part-1

10.5K 448 6
                                    

Deep Blue

အပိုင်း၁

"အင်းပါ...."

တိုးတိတ်မှောင်ရီနေတဲ့ တိုက်ခန်းလေးထဲ ဖျော့တော့တော့အသံလေးတစ်ခု ထွက်ပေါ်လာပြီးနောက် "တီ"ဟူသောအသံတစ်ခုနောက်ဆက်တွဲထွက်ပေါ်လာသည်။ ၂၅နှစ်အရွယ်ရှိသော ကောင်လေးတစ်ယောက် အမှောင်ထုထဲ ထိုင်နေသည်။ နံရံကိုအမှီပြုကာ ထိုင်နေရင်း သူ့လက်ထဲမှဖုန်းလေးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလေသည်။ သက်ပြင်းဖွဖွချသံတွေကလည်း ထိုလူငယ်လေးထံမှ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာနေသည်။ထိုလူငယ်လေးနာမည်က စောနောင်ဖြစ်သည်။

####

စောနောင်

မှောင်ရီဝေစပြုနေသော ပတ်ဝန်းကျင်တွင် လမ်းမီးရောင်တစ်ချို့ လင်းစပြုနေပြီဖြစ်သည်။ စောင်နောင်ဘေးပတ်ဝန်းကျင်ကလူတစ်ချို့ကိုလည်း အာရုံမစိုက်မိပါ။ ပူလောင် ဆွေးမြေ့နေသော စိတ်ကြောင့် ဘယ်သို့သောအရာကိုမှ စောနောင်အာရုံစိုက်လို့မရဖြစ်နေသည်။

စောနောင် ရင်ထဲကပူဆွေးမှုကို တွေးရင်းဝမ်းနည်းစိတ်တို့က တစ်စထက်တစ်စများပြားလာနေသည်။ အကြောင်းမှာမူကား စောနောင်ရဲ့ချစ်သူကို အဆက်အသွယ်မရတာ တစ်လရှိပြီမို့ဖြစ်သည်။ စောနောင်ဘက်ကဖုန်းဆက်ပေမယ့် အလုပ်မအားလို့ဆိုတဲ့ ဆင်ခြေမမည်သောဆင်ခြေတစ်ခုအောက်မှာ စောနောင်နူတ်ဆိတ်လိုက်ရသည်ချည်းသာ။

"တီးးးးး......တီးးးးး...."

"အမလေးဗျ....."

စောနောင်ကားဟွန်းသံ အကျယ်ကြီး ကြားလိုက်ရသည်နှင့် တစ်ပြိုင်တည်း မိမိလက်တစ်ဖက်ကို ဆောင့်ဆွဲခံလိုက်ရသည်။ ထိုအရှိန်ကြောင့် လမ်းပေါ်ကိုနောက်ပြန်လုန်ကျသွားရသည်။ ရုတ်တရက်မို့ အတော်လေးလန့်သွားရသည်။

စောနောင်လက်ထောက်မိလိုက်တာကြောင့် လက်ဖဝါးနဲ့လက်ဖျံတစ်ဖက်ကအနည်းငယ်နာကျင်သွားရသည်။ ကွန်ကရစ်လမ်းဖြစ်တာကြောင့် ပြုတ်ကျတာနဲ့ အထိအခိုက်အပွန်းအပဲ့က ဖြစ်လွယ်သည်။

စောနောင်ပြန်ထဖို့အလုပ် လက်တစ်ခုကမိမိရှေ့သို့ရောက်လာသည်။ ဖြူဖွေးသန့်ရှင်းသောလက်တစ်စုံတော့မဟုတ်ပေ၊ ညစ်ပတ်ပေကျံနေသောလက်တစ်ဖက်သာဖြစ်သည်။

Deep Blue (Zawgyi&Unicode)Where stories live. Discover now