Part-4zawgyi

435 68 0
                                    

Deep blue

အပိုင်း ၎

စောနောင် နောက်နှစ်ရက်ဆိုရင် ကို့ကိုမင်္ဂလာဆောင်ကို သွားရတော့မည်ဖြစ်သည်။ ကိုကိုပြောတာကတော့ မင်္ဂလာဆောင်ကိုရန်ကုန်မှာ ကျင်းပမယ်လို့ပြောသည်။ ကိုကိုပြောင်းလဲသွားတာ ဒါကြောင့်ပေါ့၊ ကိုကိုအေးစက်သွားတာ ခုလိုစွန့်ခွာဖို့အတွက်ဆိုတာ မသိခဲ့မိပါ။

ကိုကိုနဲ့တွေ့ပြီးတဲ့နေ့မှစ၍ စောနောင်ဘယ်မှသွားချင်လာချင်စိတ်မရှိတော့ပါ။ ရုံးကိုလည်းခွင့်တစ်ပတ်တောင်းထားပြီး အိမ်မှာသာ နေဖြစ်တော့သည်။ အသဲကွဲရောဂါကြီးက ခံစားရတော့ အတော်လေးနာကျင်ခံပြင်းရသည်။ ပူဆွေးသောကနဲ့ လွမ်းဆွတ်တမ်းတမှုတို့သည်လည်း များပြားလွန်းလှသည်။

အိမ်မှာနှစ်ရက်လောက်အိပ်ရာပေါ်က မထနိုင်ပဲစောနောင်ခွေခေါက်ကာ အိပ်နေမိသည်။ သတိရရင် ကိုကိုနဲ့ရိုက်ထားခဲ့တဲ့ ဓာတ်ပုံလေးတွေ ထုတ်ကြည့်မိသည်။ ရေချိုးခန်းနဲ့ အိပ်ရာခေါင်းအုံးတို့ပေါ်မှာ ကျခဲ့ရသည့် မျက်ရည်တို့ကလည်း ရက်တိုအတွင်းမနည်းတော့ပါ။ ဘာဆိုဘာမှ သတိမရတော့၊ ထမင်းစားဖို့၊ ရေချိုးဖို့နဲ့ ဝမ်းချုပ်မှာသိပ်ကြောက်၍ အိပ်သာကိုခဏခဏသွားတတ်သည့် စောနောင် အိမ်သာသွားဖို့ပါမေ့လျော့နေခဲ့တော့သည်။ အမြဲတမ်းစိတ်အစဉ်နဲ့ ဦးနှောက်ကို ကိုကိုသည်သာ လွှမ်းမိုးထားသည်။

စောနောင်မသိလိုက်ရခြင်းမှာ သူ၏တိုက်ခန်းအောက် လမ်းမထက်မှာ နှစ်ရက်တိတိလာလာရပ်နေတဲ့လူတစ်ယောက်ကိုဖြစ်သည်။ ညစ်ပတ်ပေကျံနေပြီး စိတ်ရောဂါဖြစ်နေတဲ့ ထိုလူဟာ အချိန်ချိန်မှန်မှန်သူ့ဆီရောက်မလာတဲ့ စောနောင်ကို မျှော်နေသည်ကို စောနောင်မေ့လျော့​နေခဲ့လေသည်။ လမ်းမကြီးထက်ကနေ မျက်ရည်လေးဝေ့သီနေတဲ့ မျက်ဝန်းတို့ဖြင့် တိုက်ပေါ်ကအခန်းလေးတစ်ခုကို ထိုလူအချိန်ကြာကြာလာငေးတတ်သည်။ ဒါကိုလည်း စောနောင်မသိခဲ့ပါ။တုန်ရီနေတဲ့ နှု​တ်ခမ်းပါးတစ်စုံမှ တစ်ဆင့် ထွက်ကျလာသော မိန်းမဆိုတဲ့ ခေါ်သံကိုလည်း စောနောင်မကြားခဲ့ပါ။

####

ဟောတယ်တစ်ခုရဲ့ မင်္ဂလာပွဲကျင်းပရာနေရာရှေ့တွင် စောနောင်ဆိုတဲ့ ကောင်လေးတစ်ယောက် ရပ်နေသည်။ ကျောက်ရုပ်တစ်ရုပ်လို မလှုပ်ရှားပဲရပ်နေသည်။ အသက်တောင်ရူပေါ့မလားမသိပါ။
သို့သော်မျက်ဝန်းအိမ်လေးတစ်စုံကတော့ လှုပ်ရှားနေသည်။ အရည်ကြည်လေးများဝေ့သီနေသည်။

Deep Blue (Zawgyi&Unicode)Wo Geschichten leben. Entdecke jetzt