Part-16 Zawgyi&Unicode

2.1K 276 37
                                    

Unicode

Deep Blue

အပိုင်း၁၆

စောနောင် အစ်ကိုကြီးနှင့်အတူ ကားဖြင့်ထွက်လာခဲ့သည်။Taxiကားလေးငုားကာ ရေးဝေးသုသာန်သို့ ထွက်လာခဲ့ကြခြင်းဖြစ်သည်။ အစ်ကိုကြီး နှင့်စောနောင် အတူနေတာ နှစ်နှစ်ပြည့်ပြီဖြစ်သည်။အစ်ကိုကြီးစိတ်အခြေအနေလည်း အကောင်းဆုံးအခြေအနေတစ်ခုကို ရောက်နေပြီဖြစ်သည်။ ထို့ကြောင့်စောနောင် ပိုစိတ်ချမ်းသာရသည်။ ယခုအစ်ကိုကြီးတို့မိူားစုအား ဂူသွင်းမြုပ်နှံထားသော ရေးဝေးသို့ လာခဲ့ခြင်းဖြစ်သည်။ အရင်ကအကိုကြီးစိတ်အခြေအနေ မတည်ငြိမ်သေးတာကြောင့် စောနောင်လိုက်မပို့မိခြင်းဖြစ်သည်။ အစ်ကိုကြီး၏ဖခင် ဦးမင်းအောင်ရဲ့ မိမိအားပေးအပ်ထားသော မှတ်စုစာအုပ်လေးအတွင်းမှ အစ်ကိုကြီး၏မိသားစုမြှပ်နှံရာ နေရာလေးပါဝင်သည်။ ဦးလေးကြီးက ရှိသမျှပိုင်ဆိုင်မူ့ အကြွေးဆပ်လိုက်ပြီး ကျန်ရှိပိုက်ဆံနှင့် ဂူသွင်းပေးခဲ့သည်ဟု ဆိုသည်။ အစ်ကိုကြီးဇနီးနှင့်မိသားစု စုရိုက်ထားသော ဓာတ်ပုံလေးလည်း စောနောင်မြင်တွေ့ခဲ့ပြီးပြီဖြစ်သည်။

ယခုအစ်ကိုကြီးကို သူ့မိသားစုနှင့် ပြန်ဆုံဖို့ခေါ်လာခြင်းဖြစ်သည်။ ဘာမှမသိတဲ့ အစ်ကိုကြီး ဘေးမှာဟိုကြည့်ဒီကြည့်ဖြင့် လိုက်ပါလာလေသည်။ စောနောင်အစ်ကိုကြီးကို သူမိသားစုနှင့် ပြန်တွေ့ပေးမယ်လို့ သတိပေးပြီး ခေါ်လာခြင်းမဟုတ်ပါ။ ဒါကြောင့်အစ်ကိုကြီးက အူလည်လည်ဖြင့်ပါလာခြင်းဖြစ်သည်။

"မိန်းမ....ဘယ်သွားမလို့လဲ...."

ဘေးနားကအစ်ကိုကြီးက စောနောင်ရှိရာသို့ လှည့်မေးလာခြင်းဖြစ်သည်။အစ်ကိုကြီးစကားကြောင့် ခေါင်းခန်းကTaxiသမားဦးလေးကြီးက ကြည့်မှန်မှတစ်ဆင့် မိမိတို့ကိုအကဲခတ်လာသည်။ စောနောင်ထိုအကြည့်တွေကို ရင်ဆိုင်ရတာများလာပြီမို့ ထိုလူကြီးကိုပြုံးသာပြလိုက်သည်။ ပြီးနောက်အစ်ကိုကြီးကို ကြည့်ကာပြောလိုက်သည်။

"ဟိုရောက်ရင်သိမှာပေါ့ အစ်ကိုကြီးရဲ့...."

Taxiငုားကတည်းက အစ်ကိုကြီးထက်ရှေ့ စောစောလျှောက်လာပြီး ဘယ်နေရာသွားမယ်ဆိုတာ ကြိုပြောထားသည်။

Deep Blue (Zawgyi&Unicode)Where stories live. Discover now