17

479 63 25
                                    

U••

ရက်သတ္တပတ်ကြာခဲ့သည့် လေ့ကျင့်ရေးစခန်း၌ Fukurodani ကနိုင်ပွဲအများဆုံးရရှိခဲ့သည်။ Bokuto တစ်ယောက်ထိုကိစ္စကိုအပျော်ကြီးပျော်နေသလို နောက်ဆုံးပိတ်အိတ်နှင့်လွယ်၍ကျွေးသော barbecue ကြောင့်လည်း အစွမ်းကုန်တက်ကြွလျက်ရှိပေသည်။

ဟိုတစ်နေ့က လူမိသည့်ကိစ္စကြောင့် Karasuno အသင်းသားများရှေ့၌ Akaashi တစ်ယောက် Bokuto အနားသို့မသွားရဲသေးချေ။ Hinata နှင့်အသားပြိုင်စားနေသော Bokuto ကို အဝေးမှသာလှမ်းကြည့်၍ပြုံးနေပေ၏။

ထိုသုံးယောက်က အစပြန်ဖော်၍တော့မဟုတ်၊ သူ့ဘာသူရှက်၍သာ Akaashi အနေအထိုင်ဆင်ခြင်နေခြင်းဖြစ်သည်။ ပထမနှစ်ကလေးများရှေ့၌ ပေါ်တင်ကြီးကလူမိသောသူ့ကိုယ်သူလည်းနောင်တရ၍မဆုံးချေ။

Akaashi Keiji ဟူသည်က တည်ငြိမ်မှုသရဖူဆောင်း၍ အရာအားလုံးထက်ရင့်ကျက်သည့်အသွင်ကိုဆောင်သောလူတစ်ယောက်။ သို့သော်လည်း Bokuto san နှင့်ထိပ်တိုက်တွေ့လာသည့်အခါမျိုး၌ Akaashi က ကလေးဆန်ဆန်အပြုအမူများကိုပင်မမှုတတ်တော့ချေ။

သူ့အသက်အရွယ်ကိုအားမနာပဲ Bokuto နှင့်အတူ ကလေးပေါက်စစုံတွဲကဲ့သို့ပြုမူတတ်သည်ကို Akaashi မထိန်းနိုင်ပေ။ ထို့ကြောင့်လည်း Bokuto san အားသည်းသည်းလှုပ်ခြင်းမှ ခေတ္တရှောင်ရှားနေရခြင်းဖြစ်သည်။

သူ၏ Captain က နေရာတိုင်း၌ထူးချွန်လှသည်မို့ အသားကင်ပြိုင်ပွဲ၌လည်း ထိပ်ဆုံးကဗိုလ်ဆွဲချေသည်။ ရှိသမျှအသင်းသားအားလုံး၌ သူတစ်ယောက်ထဲအကုန်စားနေသလားဟုပင်အောက်မေ့ရ၏။ Akaashi ကပဲ သူ့တစ်ယောက်ထဲကိုကြည့်နေ၍ထိုသို့မြင်နေသည်လားတော့ မပြောတတ်ပါချေ။

ဟိုဝိုင်းလျှောက်စား ဒီဝိုင်းလျှောက်စားဖြင့် နောက်ဆုံး၌ Bokuto တစ်ယောက် Akaashi တို့ဝိုင်းသို့ရောက်လာလေသည်။ Akaashi တို့ဝိုင်းက သိပ်မစားကြသည်မို့ အသားများစွာပိုနေသေးသည်က Bokuto အကြိုက်ပင်ဖြစ်သည်။

ဗန်းပေါ်မှ Akaashi အသင့်ကင်ပေးထားသည့်အသားများကိုနှိုက်စားရင်း Bokuto အလွန်သဘောကျနေ၏။

"Akaashi ရဲ့အသားကင်ကအကောင်းဆုံးပဲ!"

အသားကင်ကသူအကြိုက်ဆုံးမို့လျှောက်စားနေသော်လည်း Akaashi ကိုယ်တိုင်ကင်ပေးသည့်အရသာက အခြားမည်သည့်အရာနှင့်မှမတူပါချေ။ Bokuto အကြိုက်ဆုံး အသားကင်က သူသဘောအကျရဆုံးကောင်လေး၏လက်နှင့်ထိတွေ့မှသာပို၍အရသာရှိသွားပုံပေါ်၏။

••The Owner Of Captain Owl ••Waar verhalen tot leven komen. Ontdek het nu