Chapter (15)

1.6K 164 6
                                    

နွေရာသီသည် ဖြည်းဖြည်းချင်းကုန်ဆုံးသွားခဲ့သည်။ လေပြင်းကြမ်းများရံဖန်ရံခါတိုက်၍ ခြောက်သွေ့ပူပြင်းသော နေ့ရက်များက ကုန်လွန်လို့သွားသည်။ မိုးကောင်းကင်တစ်ခွင်သည် အုံ့အုံ့မှိုင်း၍
ကြည်လင်တောက်ပသော ကောင်းကင်ပြာပြာတွင် တိမ်မဲများကနေရာယူတတ်လာသည်။ ဇွန်၊ ဇူလိုင်လများတွင် ကွက်ကျားမိုးများ ရံဖန်ရံခါရွာသွန်းတတ်၏။ တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျ၍ မိုးသည်းထန်စွာရွာသွန်းသော ကာလကိုရောက်လာသည်။

ဘဝနေ့ရက်များသည်အရှေ့ကိုပုံမှန်အတိုင်း ဆက်သွားနေသည်။ နွေဦး၏ဘဝနေ့ရက်များသည်လည်း အလုပ်နှင့်အိမ်နှစ်ခုကို ပတ်လည်ရိုက်၍ သဘာဝကျကျသာဖြတ်သန်းလျက်ရှိသည်။

သူသည် ကွန်ဒိုမှာတစ်ယောက်တည်းနေရသော ဘဝကိုနေသားကျခဲ့ပြီ။ ညဘက်ဆို ဝရန်တာ၌ဆေးလိပ်တစ်လိပ်သောက်၍ ဥဒဟိုသွားလာနေသော ယာဥ်များနှင့်
လူများကို ငေးကြည့်ရင်းအချိန်ဖြုန်းတတ်လာပြီ။

နွေဦးသည် လက်ထပ်အိမ်ထောင်ပြုပြီး ဘဝသစ်ကိုထူထောင်မည်ဟု အစီအစဥ်ဆွဲခဲ့ဖူးသည်။ ယခုတော့ စီစဥ်ထားသလိုမဖြစ်။ ကံကြမ္မာ၏အလှည့်အပြောင်းကို သူသည်လက်ခံတတ်ခဲ့ပြီ။ ယခုနွေဦးသည် တစ်ယောက်တည်းဘဝကို ကြိုးစားခုံမင်စွာ ရပ်တည်နေ၏။

ဆယ်မင်းဆက်သည် နောက်ဆုံးနှစ်ကျောင်းသား ဖြစ်သွားပြီမို့ ဆေးရုံ၊ အတန်းနှင့်ကျူရှင်များစွာကို ပတ်သွားကာ သူ့ဟာသူပင်အချိန်မလောက်။ ဆယ်မင်းဆက်သည် Always Bar ဆိုင်ကိုလုံးလုံးလျားလျား လက်လျှော့လိုက်ပြီဖြစ်သည်။ တစ်ပတ်တစ်ခါအစည်းအဝေးများမှာပဲ ဝင်ပါတော့၏။ သို့ပေမဲ့ နွေဦးနှင့်တော့ အရင်အတိုင်းပဲ အခင်အမင်မပျက်ပါချေ။ နှစ်ယောက်သား အရင်ကလို နေ့တိုင်းနီးပါးမတွေ့ရတော့တာပဲရှိသည်။

သို့သည့်တိုင် ဆယ်မင်းဆက်သည် မကြာခဏဆိုသလို ည၉နာရီလောက် နွေဦး ကွန်ဒိုဆီ ရောက်လာတတ်သည်။ နွေဦး
အနားမှာ စာလုပ်တတ်သည်။ တစ်ခါတစ်ရံ ကြောင်တစ်ကောင်လို နွေဦး
ခြေသလုံးကိုဖက်ကာ လွန်စွာပင်ပန်းကြောင်း ညည်းညူတတ်၏။ ထိုအခါများတွင်တော့ နွေဦးသည်ကော်ဖီဖျော်ပေးတာပဲဖြစ်ဖြစ် ခဏနားဖို့အကြံပေးတာပဲဖြစ်ဖြစ် လုပ်ပေးတတ်သည်။

နွေဦးသည် နောက်တစ်ဖန်Where stories live. Discover now