9

430 69 16
                                    

U••

Akaashi ၏အေးချမ်းလှသော အိပ်စက်ခြင်းက Bokuto ထံမှ message ပေါင်းတစ်သိန်းခြောက်သောင်းနှင့် ဆူဆူညံညံ noti များ၏ ဖျက်ဆီးခြင်းခံလိုက်ရလေသည်။

အိပ်ချင်မူးတူးဖြင့် Akaashi ငုတ်တုတ်ထထိုင်လိုက်ရင်း ဘေးမှဖုန်းကိုဆွဲယူ၍ ကြည့်လိုက်မိ၏။

From Bokuto -

- Agaashi နိုးပြီလား
- မနိုးသေးဘူးလား
- အိပ်နေတုန်းလား
- Akaaashiiii
- Agaashi
- Kaashi

From Akaashi -

- 'Akaashi' ပါ Bokuto san...
- နိုးပါပြီ

သူ့နာမည်အား မျိုးစုံလုပ်ခေါ်နေသောကြောင့် Akaashi မျက်လုံးနှစ်ဖက်ကိုပွတ်ရင်း အမှန်ပြန်ပြင်ပေးလိုက်၏။ ထိုသို့ပို့ပြီးချက်ချင်း၌ပင် Bokuto ထံမှ ဖုန်းဝင်လာတော့သည်။ Akaashi ဖုန်းကိုင်လိုက်သည်နှင့်တစ်ပြိုင်နက် တစ်ဖက်မှ အော်သံစူးစူးအား ကြားလိုက်ရလေ၏။

"Akaashi!"

နားအူသွားသဖြင့် Akaashi ဖုန်းကိုတစ်ဖက်သို့ခွာလိုက်ရသည်။ အချိန်အားဖြင့် မနက် ၄ နာရီသာရှိသေး၏။ သာမာန်လူတိုင်းအိပ်နေသည့်အချိန် အနားယူရန်အသင့်တော်ဆုံးအခိုက်အတန့်ဟုဆို၍ရနိုင်၏။ ဤအချိန်ကြီး၌ ထိုသို့တက်ကြွနေလောက်သည်အထိ Bokuto ဘာဆေးတွေများစားထားသလဲ သူသိချင်မိပါသေးသည်။

"ဘာဖြစ်လို့လဲ Bokuto san"

Akaashi တစ်ချက်သမ်းဝေလိုက်ရင်း ဖုန်းကိုင်လျက်ဖြင့် အိပ်ယာထဲမှထွက်လာခဲ့တော့၏။

"Akaashi! ကျောင်းသွားကြမယ်လေ ဘာလို့မထသေးတာလဲ... Akaashi အိပ်ပုတ်!"

တစ်ဖက်မှ Bokuto ၏ဆောင့်ဆောင့်အောင့်အောင့်အသံကြောင့် သူ၏ဇီးကွက်ပေါက်စလေး စူပုတ်နေပြီမှန်း Akaashi ရိပ်မိလိုက်ပါသည်။

ယနေ့သည်ကား Akaashi အထက်တန်း ဒုတိယနှစ်အတွက် ပထမဆုံးကျောင်းတက်ရက်ဖြစ်နေ၏။ အားလုံး၏သဘောတူညီချက်ဖြင့် ယခုတတိယနှစ်များကြား၌ Bokuto san က Captain ဖြစ်လာ၍ Akaashi က Vice Captain အဖြစ်တာဝန်ယူထားရသည်။

ပထဆုံးကျောင်းတက်ရက်၌ ဒီနှစ်မှရောက်သည့်အသင်းသားအသစ်များလည်းရောက်လာလိမ့်မည်ဖြစ်၍ အသင်းအသစ်အားစတင်ဖွဲ့စည်းရတော့မည်ဟု ဆို၍ရနိုင်သည်။ ထို့ကြောင့်လည်း Bokuto တက်ကြွနေသည်မှာအဆန်းမဟုတ်ပါချေ။

••The Owner Of Captain Owl ••Where stories live. Discover now