2

614 88 3
                                    

U••

"Akaashi...ဟိုမှာ မင်းရည်းစားမင်းကိုလာခေါ်နေပြီ"

သူ၏အတန်းဖော် Hoka အသံကြောင့် လွန်ခဲ့သောနေ့ရက်များအကြောင်းပြန်တွေးနေသည့် Akaashi ၏အတွေးစများပြတ်တောက်သွားရသည်။

Hoka လက်ညှိုးညွှန်ပြသည့်နေရာကို Akaashi ကြည့်မိတော့ ပထမနှစ်အဆောင်ဘက်သို့လျှောက်လာနေသည့် ကျောင်းသားတစ်ယောက်အားတွေ့လိုက်ရ၏။ ထိုသူက Fukurodani ကျောင်းဝတ်စုံဝတ်ထား၍ အရပ်ရှည်ရှည်၊ အဖြူနှင့်အနက်ရောထားသောဆံပင်၊ တက်ကြွသောအမူအရာနှင့် တောက်ပသောအပြုံးတို့အားပိုင်ဆိုင်ထားသည်။

အကြင်သူက Bokuto Koutarou မှလွဲ၍ မည်သူဖြစ်နိုင်ဦးမည်နည်း။

ထိုအတွေးကြောင့် Akaashi ၏မျက်နှာတစ်ခုလုံးအနီရောင်သန်းသွား၍ Hoka စကားအားငြင်းဆိုလိုက်မိသည်။

"Bokuto san က ငါ့ရည်းစားမဟုတ်ပါဘူးကွာ "

ထိုစကားအား Akaashi ပြောလိုက်တိုင်း Hoka ကပြန်မငြင်းသော်လည်း ပြုံးစေ့စေ့မျက်နှာဖြင့်သာကြည့်သွားတတ်၏။ Hoka တစ်ယောက်ထဲမဟုတ်၊ Akaashi ရော Bokuto ၏တစ်ခန်းလုံးပါ သူတို့နှစ်ယောက်အား ရည်းစားဟုသာသတ်မှတ်ထားကြပေသည်။

ပိုဆိုးသည်က ထိုစကားများအား Bokuto ကငြင်းဆိုလေ့မရှိ၊ ရယ်သာရယ်နေတတ်၏။ ထို့ကြောင့်လဲ Akaashi ဘယ်လောက်ငြင်းငြင်း အရာမရောက်ပေ။

လွန်ခဲ့သည့်တစ်နှစ်က Bokuto san ကစားသည့်ပုံစံကိုမြင်၍ Fukurodani ကျောင်းကိုသာတက်ရန် Akaashi ရွေးချယ်ခဲ့သည်။ ထို့ကြောင့်လည်း ယခုကဲ့သို့ Bokuto san နှင့်တွေ့၍ သူငယ်ချင်းမကျတကျဆက်ဆံရေးမျိူးရရှိနေခြင်းဖြစ်၏။

Volleyball club သို့ Akaashi ရောက်ကာစအချိန်ကပင် Bokuto san ကသူ့အနားရောက်လာခဲ့ခြင်းဖြစ်သည်။ သူ့ idol နှင့်ခင်မင်ဖို့ များများစားစားပင်အားမထုတ်လိုက်ရပဲ Bokuto san ကိုယ်တိုင်က Akaashi အနားတွင်သာကပ်နေတတ်၏။

မနက်ပိုင်းကျောင်းတက်ရန် Bokuto san အိမ်သို့ Akaashi ကိုယ်တိုင်သွားခေါ်ရသည်။ Bokuto san ကိုနှိုး၍ အဆင်သင့်ဖြစ်လျှင် Bokuto ကစက်ဘီးနင်း၍အနောက်မှ Akaashi ကလိုက်ကာ ကျောင်းသို့အတူသွားကြ၏။

••The Owner Of Captain Owl ••Where stories live. Discover now