ရင်း သူတို့နှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည်နူးစွာကြည့်မိသည်။ ထို့နောက်အချင်းချင်းပြုံးပြမိကြပြန်သည်။

အသက်ရှူရပ်မတတ်နမ်းရှိုက်ပြီးတာတောင် ဆယ်မင်းဆက်နှလုံးသားကမတင်းတိမ်နိုင်။ ရဲရဲနီထွေးပြီး စိုစွတ်နေသည့် ကိုကို့နှုတ်ခမ်းများက တစ်ဖန်သူ့ကိုဆွဲဆောင်နေသည်။

ရင်တွင်းအနက်ရှိုင်းဆုံးထိ တသိမ့်သိမ့်ဖြစ်နေပါတဲ့ ခံစားချက်တွေရယ်...ဒါက အတိုင်းထက်အလွန် ပျော်ရွှင်ခြင်း။

သူတို့နှစ်ယောက်က ချစ်သူတွေဖြစ်သွားခဲ့ပြီ။

ကိုကိုက သူ့ကိုပြန်ချစ်တယ်။ တန်ဖိုးရှိလွန်းလှတဲ့ ဒီလူသားရဲ့အချစ်တွေက ဆယ်မင်းဆက်အတွက်ဖြစ်လာပြီ။

ချစ်သူရည်းစားရသွားတာက အခုလိုပဲပျော်စရာကောင်းတာလား။

မြီးကောင်ပေါက်လေးလို ရင်ခုန်စိတ်လှုပ်ရှားနေသည့် ဆယ်မင်းဆက်ထက်စာရင် ကိုကိုကအများကြီးပိုတည်ငြိမ်သည်။

သိမ်မွေ့သောအပြုံးသာလေးနှင့် နွေးထွေးစွာပြုံးပြရင်း ဆယ်မင်းဆက်ကိုကြည့်နေသည်။ ဆယ်မင်းဆက်သည် ကိုကို့ကိုဆွဲဖက်ကာ လည်ပင်းများ ပခုံးများကို နမ်းရှုပ်မိပြန်သည်။ ကိုကို့ဆီက အမြဲရနေကျ ရေမွှေးနှင့်ကိုယ်သင်းရနံ့များအားလုံး ပျောက်ကွယ်သွားသည်အထိ သူနမ်းပစ်ချင်သည်။

"ဆယ်လေး အန်တီ့ကိုရောပြောခဲ့ရဲ့လား"

နွေဦးသည် သူ့ကိုအတင်းကာရောဖက်ကာ မှီတွယ်နေသည့်ခွေးပေါက်ကို ဆွဲခွာပြီးမေးလိုက်သည်။ ဆယ်လေးက ခေါင်းညိတ်ပြလာသည်။

"မာမီ့ကိုပြောပြီး မာမီခွင့်ပြုမှလာတာပါ"

"အဲတာဆိုတော်ပါသေးတယ် အန်တီစိတ်ပူနေမှာစိုးတာ"

အန်တီမေခင်ခမျာမှာ သူတို့ကြောင့်အမြဲစိတ်မအေးဖြစ်နေရသည်။ နွေဦးကလည်း ကိုယ့်အကြောင်းနှင့်ကိုယ်ပေမဲ့တကယ်မကောင်းသည့်သူသာ။ သူများ၏အဖိုးတန်သားလေးကို ရင်နာအောင်လုပ်ရက်ခဲ့သည်။

နွေဦးသည် နောက်တစ်ဖန်Where stories live. Discover now