5

516 79 5
                                    

U••

အသားကင်များညှပ်ပေးနေသည့် Akaashi ရှေ့တွင် Bokuto တစ်ယောက် ခေါင်းလေးတယိမ်းယိမ်းဖြင့် အူမြူးနေသည်။ ထိုပုံစံလေးကိုကြည့်ရင်း Akaashi ပါမနေနိုင်ပဲလိုက်ပြုံးမိသေး၏။

"Bokuto san အဲ့လောက်တောင်ပျော်နေတာလား"

Akaashi အမေးကြောင့် Bokuto ကခေါင်းတဆတ်ဆတ်ငြိမ့်ပြသည်။

"ပျော်တာပေါ့...! ဒီနေ့ အသားကင်ဆိုင်လဲဖွင့်တယ် Akaashi နဲ့အတူလဲစားရတယ်... ပိတ်ရက်မှာ Akaashi နဲ့နေရတာ အကောင်းဆုံးပဲ!"

တက်တက်ကြွကြွဆိုလာသည့် Bokuto စကားကြောင့် Akaashi ထံမှရယ်သံသဲ့သဲ့လေးထွက်လာ၏။

Bokuto san ပျော်နေသည်ကိုမြင်ရရုံနှင့်တင် Akaashi အတွက်ပြီးပြည့်စုံနေပြီဖြစ်သည်။ အခြားမည်သည့်အရာမှမလိုတော့ပေ။ သူဆိုသည့်ဖြစ်တည်မှုက Bokuto Koutarou ၏အပြုံးများကိုဖန်တီးနိုင်ရန်ဟုသာ သတ်မှတ်ထားပေ၏။

ပါးလေးနှစ်ဖက်ဖောင်းသည်အထိ အသားကင်ပလုတ်ပလောင်းစားနေသော Bokuto san အား Akaashi မေးထောက်၍သာထိုင်ကြည့်နေသည်။ သူစားလို့ဝပြီဖြစ်သလို အသားကင်ကိုလဲအလွန်ကြိုက်သည့်အထဲမပါပါချေ။

ထို့ကြောင့် Bokuto san စားနေသည်ကိုသာထိုင်ကြည့်နေရင်း ရေကအစအဆင်သင့်ယူပေးနေ၏။

"ဒါစားပြီးရင် ဖိနပ်သွားဝယ်ကြမယ်နော် Akaashi"

Bokuto စကားအား Akaashi ပြုံးရင်း ခေါင်းသာငြိမ့်ပြသည်။ ထို့နောက် တစ်ရှုးတစ်ခုကိုဆွဲယူရင်း သူ့ရှေ့တွင်ထိုင်နေသည့် စီနီယာပေါက်စလေး၏ နှုတ်ခမ်းတွင်ပေနေသောအဆီများကိုသုတ်ပေးလိုက်၏။ ထိုအပြုအမူကြောင့် Bokuto ၏မျက်နှာတစ်ခုလုံးနီရဲသွားသည်ကို Akaashi တွေ့လိုက်ရသည်။

"Bokuto san... ဘာဖြစ်လို့လဲ? မျက်နှာကြီးနီနေတယ်"

Akaashi အမေးကြောင့် Bokuto ချောင်းတစ်ချက်ဟန့်ရင်း တစ်ဖက်သို့အကြည့်လွှဲသွား၏။

"ဘာ.. ဘာမှမဖြစ်ပါဘူး အသားကင်ကစပ်လို့"

၁၅ဗန်းလောက်ကုန်အောင်စားပြီးကာမှ ရုတ်တရပ်ကြီးထစပ်ရသော သောက်ကျိုးနည်းအသားကင်ကြီးအား Akaashi မီးဝင်းဝင်းတောက်သောမျက်ဝန်းများဖြင့် တစ်ချက်စိုက်ကြည့်လိုက်မိသည်။

••The Owner Of Captain Owl ••Where stories live. Discover now