Chapter (23)

1.3K 137 12
                                    

အိုးစည်တောင်ပေါ်က ရာဇာမုနိစေတီကိုပါ ဖူးပြီးမှသူတို့နှစ်ယောက်အတူ ဟိုတယ်ကိုပြန်လာကြသည်။ ဆယ်မင်းဆက်မှာ မနက်စောစောစီးစီး တစ်ဖက်သတ်အချစ်၏ မျှော်လင့်ခြင်းဒဏ်ရာကိုနင့်ခနဲခံစားလိုက်ရပြီးနောက်မှာ တက်ကြွမှုတွေပါပျောက်ဆုံးချင်သွားသည်။ ကားမောင်းနေသည့် ကိုကို့မျက်နှာလေးကိုတစ်ဖန်ကြည့်မိတော့ မနေ့ကအနမ်းခြွေလို့ပင်မဝခဲ့
သော နှုတ်ခမ်းကိုသာအကြည့်ရောက်သည်။

သူက ဒဏ်ရာကိုပိုဆိုးအောင် ဆားသိပ်မိလေခြင်း...

နွေဦးက သူ့အချစ်တွေကိုမြင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ...

သူသည် အခုမှသာ ရှေ့တိုးလို့မရနောက်ဆုတ်ဖို့မဖြစ်နိုင်သော အချစ်ကိုနားလည်သဘောပေါက်တော့သည်။ သူဟာ အလင်းရောင်လေးကို ကိုယ့်အနားမှာထားရင်း ဖမ်းဆုပ်နိုင်မည်ဟုသွေးနားထင်ရောက်နေခဲ့ခြင်းဖြစ်သည်။ ထိုအရာကအလင်းရောင်မဟုတ်ဘဲ ကြယ်တစ်ပွင့်ဖြစ်နေခဲ့လျှင်။ သူက ကြယ်ကိုဆွတ်ခူးဖမ်းဆုပ်နိုင်ပါ့မလား။

"မနက်စောစောစီးစီး ဘာလို့သက်ပြင်းတွေအဲလောက်ချနေတာလဲ"

"ကျွန်တော့် သက်ပြင်းချသံကအရမ်းကျယ်သွားလို့လား"

"အင်း ဘာတွေစိတ်ညစ်စရာရှိလို့လဲဆယ်လေး"

"ဘာမှမဟုတ်ပါဘူး ဒီတိုင်းပါပဲ"

"အများကြီးခေါင်းကိုက်နေတာလား အဆင်ပြေလား ကိုကိုကားခဏရပ်ပေးရမလား"

"အဆင်ပြေပါတယ် ကျွန်တော်ဘာမှမဖြစ်ပါဘူး"

ကိုကိုက သူ့ကိုအတင်းမမေးတော့ပေ။ ထိုအစား လက်တစ်ဖက်နှင့် သူ့ဆံပင်များကိုပွတ်သပ်ပေးလာသည်။ သူတကယ်ငိုချင်သွားသည်။ ကိုယ်ချစ်ကြိုက်နေသည့် လူတစ်ယောက်နှင့်ညီအစ်ကိုဇုန်ထဲရောက်နေတာ တော်တော်အခြေနေဆိုးကြောင်း သူအခုမှသဘောပေါက်သည်။ ဆယ်မင်းဆက်သည် သူ့ဆံပင်တွေကိုပွတ်သပ်ပေးနေသော ကိုကို့လက်ကိုဆွဲယူကိုင်လိုက်သည်။

သူ့လက်ချောင်းတွေထဲမှာရှိနေသည့် ကိုကို့လက်ချောင်းများကို ဆွဲညှစ်လိုက်သည်။ ကိုကိုသည် သူ့ကိုလက်ကိုင်ခွင့်ပြုထားပြီး လက်တစ်ဖက်တည်းဖြင့် ကားမောင်းသည်။

နွေဦးသည် နောက်တစ်ဖန်Where stories live. Discover now