Chapter (35)

1.2K 140 1
                                    

ဆယ်မင်းဆက်က အလွန်လူကပ်သောချစ်သူမျိုးဖြစ်သည်။ ကိုကို အလုပ်လုပ်နေလျှင်တောင် ဖက်ထားရမှကျေနပ်သည်။ သူစာလုပ်နေချိန်တွင် ကိုကို့ပေါင်ပေါ်ခေါင်းဦးအိပ်ပြီးမှ စာကြည့်တတ်သည်။ ကိုကိုတစ်ယောက် ဒီဇိုင်းဆွဲနေလျှင်တောင် သူက ကိုကို့ထိုင်ခုံပေါ်မှာထိုင်ကာ ကိုကို့ကိုတော့သူပေါင်ပေါ်ထိုင်ခိုင်းပြီး အလုပ်ဆက်လုပ်ခိုင်းတတ်သည်။
ထိုသို့ အလုပ်ထဲအာရုံစူးစိုက်ရသည့်အချိန်မှာ သူကရှုပ်တတ်ပေမဲ့ ကိုကိုကတွန်းထုတ်တာတွေ အော်ငေါက်တာတွေမလုပ်ပေ။ ကိုကိုက သူ့အပေါ်အလွန်စိတ်ရှည်သည်။

မနက်ကျောင်းမသွားခင် မနက်စာစားဖို့အမျိုးမျိုး ချော့ပြောတတ်သူဖြစ်သည်။ တစ်ခါတလေ ကိုယ်တိုင်ခွံ့ကျွေးတာမျိုးလုပ်၏။ မာမီ့အိမ်ပြန်ရောက်နေချိန်မှာတောင် ဖုန်းလှမ်းဆက်ပြီး မနက်စာစားဖို့သေချာအသိပေးတတ်သူဖြစ်သည်။




ဆယ်မင်းဆက်က စာကြည့်နေသည့်အချိန်မှာလည်း ကိုကို့ကိုသူ့ပေါင်ပေါ်ထိုင်ခိုင်းတတ်သည်။ ကိုကိုက ထသွားဖို့ပြင်လျှင်

"ကိုကိုက ဘာလို့ထသွားချင်ရတာလဲ... ကျွန်တော့်ရင်ခွင်ထဲမှာနေရတာ သက်သောင့်သက်သာမဖြစ်လို့လား"

ဟုဆိုသည်။
ထိုအခါ ကိုကိုကမထသွားတော့ဘဲ သူဖြစ်စေချင်သလို သူ့လည်ပင်းကိုဖက်ကာသူ့ရင်ခွင်ထဲမှာပဲနေတော့သည်။

ကိုကို သူ့စကားကိုလက်ခံလာဖို့ သူ့မှာချွဲနွဲ့စရာစကားလုံးအများကြီး ရှိသည်။ များသောအားဖြင့် သူလက်နက်အကုန်ထုတ်သုံးစရာမလိုချေ။

"ကိုကိုက ကျွန်တော့်ကိုအများကြီးအလိုလိုက်တာပဲ"

သူကထိုသို့ ကျေနပ်ဂုဏ်ယူနေသောလေသံဖြင့် ပြောသည့်အချိန်တွေဆို ကိုကိုကပါ ပီတိဖြာဝေပြီး ပြုံးနေတတ်သည်။

"မင်းက ငါအလိုလိုက်ရမဲ့တစ်ဦးတည်းသောသူပဲ...မင်းကိုပဲချစ်စရာရှိတာ"

ဟု ရုပ်တည်ကြီးနှင့် ပြန်ပြောတတ်သည်။

ထိုအချိန်များမှာ ကမ္ဘာမြေဆွဲအားတွေအကုန် ပျောက်ဆုံးသွားသလိုမျိုး ဖြစ်ရတာကဆယ်မင်းဆက်ပဲ။ ဆယ်မင်းဆက် သိမ်းပိုက်ကျူးကျော်သမျှတွေကို လက်ခံရတာကတော့ ကိုကိုပါပဲ။ ကိုကိုကသူဘာလုပ်လုပ် ခွင့်ပြုတယ် အကုန်လိုက်လျောပေးတယ်။

နွေဦးသည် နောက်တစ်ဖန်Where stories live. Discover now