18

419 54 38
                                    

U••

Truth or dare ကစားခဲ့သည့်အချိန်က Kenma စကားများအား Kuroo တစ်စက်မှဘဝင်မကျသေးချေ။ ထိုအချိန်ကလူအများနှင့်မို့ ထုတ်မမေးဖြစ်ခဲ့သော်လည်း Kuroo ယခုထိစိတ်ရှုပ်နေဆဲ။

Kenma ကတစ်စုံတစ်ယောက်ကိုကြိုက်နေသည်တဲ့။ မဖြစ်နိုင်ပါချေ။ သူငယ်ငယ်ကတည်းက Kenma ကိုတစ်ချိန်လုံးငေးကြည့်လာခဲ့သည်မို့ ထိုလူသားလေးက ဂိမ်းစက်မှလွဲ၍ တခြားတစ်ယောက်ဆီသို့ အကြည့်လွှဲပေးခြင်းမရှိမှန်း Kuroo အသိဆုံးသာဖြစ်သည်။

သို့သော်လည်း Kuroo ကိုယ့်ကိုကိုယ်အထင်ကြီးမိခဲ့ရုံသက်သက်ဖြစ်၍ Kenma ထံ၌ သူ့အပေါ်ဖုံးကွယ်ထားသော လျို့ဝှက်ချက်များစွာ ရှိနေသေးပုံပင်။ Kenma ကိုယ်တိုင် တစ်စုံတစ်ယောက်ကိုသဘောကျကြောင်း ဝန်ခံလာသည်မို့ သူလက်မခံချင်လည်း လက်ခံရတော့မည်။

သို့သော်လည်း Kuroo သိချင်ပါသေးသည်။ မည်သို့သောသူကများ သူပိုင်သည့်ကြောင်ပေါက်ကလေး၏ အာရုံကိုဖမ်းစားသွားရသနည်း။

Kuroo ခန့်မှန်းမိသလောက် လူရေကြည့်ရလျှင် Kenma စိတ်ဝင်စားနိုင်သည့်သူက များများစားစားမရှိပါချေ။ ထိုသို့ Kenma စိတ်ဝင်စားနိုင်ချေရှိသောသူများ List တွင် Karasuno မှအသေးလေးက ထိပ်ဆုံးကပါသည်။

Kuroo အတွေးများက တစ်ကိုယ်ကောင်းဆန်ချင်ဆန်နေပေလိမ့်မည်။ သို့သော်လည်း သေချာသည်က သူ Kenma ကိုမည်သည့်နည်းနှင့်မျှ လက်လွှတ်ခံမည်မဟုတ်ပေ။

Kenma နှင့်အတူနှစ်ပေါင်းများစွာရှိလာသည်က သူသာဖြစ်၍ Kenma အကြောင်း အသေးအဖွဲကအစ အကုန်မှတ်မိသူက သူသာဖြစ်သည်။ ထို့ကြောင့်လည်း Kenma အတွက် အကောင်းဆုံးလက်တွဲဖော်ဟုဆိုလာလျှင် သူ၊ Kuroo Tetsuro မှလွဲ၍ တခြားတစ်ယောက်မရှိနိုင်ပါချေ။

သူ့ထက် Kenma အကြောင်းမည်သူကပိုသိနိုင်သနည်း။

သူဂရုစိုက်သလောက် Kenma အပေါ် မည်သူကပိုဂရုစိုက်နိုင်မည်နည်း။

Kenma ကို သူချစ်သလောက် မည်သူကချစ်နိုင်မည်နည်း။

ထိုသို့သောသူ ထွက်ပေါ်လာခဲ့လျှင်တော့ Kuroo အလျှော့ပေးကောင်းပေးနိုင်လိမ့်မည်။ သို့သော်လည်း သာမာန်လူတစ်ယောက်က သာမာန်အလေးထားမှုမျိုးနှင့် Kenma ကို သူ့ဆီမှလုယူချင်လျှင်တော့ Kuroo မည်သူ့မျက်နှာမှထောက်မည်မဟုတ်။

••The Owner Of Captain Owl ••Where stories live. Discover now