Chapter (16)

1.4K 157 7
                                    

ပုလဲရောင်ပိုးသား၊ ရွှေဝါရောင်ပိုးဖဲပွင့်များဖြင့် သပ်ရပ်စွာခင်းကျင်းထားသော စားပွဲဝိုင်းတစ်ခုစီတွင် လူခြောက်ယောက်စီကျ ထိုင်ခုံနေရာချထား၏။ စားပွဲဝိုင်းတစ်ခုစီပေါ်တွင် ကုမ္ပဏီနာမည်ကိုထောင်ထားပြီး သူ့နေရာနှင့်သူသတ်မှတ်ပေးထားသည်။ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲ။ ယနေ့ပွဲ၏အဓိက လုပ်ငန်းရှင်များက ဆောက်လုပ်ရေး၊ ဟိုတယ်နှင့်resort လုပ်ငန်းရှင်များဖြစ်သည်။

မာန် ဆောက်လုပ်ရေးကုမ္ပဏီအတွက် ပေးထားသောစားပွဲတွင် ကိုလင်းမာန်နှင့်အတူ နွေဦးတို့ဝန်ထမ်းများသည် ကိုယ့်နေရာတွင်စနစ်တကျထိုင်ကာစင်ပေါ်မှာ ဟောပြောနေသူကိုအာရုံစိုက်ထားကြသည်။ ခန်းမတစ်ခုလုံးကိုမီးရောင်မှိန်မှိန်လေးထွန်းထားပြီး စင်ပေါ်ရှိလူကိုတော့ စလိုက်မီးကိုခမ်းနားစွာ ထွန်းလင်းပေးထားသည်။ စင်ပေါ်မှာစကားပြောနေသောလူသည် ထိတ်ထိတ်ကြဲစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။ ထိုသူ့လက်ထဲရောက်နေသော အဆင့်မြင့်အိမ်ရာစီမံကိန်းသည် လူတိုင်းအားကျစရာ ပရောဂျက်ဖြစ်၏။ နွေဦးသည် ယ‌နေ့ပွဲကို ကိုလင်းမာန်ကြောင့်သာရောက်ရှိရခြင်း ဖြစ်သည်။ နွေဦးသည် စီးပွားရေးလုပ်ငန်းရှင်မဟုတ်၊ ကိုလင်းမာန်လိုမျိုး ရည်ရွယ်ချက်လည်း သူ့တွင်မရှိပေ။ ကိုလင်းမာန်သည် ရန်ကုန်မှာလုပ်သော ယခုပွဲကို တက်ရန်သူတို့အကြီးပိုင်းဝန်ထမ်းတချို့ကို ခရီးစရိိတ်အကုန်ကျခံခေါ်လာသည့်အပြင် ပွဲကျင်းပသောဟိုတယ်မှာပင်တည်းရန်အခန်းခကိုပါ ရက်ရက်ရောရောအကုန်ကျခံပေးထားလေသည်။

နွေဦးသည် စင်ပေါ်ကလူ‌ကို စိတ်မဝင်စားသလို တခြားဝိုင်းမှာရှိနေသည့်သူများကိုလည်း စိတ်မဝင်စားနိုင်။ သူသိလို့လည်း အကျိုးမရှိပေ။ ကိုလင်းမာန်မျက်နှာပွင့်အောင် ဆွေးနွေးရတာက သူ့တာဝန်မဟုတ်ပြန်။

ဤနေရာကို ရောက်နေရခြင်းက သူ့အတွက် အပိုသက်သက်သာဖြစ်သည်။

တစ်နည်းအားဖြင့် ကိုယ့်ဒုက္ခကိုယ်ရှာမိခြင်းလည်း ဖြစ်ပါ၏။

စင်ပေါ်ကလူစကားဆုံးသွားသည်နှင့် သူများတွေနည်းတူ လက်ခုပ်တီးပေးလိုက်သည်။ နွေဦးသည် မျက်နှာချင်းဆိုင်ဝိုင်းမှာရှိနေသည့် ထိုသူ၏နောက်ကျောပြင်ဆီ ထပ်မံအကြည့်ရောက်သွားမိသည်။

နွေဦးသည် နောက်တစ်ဖန်Where stories live. Discover now