7

479 69 8
                                    

U••

သူ့ရင်ခွင်ထဲတစ်ခုခုတိုးဝင်လာသည်ကိုခံစားရသည်မို့ Akaashi နိုးလာခဲ့၏။ အချိန်အားဖြင့် မနက် ၂ နာရီလောက်သာရှိသေး၍ အပြင်တွင်မိုးသည်းထန်စွာရွာလျက် လျှပ်စီးများပင်တဖြတ်ဖြတ်လက်နေသည်။

သူညက Bokuto san အိပ်ပျော်ပြီး ခဏအကြာ၌ စာအုပ်သိမ်း၍အိပ်လိုက်သည်ကိုမှတ်မိသေး၏။ မိုးအေးသည်မို့ Bokuto san ကိုစောင်ခြုံပေးသော်လည်း ထိုဇီးကွက်ကလေးက ခဏခဏစောင်ကိုကန်ချပစ်သည်။ မတတ်သာသည့်အဆုံး Akaashi ခြုံထားသည့်စောင်နှင့်သာနှစ်ယောက်အတူခြုံ၍ Bokuto san ကိုလှုပ်မရအောင်ဖက်ထားလိုက်ကာမှသာ ငြိမ်သွားတော့၏။

သူငုံ့ကြည့်လိုက်သည့်အခါ စောင်အောက်မှ Bokuto san က Akaashi ရင်ခွင်ထဲရောက်နေသည်ကိုမြင်ရသည်။ သူ့ရင်ခွင်ထဲသို့တွင်းတူးသကဲ့သို့ တစိမ့်စိမ့်တိုးဝင်လာသည့် Bokuto ၏ခန္ဓာကိုယ်က တဆတ်ဆတ်တုန်ယင်နေ၏။

"Bokuto san?"

Akaashi ခေါ်သံကြောင့် Bokuto က ခေါင်းမော့ကြည့်လာသည်။ သူ့မျက်ဝန်းလေးများကအရည်လဲ့နေပြီး ကြောက်ရွံ့နေသည့်ခွေးပေါက်လေးတစ်ကောင်နှင့်တူနေ၏။
Akaashi လက်ကအလိုအလျောက် Bokuto ခေါင်းလေးအားအသာပွတ်ပေးမိတော့သည်။

"Akaashi ငါ့ကြောင့်နိုးသွားတာလား?"

Bokuto စကားကြောင့် Akaashi ခေါင်းခါ၏။

"ရပါတယ်... Bokuto san အဆင်ပြေရဲ့လား? တစ်ကိုယ်လုံးတုန်နေသလိုပဲ..."

Bokuto ကသူ့မျက်နှာအား Akaashi ရင်ခွင်ထဲသို့နှစ်၍ ပုန်းအောင်းနေသည်။ ထိုပုံစံကြောင့် Akaashi အိပ်ချင်စိတ်တစ်စက်ပင်မကျန်တော့အောင် ပျောက်သွား၏။ အကြောင်းအရင်းကိုသေချာမသိသော်လည်း Bokuto san အတွက်သူ့ရင်ခွင်အားပိုကျယ်ကျယ်ဖွင့်ထားလိုက်မိပေသည်။

"ငါ...မိုးခြိမ်းသံကိုကြောက်တယ်.."

ပြောရင်းနှင့် Bokuto ခန္ဓာကိုယ်လေးပို၍ကွေးသွားသည်မို့ Akaashi မျက်ခုံးတစ်ဖက်အနည်းငယ်ပင့်သွားရ၏။ Bokuto အကြောင်းသူမည်မျှသိသည်ပြောပြော ဤလူသားနှင့်အတူရှိရသည်က တစ်နှစ်ကာလသာရှိသေးသည်။ ထို့ကြောင့်လည်း Bokuto san မိုးခြိမ်းသံကိုကြောက်ကြောင်း သူမသိခဲ့ပါချေ။

••The Owner Of Captain Owl ••Where stories live. Discover now