20 (Final)

700 70 5
                                    

U••

မှန်ထဲမှတစ်ဆင့်မြင့်နေရသော သူ့ပုံသူပြန်ကြည့်ရင်း Akaashi သက်ပြင်းချမိသည်။ ဇီးကွက်ပုံ စတေကာပါသော မိုးပြာရောင် T shirt နှင့် ဂျင်းဘောင်းဘီအဖြူတို့အား တွဲဖက်ဝတ်ဆင်ထားသည့်သူ့ပုံစံက ကလေးကလားဆန်နေမလား Akaashi မပြောတတ်ပါချေ။

Bokuto san က ဘာစိတ်ကူးပေါက်တယ်ရယ်မသိပဲ Couple shirt ဝတ်၍ date လုပ်ချင်ပါသည်ဟုဆိုလာသဖြင့် Akaashi ထိုသို့ဝတ်ထားရခြင်းပင်။ သူ့အကျႌတွင် Baby owl ဟုပါဝင်၍ Bokuto အကျႌတွင်တော့ Daddy Owl တံဆိပ်ပါသည့် ပေါက်ပေါက်ရှာရှာ Couple shirt မျိုး Bokuto မည်သည့်နေရာမှသွားရှာဝယ်ထားသလဲတော့ မသိ။

ပုံမှန်အားဖြင့် Akaashi က သပ်သပ်ရပ်ရပ်လူကြီးဆန်သည့်ပုံစံသာဝတ်တတ်သည်မို့ ယခုပုံစံက အနည်းငယ်တော့နေရခက်လှသည်။ သို့သော်လည်း သူ့ကောင်လေး တောင်းဆိုသည့်အရာမို့ Akaashi မငြင်းနိုင်။ Bokuto san ပျော်သည်ကိုမြင်ရသည်ကသာ သူ့အတွက်အရေးကြီးလှသည်မို့ Akaashi အလိုလိုက်မိပြန်သည်။

"Akaashiii"

သူနှင့်ဆင်တူ မိုးပြာရောင် T shirt ကလေးကိုဝတ်ရင်း အပြေးရောက်လာသော Bokuto အား Akaashi လက်မောင်းနှစ်ဖက်ကိုဖွင့်၍ကြိုဆိုလိုက်သည်။ ထင်သည့်အတိုင်း သူ့ချစ်သူကောင်လေးက Akaashi ကို ပြေးဖက်၍ မ,ပါချီလိုက်သေး၏။

"Akaashi အရမ်းလှ! မွမွ!"

သူလုပ်ချင်တာလုပ်ရ၍ ပျော်နေသော Bokuto တစ်ယောက် Akaashi မျက်နှာတစ်ခုလုံးအား အနမ်းမိုးခြွေနေလေတော့သည်။ မိမိအိမ်ရှေ့၌နမ်းသည်ဟုဆိုသော်လည်း လူမြင်ကွင်းကြီးဖြစ်နေသည်မို့ Akaashi မျက်နှာကအနီရောင်သန်းနေတော့သည်။

ယခုအနေအထားအရ Bokuto က Akaashi ကို မျက်နှာချင်းဆိုင်အနေထားဖြင့်ချီထားလျက် Akaashi လက်က Bokuto လည်တိုင်ကိုချိတ်တွယ်ထားခြင်းပင်။ နှစ်ဦးသား၏ မျက်နှာများကနီးကပ်လျက်ဖြင့် သူ့ကိုပွေ့ချီထားသော Bokuto san ၏ သန်မာလှသည့်လက်မောင်းကြွက်သားများအား Akaashi ပေါင်တံမှတစ်ဆင့်ခံစားမိပေသည်။

"Bokuto san...ကျွန်တော့်ကိုအရင်လွှတ်ပေးဦး"

Akaashi စကားကိုကြားတော့ Bokuto မျက်နှာက စူပုတ်ပုတ်။

••The Owner Of Captain Owl ••حيث تعيش القصص. اكتشف الآن