Chapter (10)

1.5K 177 6
                                    

နွေဦးသည် အရာရာစိတ်တိုင်းမကျဘဲဇီဇာကြောင်နေသော clientကို ကျေးဇူးတင်ရမည်လားပင် မပြောတတ်။ သူ့စိတ်အခြေအနေတစ်ခုလုံး ကမောက်ကမဖြစ်နေသည့်တိုင် အာရုံစိုက်စရာတစ်ခု လမ်းလွဲစရာတစ်ခု ရှာတွေ့သည်ကိုပင် ပျော်နေတော့သည်။ အဆုံးစွန်သော ကြိုးစားမှု၊ နွေဦးသည် clientအပ်ထားသော ပရောဂျက်ပေါ်တွင် သူ၏အရာရာကိုပုံထားသည့်အတိုင်း ကြိုးစားနေမိသည်။

ရုံး၌ ကိုလင်းမာန်အပါအဝင် တွေ့သမျှလူများက "ကိုနွေဦး အိပ်ရေးမဝဘူးထင်တယ်" ဟု မေးမြန်းကြ၏။ ထိုမျှတင်မက ဖြူလျော့နေသောသူ့ပုံစံကြောင့် နေမကောင်းဘူးလား ဟူ၍ မေးမြန်းကြသေးသည်။ မျက်တွင်းဟောက်ပက်ဖြစ်လုနီးပါး သူ့ပုံစံသည် သတိထားစရာဖြစ်သည်အထိ အခြေအနေဆိုးနေသည်။

နွေဦးသည် ညဘက်အိပ်မပျော်နိုင်။

မျက်လုံးမှိတ်လိုက်သည်နှင့် ဓနသိုက်နှင့်သူ့ဘေးကကောင်လေးတို့၏ ပုံရိပ်ကိုသာမြင်ရသည်။  ထို့နောက်သူနှင့်ဓနသိုက်အတူပျော်ရွှင်ခဲ့သောအချိန်များ။ သူတို့နှစ်ယောက်မရေမတွက်နိုင်အောင် ဒိတ်ခဲ့ကြသည်။ အတူရှိခဲ့သည့်အချိန်တွေက ထုထည်ကြီးမားလွန်းလှသည်။ သူ့ရင်ထဲမှာရှိသည့် အမှတ်တရများသည် တဝုန်းဝုန်းဖြင့်ပြိုကျပျက်စီးလျက်ရှိ၏။ ဒါကိုသူသည် မတားနိုင်။

စိတ္တဇသူရူးပမာ သူသည်အခန်းကျဥ်းထဲမှာ ရူးမတတ်ခံစားနေရ၏။ တစ်စုံတစ်ယောက်ကို ချစ်ခဲ့မိခြင်း၏အကျိုးဆက်က သေရာပါဒဏ်ရာနှင့် နာကျင်မှုဖြစ်သတတ်။ သူ၏ အချစ်သည် သဲသောင်ပြင်ပေါ် အသေးစိတ်လှပစွာတည်ဆောက်မိခဲ့သော ရဲတိုက်ငယ်သာဖြစ်သည်။ ပင်လယ်ရေတွေတိုက်စားသွားကာ ပြိုပျက်သွားခြင်းကို သူသည်ဤအတိုင်းလေး ထိုင်ကြည့်ရုံသာတတ်နိုင်သည်။

ကံကြမ္မာကြောင့် ဟူ၍လည်း ရိုးမယ်ဖွဲ့မစွပ်စွဲချင်ပါ။ အပြစ်ရှိသူသည် ဓနသိုက်သာဖြစ်သည်။ ပြောင်းလဲသွားသည့် ဓနသိုက်ဖြစ်သည်။ နှလုံးသားတစ်ခုတည်းနှင့်အမျိုးမျိုးအဖုံဖုံပြောင်းလဲနိုင်သူကြောင့်သာပင်။

လွမ်းတစ်လှည့် နာကျည်းတစ်လှည့်....နာရီစက်တွေတစ်ပတ်ပြီးတစ်ပတ်လည်သလို ထိုခံစားချက်များသည် ပတ်လည်ရိုက်လျက်ရှိသည်။

နွေဦးသည် နောက်တစ်ဖန်Where stories live. Discover now