Part-7

2K 275 24
                                    

Deep Blue

အပိုင်း၇

(ဤficသည်၂၀၂၁ ခုနှစ်၊ ဧပရယ်၁ရက်နေ့ကတည်းက ရေးသားထားသော Ficတစ်ပုဒ်ဖြစ်ပါသည်။ )

စောနောင် ယနေ့အလုပ်သွားရတော့မည်ဖြစ်တာကြောင့် အစ်ကိုကြီးကို ဘယ်လိုထားခဲ့ရမလဲ စဥ်းစားရပြန်သည်။ အိမ်မှာတစ်ယောက်တည်း ထားခဲ့လို့ အဆင်မပြေမှာလဲ စိုးရိမ်လှသည်။ တံခါးသော့ခတ်ထားခဲ့ရအောင်လည်း အစ်ကိုကြီးက ကလေးလေးမဟုတ်ပေ။ သော့ခတ်ထားခဲ့ပြန်ရင်လည်း လူကြီးကိုယ်နဲ့ကလေးစိတ်ဖြစ်တာကြောင့် မီးလောင်တာတို့၊အန္တရာယ်တစ်ခုခုဖြစ်လာပါက ပိတ်မိနေမှာစိုးရသည်။ နေ့လယ်စာထမင်းကလည်း မနက်ကတည်းကကြိုဝယ်ထားပါက သိုးတတ်သည်။ အဘက်ဘက်ကအခက်အခဲ ရှိနေသည်။

အလုပ်ကိုခေါ်သွားရအောင်လည်း အစ်ကိုကြီးကို ထိန်းနိုင်မှဖြစ်မည်။ စောင်နောင်မထူးတော့သည့်အဆုံး ရုံးကလူကြီးကို တောင်းတောင်းပန်ပန်နှင့် ပြောမှရတော့မည်ဖြစ်သည်။ မရရင်တော့ဖြင့် အိမ်မှာထားခဲ့ရတော့မည်။စောနောင်အစ်ကိုကြီးကို မုန့်ဟင်းခါးကျွေးရင်း မိမိလည်းစားလိုက်သည်။ စားနေရင်း ကုမ္ပဏီကိုဖုန်းခေါ်ရတော့သည်။ မန်နေဂျာအစ်မကြီးက ဒေါသအိုးကြီးဖြစ်သည်။ အလုပ်အပေါ်မှာတိကျသော သူလည်းဖြစ်သည်။ စောနောင်ကစာရင်းကိုင်ဌာနက သုံးယောက်တည်းမှာ ခေါင်းဆောင်ဖြစ်ပေမယ့် မန်နေဂျာအစ်မကြီးရဲ့လက်အောက်မှာပဲ ရှိနေသူဖြစ်သည်။ စောနောင်တို့ဌာနလေးသည် လူဦးရေလည်းနည်းသလို၊ အခြားဥာနတွေထက် အရေးပေးခံရမူ့နည်းလွန်းလှသည်။ တတူတူနှင့်ဖုန်းက ဆက်တိုက်ဝင်နေသည်။ တတူတူအသံပျောက်သွားသည်နှင့်တစ်ပြိုင်နက် မန်နေဂျာအစ်မရဲ့ လေးနက်တည်ငြိမ်သောအသံကထွက်ပေါ်လာသည်။ ဘာပြောလို့ ပြောရမှန်းစောနောင်စဥ်းစားမရဖြစ်သွားသည်။

"Hello...."

စောနောင်စားပွဲမှ ထကာဝရန်တာဘက်ကိုထွက်လာရင်း ဖုန်းပြန်ပြောလိုက်သည်။

"ဟုတ်ကဲ့အစ်မ....ကျွန်တော်စောနောင်ပါ...."

"အေးငါသိတယ်....ဘာပြောစရာရှိလို့လည်း အလုပ်ပျက်တာ....ခွင့်ယူတာကလွဲရင် ကြိုက်တာပြော...."

Deep Blue (Zawgyi&Unicode)Where stories live. Discover now