3

571 78 6
                                    

U••

ကံမကောင်းစွာဖြင့် Bokuto ခေါ်လာသည့်ဆိုင်က သူတို့ရောက်သည့်အခါ ပိတ်ပြီးနေပြီဖြစ်သည်။

သော့ခတ်ထားသောဆိုင်တံခါးကိုကြည့်ရင်း Bokuto က စိတ်ပျက်လက်ပျက်ဖြင့်သက်ပြင်းချ၏။

Bokuto မျက်နှာပျက်လျှင်မနေနိုင်သော Akaashi ကသာဝင်ပြောပေးရတော့သည်။

"ဒီနေ့ပိတ်သွားလဲနောက်နေ့စားလို့ရပါသေးတယ် Bokuto san...နောက်နေ့ကျပိုစောစောသွားကြည့်ပါလား"

Bokuto ၏မျက်နှာလေးက ညှိုးငယ်လျက်။ လိုချင်တာမရသည့်ကလေးပေါက်လေးကဲ့သို့ အားမရှိသည့်လေသံလေးဖြင့် Akaashi ကိုပြောလာသည်။

"ဒါမဲ့...ဒါမဲ့... ငါက Akaashi နဲ့အတူစားချင်တာကို..."

Bokuto စကားကြောင့် Akaashi ပြုံးသည်။

"ဟုတ်ပါပြီ... နောက်နေ့ကျကျွန်တော်လည်းအတူလိုက်မယ်... အာ ဟုတ်သားပဲ...မနက်ဖြန်ကျောင်းပိတ်ရက်လေ.. Bokuto san အားရင်အတူလာစားကြတာပေါ့"

Akaashi စကားကိုကြားမှ Bokuto မျက်နှာပြန်ကြည်လင်လာပြီး မျက်လုံးမှိတ်သည်အထိပြုံးသွား၏။

"တကယ်လား?! ဒါဆို မင်းမနက်ဖြန်ငါနဲ့ပဲနေရမှာနော်...တစ်နေကုန်လျှောက်သွားကြမယ်လေ"

"အာ... ဘာမှလဲမဆိုင်သလိုပဲ..."

Akaashi တိုးတိုးလေးပြောလိုက်သည်မို့ Bokuto ကောင်းကောင်းမကြားလိုက်ရပေ။

"ဟမ် ဘာပြောတာလဲ Akaashi"

တိုးတိုးလေးပြောလိုက်မိသည့်ကိုယ့်ကိုကိုယ်ပင် Akaashi ကျေးဇူးတင်မဆုံးပေ။ သူ့စကားသာကြားလိုက်ပါက ခုဏကဆိုင်ပိတ်သဖြင့် Bokuto ၏ဝင်ခါနီး emo mode ကိုသွားဆွလိုက်သလိုဖြစ်သွားပေလိမ့်မည်။

သူလည်း Bokuto နှင့်အချိန်ဖြုန်းချင်ပါသည်။ သို့သော်လည်း ပြသနာက စာမေးပွဲဖြစ်၏။ အရေးကြီးသည့်စာမေးပွဲကနီးလာပြီဖြစ်၍  Akaashi စာလုပ်ရဦးမည်။ အထူးသဖြင့်ကျောင်းပိတ်ရက်အား ဒီတိုင်းကုန်ဆုံးစေလိုက်လို့မဖြစ်။ အချိန်တိုင်းကသူ့အတွက်တန်ဖိုးရှိနေ၏။

ပုံမှန်ဆိုလျှင် Bokuto ကိုသူကောင်းကောင်းဖြောင့်ဖြ၍ ငြင်းနိုင်သော်လည်း ယခုမူအခြေအနေကမတူတော့ပေ။
စက္ကန့်ပိုင်းအတွင်း Akaashi ၏ဦးနှောက်ထဲ၌ ဖြစ်နိုင်ချေ ၄ ခုကိုတွက်ချက်လိုက်မိ၏။

••The Owner Of Captain Owl ••Where stories live. Discover now