Chapter (11)

1.5K 167 10
                                    

ကိုယ်အလေးချိန်(၁၀)ပေါင်‌ခန့်ကျသွားသည်အထိ ကိုယ့်ကိုယ်ကိုယ်နှိပ်စက်ပြီးသည့်အခါ နွေဦးသည်အသိကပ်နိုင်ပြီဖြစ်သည်။ ချောက်ကမ်းပါးအစွန်းမှာ တဲတဲလေးရပ်နေခဲ့တာ ဆယ်မင်းဆက်သာဖမ်းဆွဲမထားခဲ့လျှင် သူမည်မျှထိဒုက္ခရောက်သွားမည် မပြောတတ်။

အမေ့ကို သွားတွေ့သောအခါ အမေသည်နွေဦးမျက်နှာကိုကြည့်၍ မျက်ရည်လည်ရှာသည်။ "အရမ်းပိန်သွားတာပဲ ငါ့သားရယ်" ဟူသောစကားကို မချိသောအသံဖြင့်ဆို၏။ နွေဦးသည် သူ့ကိုယ်သူအတွက် သူ့မိသားစုအတွက် ကိုယ့်ကိုယ်ကိုယ်ထိခိုက်အောင်ထပ်မလုပ်တော့ဟု ကတိပေးလိုက်သည်။

ဆယ်မင်းဆက်သည် ၂၄နာရီအပြည့်သူ့ကိုစောင့်ကြည့်နေ၏။ ရုံးမှာရှိလျှင် နေ့လယ်စာစားချိန်မှန်အောင် ဖုန်းဆက်ပြီးအသိပေးတတ်သည်။ အိမ်ပြန်ရောက်လျှင်လည်း ထိုကောင်လေးရှေ့တွင်ပင် ညနေစာစားရ၏။ တစ်နပ်မှအလွတ်မခံ။ အန်တီမေခင် ဆယ်လေးအပေါ်သုံးသည့်နည်းလမ်း‌များကို နွေဦးအတွက်သုံးနေသလားမှတ်ရသည်။

သောက်လိုက်ရတဲ့ ငှက်သိုက်။ ဆိတ်စွပ်ပြုတ်ဆိုရင် သောက်ရလွန်းလို့သူတော်တော်မုန်းနေပြီ။

နွေဦးသည် သူ့ထက်ဆယ်နှစ်မျှငယ်သော ထိုကောင်လေးကိုကြောက်ရပါသည်။ "ခင်ဗျား ပြောစကားနားမထောင်ဘူးဆို ကျွန်တော့်အဆိုးမဆိုနဲ့" ဟူသည့်ခြိမ်းခြောက်စကားကို တွင်တွင်သုံး၏။
စကားနားမထောင်လျှင် ဘာလုပ်မည်မသိ။မျက်ရည်များဖြိုင်ဖြိုင်ကျကာ ဝမ်းနည်းတကြီးငိုကြွေးနေသော ထိုမျက်နှာလေးကိုပြန်စဥ်းစားမိတိုင်း ဝမ်းနည်းရတာမို့ သူကလန်ကဆန်မလုပ်တော့ခြင်း ဖြစ်သည်။

နွေဦးကိုဂရုစိုက်သည် ဟူသောအကြောင်းပြချက်ဖြင့် ချုပ်ချယ်နေသည့်သူ။

နွေဦး၏ဘဝတွင် အငယ်ရှိခဲ့သည်။ ဓနသိုက်ရှိခဲ့သည်။ ထို့နောက် ဓနသိုက်ပဲ ရှိခဲ့သည်။

ထိုမျှရှည်လျားလှသည့် အချိန်များကို မျက်စိတစ်မှိတ်အတွင်း မေ့ပစ်နိုင်ဖို့ သူသည်အစဥ်သဖြင့် တောင်းတမိနေသည်။

ဘယ်လောက်ပဲ ကိုယ့်ကိုယ်ကိုယ်မညှဥ်းပန်းတော့ဘူးဆိုဆို စိတ်နှလုံးသားက‌ေတာ့အဆင်ပြေမလာ။ တိုက်ဆိုင်သော စာတိုတစ်ကြောင်း၊ သံစဥ်စာသား တစ်ပိုင်းတစ်စနဲ့ပင် မျက်ရည်ကျချင်မိတဲ့အချိန်တွေ...

နွေဦးသည် နောက်တစ်ဖန်Where stories live. Discover now