Chapter (31)

1.1K 129 1
                                    

လူနှစ်ယောက်သည် တစ်မြို့တည်းနေစေကာမူ အလွန်တရာပဲရင်းနှီးခဲ့ပါစေဦး တမင်တကာသာရှောင်နေမည်ဆိုလျှင် တွေ့စရာအကြောင်းမရှိချေ။

သူနဲ့ ကိုကို့လိုပေါ့...

အစပိုင်းတွင် ဆယ်မင်းဆက်သည် ကိုကိုနှင့် တွေ့ခွင့်မရတော့သည့်အတွက် စိတ်ဆင်းရဲ ပင်ပန်းဝမ်းနည်းခဲ့သည်။ နောက်တော့ သူတဖြည်းဖြည်းအမြင်မှန်ရလာတာက ကိုကိုကသူချစ်ရေးဆိုတာကို ယတိပြတ်ငြင်းဆိုလိုက်တာပဲဆိုတာ။ ထိုအရာကလက်ခံဖို့ ပိုပြီးတော့တောင်ခက်ခဲလေသည်။

ကိုကိုက သူ့ကိုတကယ်မချစ်တာပဲ...

ချစ်ဖို့အတွက်သတ္တိမရှိတာလို့ သူ့ကိုယ်သူဖြေသိမ့်နေရင်းဖြင့် ကိုကိုကသူ့ကိုမချစ်ဘူးလို့ပဲ ထင်လာသည်။

နောက်ထပ်မချစ်နိုင်တော့တာ...ဒီစကားက ဆယ်မင်းဆက်အပေါ်မှာလည်း ချွင်းချက်မဟုတ်ခဲ့ပေ။










နှင်းမြူများဝေ့သီနေသော ဆောင်းနံနက်ခင်းများသည် ချမ်းစိမ့်စိမ့်ဖြစ်နေသည်။ သူ့နံဘေးတွင် အနွေးဓာတ်ကလေးမရှိတော့လည်း ကြာလေပြီ။ စိတ်ရှုပ်ထွေးစွာဖြင့် ရောက်ဖြစ်ခဲ့သောအရှေ့ကျုံးဘက်က ထိုင်ခုံများသည် နွေဦး ရင်ကိုအပေါက်ဖြစ်အောင် ဖန်တီးလို့နေသည်။ နွေကာလမှာ အဝါရောင်ပန်းများပွင့်လန်းနေသောအခိုက်အတန့်မှာ နွေဦးဘေးနားမှာရှိနေခဲ့သည့် ပျော်ရွှင်မှုလေး။

လက်လွှတ်လိုက်ဖို့ ဆယ်လေးကို သူကိုယ်တိုင်ဖျောင်းဖျခဲ့ပါသည်။
သတ္တိမရှိသူက ကမ်းလာသောလက်ကို ငြင်းဆန်ပြီးကာမှ ရင်နာနေသည်။ နွေဦးသည် အခုလိုမျိုးရင်နာရမှုကိုပဲ ရွေးချယ်မည်။ သူအခုလိုပင်ပန်းကြီးစွာဖြင့် နာကျင်ရလျှင်တောင် ဤနာကျင်မှုကတော့ဖြင့် ချိုမြိန်ပါ၏။ လှပအေးချမ်းဖွယ်ရာ အမှတ်တရများကျန်ရှိနေပြီး နှစ်လိုဖွယ်ကောင်းသောအခိုက်အတန့်များ တစ်ဘဝလုံးစာအတွက် လုံလောက်ပါသောပျော်ရွှင်မှုများ ကျန်ရှိနေသောကြောင့်ပင်။

ထိုအရာတွေက အဖြစ်အပျက်တွေသက်သက်ပဲ ကျန်ခဲ့ပြီးအတူရှိခဲ့သည့်အချိန်ကာလတွေက တန်ဖိုးမဲ့သွားမည့်စွန့်ပစ်ခံရခြင်း၊ လမ်းခွဲခြင်းတွေထက်စာလျှင် အခုလိုမျိုးဝေးကွာနေရခြင်းက နွေဦးအတွက်ပိုကောင်းသည်။

နွေဦးသည် နောက်တစ်ဖန်Where stories live. Discover now