Extra-2

2.5K 225 21
                                    

Deep Blue

Extra-2

သွင်အောင် ချစ်ရသူဇနီးချောလေးကို လိမ်လည်ထားရသည်။ မလိမ်ချင်ပေမယ့်လည်း ချစ်ရသူလေးတစ်သက်မမေ့မယ့် မင်္ဂလာပွဲလေးကို ဖန်တီးပေးချင်လို့ဖြစ်သည်။သွင်အောင် အလုပ်မှသူငယ်ချင်းများစီမှ နည်းလမ်းကောင်းများတောင်းခ​ံလိုက်၊ မိန်းမရဲ့သူငယ်ချင်များဖြစ်သော မသူဇာ၊ လွင်လွင်မာနှင့် သော်သော်ပန်တို့ထံမှပါ အကြံများတောင်းခံရတော့သည်။ မိန်းမရဲ့မိတ်ဆွေများက မိန်းမလိုပဲဥာဏ်တအားထက်လွန်းသည်။ ခုရရှိထားသော အကြံညာဏ်ကိုလည်း သူတို့ကပေးခြင်းဖြစ်သည်။

သွင်အောင် မိန်းမကို သဝန်တိုအောင်နေ့တိုင်း သာမာန်ထက်ပိုဖီးလိမ်းပြင်ဆင်သည်။ ညပိုင်းသူငယ်ချင်းများထံမှ ဖုန်းလာလျင်လည်း အကဲပိုကာမိန်းမကိုယ်ရာမှာပြောသည်။ ထိုသို့လုပ်မှ မိမိအကွက်ထဲမိန်းမက တတ်ဆင်းလာမည်ဖြစ်သည်။သူငယ်ချင်းဖြစ်သူကို အကူမညီတောင်းပြီး ဟောတယ်မှာအခန်းငှားကာ အပြင်အဆင်တို့ကို မိမိမှာဖုန်းဖြင့်ကွတ်ကဲရသည်။

ခုလည်းမိန်းမနဲ့ အချစ်ညလေးအစပျိုးဖို့ ပေါင်းသင်ရေလောင်းကောင်းတုန်း ဖုန်းကလာတော့သည်။ သွင်အောင်ဖုန်းကိုကြည့်လိုက်တော့ မိမိခိုင်းထားသည့် အလုပ်မှသူငယ်ချင်းထံမှဖြစ်နေသည်။ မကိုင်ဘဲ အချစ်တွေဆက်ပျိုးချင်ပေမယ့်လည်း ကိုင်မှဖြစ်မည်။ ကိုင်ပြန်ရင်လည်း မိန်းမရှေ့မှာ ကိုင်လို့မရပါ။ မိမိပြောသမျှကြားပြီး မိမိအကြံကိုရိပ်မိသွားမှာ စိုးလှသည်။ ထို့ကြောင့်ဖုန်းကိုအခန်းထဲတံခါးပိတ်ကယပြောရတော့သည်။

"အေး သာအောင်မောင် ပြော....ငါအကူညီတောင်းတာကော အဆင်ပြေရဲ့သားကြီး..."

"ပြေတယ်ကွ.....ငါပုံတွေပို့ပေးထားမယ် မင်းကြည့်ကြည့်ပေါ့ကွာ....ဟိုတစ်ခေါက်ကလို ဟိုနားဟိုနားလေးဆိုပြီး အစအဆုံး့ပန်မပြင်ခိုင်းနဲ့ကွ...."

"အေးပါကွာ.....မင်းကလည်း....ငါပုံကြည့်လိုက်အုံးမယ်ကွာ....ဒါပဲနော်...."

တစ်ဖက်ကပြန်ဖြေသံတောင် မစောင့်ပဲသွင်အောင်ဖုန်းချပစ်လိုက်သည်။ ခမ်းမအပြင်အဆင်တို့ရဲ့ ပုံကိုကြည့်ရင်း ဒီတစ်ခါတော့စိတ်တိုင်းကျပြီး ပြုံးမိသည်။အရင်တစ်ခေါက်က အဆင်မပြေတာလေးတွေ ပြန်ပြင်ခိုင်းရင်း တစ်ခုလုံးနီးပါးပြန်ပြင်ရလိုက်သည်။ သွင်အောင် အလုပ်ကရတဲ့ လခထဲမှာတစ်ချို့ကို နူတ်ကာအတော်များများကို မိန်းမကိုအပ်သည်။ထိုနူတ်ထားသည့်ငွေလေးရယ်၊ မသူဇာကလည်း ကူညီပေးခြင်းကြောင့် ဟောတယ်ခမ်းငှားကာ ပြင်ဆင်နိုင်ခြင်းဖြစ်သည်။

Deep Blue (Zawgyi&Unicode)Where stories live. Discover now