14

477 55 10
                                    

U••

အထင်လွဲသည့်ကိစ္စများအားဖြေရှင်းပြီးပြီဖြစ်၍ Bokuto နှင့် Akaashi တို့နှစ်ယောက် တရားဝင်အတွဲများဖြစ်လာကြသည်မှာ အတော်ကြာခဲ့ပေပြီ။

ထိုနေ့ကသက်သက်မဲ့ဖုန်းမကိုင်ခြင်းမဟုတ်ပဲ စိတ်ကောက်နေသဖြင့်ဖုန်းမဖွင့်မိကြောင်းနှင့် နောက်နေ့ကျအိမ်တွင်ဖုန်းမေ့ကျန်ခဲ့ကြောင်း Bokuto အထပ်ထပ်ရှင်းပြပြီးကာမှ Akaashi လက်ခံပေးလိုက်လေသည်။

သို့သော်လည်း ထိုကိစ္စကြောင့်နှင့်တော့ Bokuto အား လွယ်လွယ်ခွင့်မလွှတ်ပါချေ။ နောက်ဘယ်တော့မှ ရှောင်မနေတော့ပါဘူးဟု ကတိအထပ်ထပ်ပေးခိုင်း၍ ထိုနေ့မှစ၍သုံးရက်တိတိ Akaashi အိမ်တွင်သာအိပ်ခိုင်းပြီးမှသာ Bokuto တစ်ယောက်ခွင့်လွှတ်မှုကိုရလေသည်။

သို့သော်လည်း ထိုအပြစ်ပေးနည်းမျိုးက Bokuto အကြိုက်ဖြစ်နေသည်ကခက်သည်။ Akaashi နှင့်မခွဲမခွာပဲသုံးရက်လုံးပူးကပ်နေရသည်က သူ့အတွက်မကောင်းသည့်အရာရှိမနေပါချေ။

တရားဝင်ချစ်သူများဖြစ်လာခဲ့သော်လည်း သူတို့နှစ်ယောက်၏နေပုံထိုင်ပုံက အရင်ကတည်းက ချစ်သူရည်းစားများကဲ့သို့ဖြစ်နေသဖြင့် သိပ်တော့မကွာလှပေ။ အဆင့်တက်လာသည်က နှုတ်ခမ်းကိုပေါ်တင်နမ်းပိုင်ခွင့်ရှိလာ၍ Akaashi က သူ့ကောင်လေးဖြစ်ကြောင်း Bokuto နေရာတကာ၌ပတ်ကြွားနေခြင်းနှစ်ခုသာရှိသည်။

ထိုနှစ်ယောက်ပြန်အဆင်ပြေသွားမှသာ Volleyball အသင်းလည်း သက်ပြင်းချနိုင်တော့သည်။ မဟုတ်လျှင် သူတို့လည်း စိတ်ဖြောင့်ဖြောင့်နှင့်လေ့ကျင့်နိုင်မည်မဟုတ်ပါချေ။

ထိုနေ့က ဒေါသတကြီးစတိုခန်းထဲဝင်သွားကြသောနှစ်ယောက်သားကြောင့် သူတို့သော့ဖွင့်ဖို့ကြိုးစားကြသေးသည်။ အထဲမှဘာသံမှမကြားရသော်လည်း ထိုးကြိတ်နေကြ၍ အရှိန်လွန်သွားမည်ကိုစိုးရိမ်သဖြင့် နည်းပြခမျာခေါင်းမီးတောက်သွားရသေးသည်။

သို့သော်လည်းသိပ်မကြာခင်၌ပင် နှစ်ယောက်သားက လက်ကိုင်၍ပြန်ထွက်လာကြလေသည်။ မျက်ဝန်းများကငိုထားသဖြင့်နီရဲနေသော်လည်း နှုတ်ခမ်းထက်၌ အပြုံးကိုယ်စီဖြင့်။ ထိုမြင်ကွင်းကြောင့် အပြင်ကလူများပင်ကြောင်သွားရသေးသည်။ ကံကောင်းစွာဖြင့်ဤနှစ်ယောက် တရားဝင်အတွဲဖြစ်သည့်အကြောင်းဆိုလာ၍သာ အကုန်လုံးသက်ပြင်းချနိုင်ကြတော့သည်။

••The Owner Of Captain Owl ••Where stories live. Discover now