15

423 60 4
                                    

U••

"Kurooooo"

"Bokutooooo"

"Bro!"

"Bro!"

တစ်ယောက်နှင့်တစ်ယောက်တင်းတင်းကြပ်ကြပ်ဖက်ရင်း အလွမ်းသယ်မဆုံးနိုင်ကြသော Kuroo နှင့် Bokuto ကိုကြည့်၍ Kenma မျက်ဆံလှန်ပြသည်။ ထို့နောက် ပြုံး၍သာကြည့်နေသော Akaashi အနားသို့လျှောက်လာသည့်မျက်နှာထားက စူပုတ်ပုတ်။

"Kuroo ကတဖြည်းဖြည်း မင်းရည်းစားရဲ့ရည်းစားဖြစ်တော့မယ်နော်"

Kenma အပြောကြောင့် Akaashi ရယ်သည်။

"တစ်ယောက်ယောက်ကတော့သဝန်တိုနေပြီ"

Akaashi ၏ စနောက်သည့်စကားကြောင့် Kenma တစ်ယောက် ခပ်ဝေးဝေးတွင်ရှိနေသော Kuroo ကိုသာမျက်ထောင့်နီဖြင့်လှမ်းကြည့်မိလေသည်။ Kenma သဝန်တိုသည်ကလည်းအမှားတော့မဟုတ်ပေ။ ဤနှစ်ယောက်သားက တစ်နေ့တစ်နေ့ message ပို့မဆုံး၊ တွေ့လျှင်လည်းအလွမ်းသယ်မဆုံးဖြစ်နေသည်က အလွန်မသင်္ကာစရာကောင်းလှသည်။

Akaashi အတွက်ကျတော့ Bokuto ကသူ့ချစ်သူဖြစ်နေပြီးသည်မို့ စိတ်ချယုံကြည်နိုင်သည်ကမဆန်းလှ။ သို့သော်လည်း Kenma အတွက်တော့မတူချေ။ Kuroo က မည်သူ့ကိုကြိုက်သည်ရယ်မသိ၊ မည်သူနှင့်တွဲချင်သည်ရယ်မသိနှင့် သူ့ခမျာမပိုင်ပဲဥစ္စာလိုက်ရူးနေရသည့်ဘဝဖြစ်သည်။

အကယ်၍ Kenma ဖွင့်မပြောခင် Bokuto နှင့်သာညားသွားပါကပွဲသိမ်းသွားပေလိမ့်မည်။ ထိုသို့ညားနိုင်ချေလည်း 90 ရာခိုင်နှုန်းနှင့်အထက်ရှိကြောင်း Kenma သိနေ၏။ အရင်တစ်ခေါက် လေ့ကျင့်ရေးတုန်းက Fukurodani နှင့် Nekoma နေရာခွဲပေးထားပါရက်နှင့် Bokuto ဆီသွားအိပ်သော Kuroo အကြောင်းကိုမတွေးပဲမနေနိုင်ပါချေ။

မနက်မိုးလင်းသည့်အခါ၌ Bokuto က Kuroo ရင်ခွင်ထဲ ရောက်၍ အေးအေးချမ်းဖက်အိပ်နေကြသောထိုနှစ်ယောက်၏ပုံများက အတော်လေးပျံ့သွားခဲ့သေးသည်။

"မင်းစိတ်မချရင်တစ်ခါထဲအပိုင်သိမ်းထားလိုက်တော့ပေါ့"

သူ့ပခုံးကိုပုတ်ရင်း ဖွင့်ပြောရန်တိုက်တွန်းလာပြန်သည့် Akaashi စကားအား Kenma မသိချင်ယောင်သာဆောင်နေလိုက်သည်။ ဖွင့်ပြောဖို့ရန်က သူ့အတွက်ထင်သလောက်မလွယ်သေးချေ။ ကံကောင်းစွာဖြင့် Karasuno ကားရောက်လာသည်မို့ Shoyo ကိုသွားကြိုမည်ပြော၍ Kenma လစ်ထွက်လာခဲ့တော့သည်။

••The Owner Of Captain Owl ••Where stories live. Discover now