13

443 65 3
                                    

U••

အောက်ထပ်မှခြေသံများကိုကြားရရုံနှင့် မည်သူရောက်လာသည်မှန်း Kenma တပ်အပ်သိနိုင်ပေသည်။ သို့သော်လည်း ဂိမ်းဆော့နေရာမှ Kuroo ကိုထကြိုရန်အလို့ငှာတော့ သူမအားပါချေ။

အခန်းတံခါးဖွင့်ဝင်လာသည့် Kuroo က Kenma ဘေးတွင်ဝင်ထိုင်ရင်း သူဆော့နေသည့်ဂိမ်းအား တစ်ချက်လှမ်းကြည့်လိုက်သည်။ ကံကောင်းစွာဖြင့် ခဏအတွင်း၌ Kenma ဂိမ်းကပြီးသွား၏။ မဟုတ်လျှင်တော့ ဤလူသားလေးအား ဂိမ်းစက်ကိုချဖို့ Kuroo အာပေါက်အောင်ပြောလျှင်တောင်မဖြစ်နိုင်ပါချေ။

"Ken ken... ငါဘာယူလာလဲကြည့်"

Kuroo စကားကြောင့် Kenma သူ့ဂိမ်းကိုပိတ်ရင်းဖြင့် လှမ်းကြည့်လာ၏။

Kuroo လက်ထဲပွေ့ထားသည်က အနက်ရောင်ကြောင်ပေါက်လေးတစ်ကောင်ဖြစ်၍ Kenma အား တက်တက်ကြွကြွဖြင့်နှုတ်ဆက်နေလေသည်။ ထိုကြောင်က တခြားကြောင်များနှင့်မတူပဲအလွန်တက်ကြွသည့်အမူအရာရှိပုံပင်။

Kenma လက်ဆန့်ပေးလိုက်ရုံနှင့်တင် သူ့ရင်ခွင်ထဲသို့ချက်ချင်းခုန်ဝင်လာ၍ Kenma အားချွဲနေတော့သည်။ ထိုကြောင်ပေါက်ကလေး၏ ပုံစံကိုကြည့်ရင်း Kenma ခပ်တိုးတိုးရယ်မိသည်။

"သူကမင်းနဲ့မတူဘူးလား Kuroo"

Kenma အပိုပြောရခြင်းမဟုတ်ပါချေ။ ဤကြောင်ကလေး၏တစ်ကိုယ်လုံးကနက်မှောင်၍ ခေါင်းမှအမွှေးကလည်း မည်သူညှပ်ထားတယ်ရယ်မသိ Kuroo ဆံပင်နှင့်တစ်ပုံစံတည်းဖြစ်နေ၍ မျက်လုံးအရောင်ကအစ အမူအရာအဆုံး Kuroo နှင့်တစ်ထပ်တည်းကျပေသည်။

ထိုကြောင်ကိုချီ၍ Kuroo ကြောင်ဘဝရောက်သွားပါသည်ဟု လိုက်ပြောလျှင် လူတိုင်းယုံကြလောက်မည်။ သို့သော်လည်း ထိုသို့လုပ်ရန်အတွက်က အရမ်းအားစိုက်ထုတ်ရာကျနေသဖြင့် Kenma အကောင်ထည်မဖော်ဖြစ်ပါချေ။ အကယ်၍သူ့ထံတွင် အနည်းငယ်အင်အားရှိပါက ထိုသို့လုပ်မိလိမ့်မည်ဖြစ်သည်။

ထိုအချိန်၌ Kenma စကားအား Kuroo ကထောက်ခံစွာဖြင့် တဟားဟားရယ်နေလေသည်။

"ဟုတ်တယ်လေ...လမ်းမှာဒီကောင်ကိုတွေ့ရင်း ငါနဲ့တူနေလို့ တစ်ခါထဲခေါ်လာခဲ့တာ"

••The Owner Of Captain Owl ••Wo Geschichten leben. Entdecke jetzt