16

417 60 16
                                    

U••

Shinzen ကျောင်းမှမိဘများလာပို့သော ဖရဲသီးကိုစားရင်း Bokuto နှင့် Akaashi နှစ်ယောက်သားအတူထိုင်နေကြလေသည်။ Akaashi ကအစိတ်သေးလေးတစ်စိတ်သာယူထား၍ Bokuto လက်ထဲတွင်တော့ ဖရဲသီးစိတ်အကြီးကြီးတစ်ခုရှိနေလေ၏။

"Bokuto san ဖြည်းဖြည်းစား..."

Akaashi စကားကို Bokuto ဗလုံးဗထွေးပြန်ဖြေကြားလာသည်။ သို့သော်လည်း ပါးစပ်ထဲ၌ ဖရဲသီးများပြည့်နေသည်မို့ Bokuto ဘာပြောနေမှန်း Akaashi မကြားရပါချေ။

သူချစ်ရသောဇီးကွက်ကလေး၏ ပါးစပ်တွင်ပေကျံနေသည်မို့ Akaaahi လက်ကိုင်ပုဝါကိုထုတ်၍ Bokuto နှုတ်ခမ်းနားတစ်ဝိုက်သို့သုတ်ပေးလိုက်ချေသည်။ ထိုအပြုအမူကြောင့် Bokuto ကသူ့ကိုပြန်ပြုံးပြ၏။ အလွန်ချစ်ဖို့ကောင်းလှသောအပြုံးဖြစ်သည်မို့ Akaashi အသည်းမယားပဲမနေနိုင်ပါချေ။

ထိုသို့ချစ်ဖို့ကောင်းလွန်းလှသဖြင့် သူ့အရှေ့မှ Captain ၏ပါးကို Akaashi အနမ်းဖွဖွခိုး၍ခြွေလိုက်မိလေသည်။ ရုတ်တရပ်အနမ်းခံလိုက်ရသည်မို့ Bokuto ကအံ့သြသွားဟန် မျက်ဝန်းလေးများဝိုင်းစက်လျက်။

Akaashi သည်လည်း သူလုပ်မိသည့်ကိစ္စကိုပြန်တွေးမိ၍ ပါးပြင်တစ်ခုလုံးထူပူသွားတော့သည်။ ပုံမှန်အားဖြင့် Akaashi ကထိုသို့ပွတ်သီးပွတ်သပ်လုပ်တတ်သူမဟုတ်သလို လူအရှေ့၌ထိတွေ့ခြင်းကိုရှောင်ရှားတတ်ချေသည်။

သို့သော်လည်း ယခုအခါတွင်မူ သူကိုယ်တိုင်ပင်မထိန်းလိုက်နိုင်ပဲ Bokuto ကိုခိုး၍နမ်းမိသွားပုံပင်။ ကံကောင်းစွာဖြင့် ဘေးတွင်တခြားသူများရှိမနေချေ။ သူတို့အာရုံနှင့်သူတို့စကားများနေ၍ Akaashi တို့ကလည်း လူမမြင်နိုင်သည့်နေရာရောက်နေ၍သာ တော်သေးသည်ဟုဆိုရမည်။ မဟုတ်လျှင် Akaashi မျက်နှာပူလွန်း၍ နေရာ၌ပင်လဲသေသွားနိုင်၏။

Bokuto ကခေတ္တမျှကြောင်သွားသော်လည်း နောက်ပိုင်း၌အလွန်သဘောကျသွားပုံပေါ်လေသည်။ အပေါ်တွင်ထိုင်နေသည့် Akaashi ကိုမော့ကြည့်ရင်း မျက်လုံးတစ်ချက်မှိတ်ပြလေရဲ့။ သူ့ကိုမြှူဆွယ်၍ထပ်နမ်းစေချင်နေသည့် Bokuto အကြံကိုသိသည်မို့ Akaashi မျက်မှောင်သာကြုံ့ပြလိုက်လေသည်။

••The Owner Of Captain Owl ••Where stories live. Discover now