6

467 77 10
                                    

U••

စောစောပြန်လာလိုက်သည်ကရွေးချယ်မှုကောင်းတစ်ခုဖြစ်သွားသည်ဟုဆိုရမည်။ Bokuto နှင့် Akaashi အိမ်ထဲရောက်ရောက်ချင်း၌ပင် အပြင်တွင်မိုးရွာချတော့၏။ ကံကောင်းစွာဖြင့်နှစ်ယောက်သား မိုးတော့မမိလိုက်ချေ။

အပြင်တွင်ခပ်ဖွဲဖွဲသာရွာနေသောမိုးကိုတစ်ချက်လှမ်းကြည့်လိုက်ရင်း Akaashi စာအုပ်ကိုပိတ်လိုက်၏။ ထို့နောက် သူ့ပေါင်ပေါ်တွင်ခေါင်းအုံး၍ ဖုန်းသုံးနေသော Bokuto ၏ ငွေရောင်ဆံပင်များအား လက်ဖြင့်ထိုးဖွ၍အသာပွတ်တော့ အနှီသူက ခွေးပေါက်လေးကဲ့သို့ဇိမ်ခံနေလေ၏။

"မိုးပါးသွားပြီ... အိမ်ပြန်တော့မလား Bokuto san"

Akaashi အမေးကြောင့် Bokuto ကဖုန်းကိုလက်ထဲမှချလိုက်ရင်း သူ့အားမော့ကြည့်လာသည်။

"Akaashi ကပြန်စေချင်လို့လား?"

Bokuto ၏ puppy မျက်လုံးလေးများအား Akaashi ခံနိုင်ရည်မရှိပါချေ။ ထိုလူလည်လေးအား ခေါင်းသာခါပြလိုက်ရင်း ငွေရောင်ဆံပင်များအားထပ်၍ပွတ်သပ်ပေးမိ၏။

"မပြန်လဲရတာပဲ... အိမ်မှာ Bokuto san အင်္ကျီတွေကျန်သေးတယ်"

တစ်ခါတစ်လေ Bokuto က Akaashi အိမ်၌ညအိပ်နေတတ်သည်မို့ သိပ်အထူးအဆန်းတော့မဟုတ်ပါချေ။ ထို့နောက် ခွင့်ပြုချက်ရသွားသည့် Bokuto ကအူမြူးစွာဖြင့် ဖုန်းဆက်ပွတ်နေလေ၏။

"Bokuto san... ဘယ်သူနဲ့စကားပြောနေတာလဲ"

ဖုန်းကြည့်နေရင်း Bokuto တစ်ချက်တစ်ချက်ပြုံးသွားသည်ကိုမြင်ရသည်မို့ Akaashi မေးလိုက်ရခြင်းဖြစ်သည်။ သဝန်တိုသလားဆိုရင်တော့ ဟုတ်သည်ဟုသာ Akaashi ဝန်ခံရပေမည်။ တခြားတစ်စုံတစ်ယောက်နှင့် စကားပြောရင်း Bokuto ပြုံးနေသည်ကသူ့အတွက်စိုးရိမ်မှုကိုလဲပေးသေး၏။

သူဖွင့်မပြောရသေးခင် Bokuto san တခြားကောင်မလေးတစ်ယောက်ရသွားမည်ကို Akaashi မရင်ဆိုင်ချင်ပါချေ။

"Kuroo လေ... ဘာဖြစ်လို့လဲ Akaashi?"

Bokuto ၏ကျပ်မပြည့်သွေးသောက်ညီနောင်နာမည်ကိုကြားရသည်နှင့် Akaashi ရင်ထဲမှအလုံးကြီးလျှောကျသွားတော့၏။ Kuroo ဖြစ်နေသ၍ Bokuto ပြုံးပြုံးရယ်ရယ်အဆင်ပြေသည်။

••The Owner Of Captain Owl ••Where stories live. Discover now