4

492 80 4
                                    

U••

"Kenma!"

Kenma အမေက အိမ်တွင်မရှိသဖြင့် Kenma အားစောင့်ရှောက်ရန် Kuroo ကိုအကူအညီတောင်းခဲ့၏။ ထို့ကြောင့်လည်း Kuroo တစ်ယောက် အိမ်ပေါ်သို့စီးနင်းဝင်ရောက်၍ Kenma နာမည်ကိုတကြော်ကြော်ခေါ်နေရခြင်းဖြစ်သည်။

"Kenma! မနိုးသေးဘူးလားဟ! Ken Ken ရေ!"

တစ်ဖက်မှပြန်ဖြေသံမကြားရပေ။ Kenma အိပ်နေလောက်မည် ဖြစ်၍ Kuroo ဆက်မခေါ်တော့ပဲ ခြေသံဖွဖွသာနင်း၍ အခန်းထဲဝင်သွားလိုက်၏။

ထင်သည့်အတိုင်း ဂိမ်းစက်ဖွင့်လျက်သားနှင့် စောင်ပုံထဲ၌ခွေခွေလေးအိပ်ပျော်နေသော သူ၏ကြောင်ပေါက်ကလေးအား Kuroo တွေ့လိုက်ရသည်။

အနီးကပ်ကြည့်လိုက်လျှင် Kenma ကကြောင်ပေါက်ကလေးနှင့်ပို၍ပင်တူသေး၏။ ခြေထောက်သေးသေးလေးနှစ်ချောင်းကပူးကပ်လျက်၊ ဘောင်းဘီတိုဝတ်ထားသည်မို့ ပေါင်တံသေးသေးသွယ်သွယ်လေးအား လစ်ဟပြထားကဲ့သို့ဖြစ်နေသည်။

ဘောလုံးလေးကဲ့သို့ ကွေးကွေးလေးဖြစ်နေသည့် ခန္ဓာကိုယ်ပိစိလေးက စောင်ပုံထဲ၌တိုးဝှေ့၍လုံးထွေးနေ၏။ အကျႌပွပွကြောင့် မြင်နေရသောဗိုက်သားလေးကပြားချပ်၍ အလွန်နူးညံ့သည့်အသားရည်လေးကြောင့် ဖိအိပ်ထားသည့်နေရာများတွင် အနီရောင်သန်းနေသည်။

လက်ဖဝါးနီတာရဲလေးနှင့် လက်ချောင်းပိစိလေးများကြား၌ ဂိမ်းစက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ထားသေး၏။

Kenma ၏ထိုပုံစံလေးကြောင့် ဆွဲဖက်၍တရွှတ်ရွှတ်နမ်းပစ်ချင်စိတ်အား Kuroo မနည်းထိန်းထားရသည်။

"ဘယ်သူ့အားကိုးနဲ့ဒီလောက်ချစ်ဖို့ကောင်းနေရတာလဲ ကြောင်ပေါက်ရာ.."

ခပ်တိုးတိုးရေရွတ်လိုက်ပြီးနောက် Kenma ၏ကိုယ်လုံးလေးအား Kuroo ဆွဲပွေ့၍ ကုတင်ပေါ်ကောက်တင်ပေးဖို့ပြင်လိုက်၏။

"Mhm..."

အိပ်ယာပေါ်သို့ချလိုက်သည့်အခိုက်အတန့်၌ပင် Kenma နိုးလာသဖြင့် မျက်လုံးနှစ်ဖက်ကို သူ့လက်ကလေးများဖြင့်ပွတ်ရင်း Kuroo အားစိုက်ကြည့်လာသည်။

ယခုအနေအထားအရ Kuroo ၏လက်တစ်ဖက်က Kenma ခေါင်းအောက်တွင်ရှိ၍ တခြားတစ်ဖက်က ပေါင်တံလေးနှစ်ချောင်း၏အောက်တွင်လိျုသွင်းထားသည်။ အိပ်ယာပေါ်ပက်လက်လေးဖြစ်နေသည့် Kenma အပေါ်တွင် Kuroo ကအုပ်မိုးထား၍ မျက်နှာနှစ်ခုကလဲ အလွန်နီးကပ်လျက်။

••The Owner Of Captain Owl ••Where stories live. Discover now