11

435 62 18
                                    

U••

Bokuto အား တစ်ညလုံးအဆက်သွယ်မရသည်မို့ Akaashi စိတ်ရှုပ်ရှုပ်ဖြင့်သာ ကျောင်းသို့လာခဲ့ရသည်။
မနက်ပိုင်းလာကြိုနေကြ Bokuto ကသူ့အား လာမကြိုပါချေ။ ကျောင်းရောက်လျှင်တော့ Bokuto san နှင့်တွေ့၍စကားပြောဖြစ်ဖို့မျှော်လင့်ပါ၏။

သို့သော်လည်း သူခန့်မှန်းထားသည့်အတိုင်း Bokuto san ကဒီနေ့လည်း Akaashi အားထပ်မံရှောင်နေပြန်သည်။ Akaashi ကိုယ်တိုင် တတိယနှစ်အဆောင်သို့ရောက်လာမည်ကို ကြိုသိနေ၍လားမသိ၊ နေ့လည်ထမင်းစားချိန်ကတည်းက အိမ်သို့ပြန်သွားသည်ဟုဆို၏။ ပြသနာကထိုနေ့တွင် ညနေပိုင်းလေ့ကျင့်ရေးမရှိသည်မို့ ပိုဆိုးသည်။

"တကယ်လို့ Bokuto san ပြန်လာတယ်ဆိုရင်ကျွန်တော့်ကိုတစ်ချက်လောက်ဆက်သွယ်ပေးလို့ရမလား senpai"

Bokuto ဘေးတွင်ထိုင်သည့် စီနီယာတစ်ယောက်အား Akaashi တောင်းဆိုလိုက်၏။ ထိုစီနီယာက Akaashi နှင့် Bokuto အား ခဏခဏစတတ်သည့်တစ်ယောက်ပေမို့ ထိုအကူအညီလောက်ကတော့ မပြောပလောက်ပါချေ။ ခေါင်းတဆတ်ဆတ်ငြိမ့်၍လက်ခံလိုက်ပြီးနောက် ထိုသူကသက်ပြင်းတစ်ချက်ချ၏။

"မင်းနဲ့ Bokuto နဲ့ရန်ဖြစ်ထားတာတော့မဟုတ်ဘူးမလား"

Akaashi ခေါင်းသာခါသည်။

"အဲ့လိုမဟုတ်ပါဘူး senpai...ဘာဖြစ်လို့လဲ?"

သူတို့စကားပြောနေသည့်အချိန်၌ အခြားကောင်မလေးတစ်ယောက်လည်း အခန်းထဲမှထွက်လာသည်နှင့်ကြုံသွား၏။ ထိုကောင်မလေးက Akaashi ကိုတစ်ချက်ကြည့်ပြီးနောက် ရယ်ရင်းဆိုလာသည်။

"မောင်လေး Bokuto ကိုလာရှာတာလား"

Akaashi ခေါင်းငြိမ့်မိ၏။ ထိုစီနီယာအစ်မကိုသူမသိသော်လည်း Bokuto အခန်းထဲမှတစ်ယောက်ယောက်ဖြစ်သည်ကသေချာသည်။ သူမ၏အဝါရောင်ဆံပင်များက အနည်းငယ်ကောက်ထားပြီး ထိုဆံပင်များအားလက်ချောင်းများဖြင့်ဆော့ကစားရင်းရယ်ရယ်မောမောဆိုလာလေ၏။

"သူက Misuki နဲ့ထွက်သွားတာလေ... အခုလောက်ဆို date ဖို့တောင်ပြောပြီးနေလောက်ပြီ အဟိဟိ"

Misuki ဟူသည့်နာမည်အား Akaashi ရင်းရင်းနှီးနှီးကြားဖူးနေသည်။ ထိုတစ်ယောက်က Bokuto ၏ locker ထဲ၌ ရည်းစားစာများ ခဏခဏချန်ထားခဲ့သည့်တစ်ယောက်ဖြစ်လောက်၏။ Bokuto နှင့်ပက်သက်လျှင် Akaashi မမှတ်မိသည့်ကိစ္စရပ်မျိုးအလွန်နည်းလှသည်မို့ ထိုနာမည်အားသူအမှတ်အမှားနိုင်လောက်ပါချေ။

••The Owner Of Captain Owl ••Wo Geschichten leben. Entdecke jetzt