Part-17 Zawgyi&Unicode

2.2K 266 31
                                    

Unicode

Deep Blue

အပိုင်း၁၇

"မိန်းမရေ.....မိန်းမရေ...."

နောက်ဖေးမီးဖိုချောင်မှာ ထမင်းချက်နေသည့် စောနောင် အစ်ကိုကြီးအော်သံကို ကြားသောလည်း ပြန်ထူးချိန်မရပါ။အဘယ့်ကြောင့်ဆိုသော ထူးချိန်မရသည်အထိ ခရားရေကျ တတွတ်တွတ်အော်ခေါ်နေလို့ဖြစ်သည်။ "မိန်းမရေကို အိပ်ခန်းထဲကခင်ပွန်းသည်ကြီးက အော်ခေါ်ပြီး မိမိရှိရာနောက်ဖေးမီးဖိုချောင်သို့ ရောက်လာလေသည်။

"မိန်းမ....မိန်းမ....မင်းယောက်ကျားခေါ်တာ ထူးပါအုန်းကွာ မိန်းမရ...."

မိမိမှာလည်း ခင်ပွန်းသည်ကြီးကြောင့် လုံးရာကပြားခဲ့သည်မှာ နှစ်လရှည်ကြာနေပြီဖြစ်သည်။သို့ပေမယ့် မကြိုက်ဘူးလားမေးလျင် ထိုသို့ခေါ်တာကို ကြိုက်သည်ဟုဖြေမိမှာဖြစ်သည်။ တခြားသူခေါ်ရင်တော့ မကြိုက်ပေမယ့် ခင်ပွန်းသည်ကြီးခေါ်ရင်တော့ လုံးရာကပြားလည်းရပါသည်။ မထူးလျင် ရုပ်ကြီးဖြင့်ကလေးလို ဆူပုတ်ပြမည်ကို သိနေသည်။ချက်လက်စကို မီးလျော့လိုက်ကာ ခင်ပွန်းသည်ကြီးရှိသို့ ကြည့်ကာပြန်ထူးလိုက်ရတော့သည်။

"အိုးးးးးးး....ပြောပါယောက်ျားရဲ့.... ချစ်လှစွါသော ကလေးဆိုးကြီးရေ....ပြောပါ....."

"ဟွန့်...မိန်းမနော်.....ကိုယ်ကမဆိုးပါဘူး...."

မဆိုးဘူးသာပြောသည် ချက်ချင်းပင် သူနူတ်ခမ်းကြီးက စူထွက်လာတော့သည်။စောနောင် အစ်ကိုကြီးအနားသွားကာ သူ့ရဲ့ဆူထွ​ြ်နေသော နူတ်ခမ်းကြီးပြန်ဝင်သွားအောင် အနမ်းပေးလိုက်သည်။ အနမ်းရတော့ ကလေးငယ်ချိုချဥ်ရသလို ပြုံးဖီးလာတော့သည်။ ပြုံးဖီးနေရုံတင်မက လျင်မြန်သော အစ်ကိုကြီးလက်တစ်စုံဟာ မိမိခါးပေါ်ရောက်ရှိလာတော့သည်။ လျင်မြန်စွာအဖက်ခံလိုက်တာကြောင့် အစ်ကိုကြီးရင်အုံမာမာကြီးများကို စောင်နောင်လက်ဖြင့်ထိကပ်မိသွားသည်။ အစ်ကိုကြီးက ခပ်ညစ်ညစ်ပြုံးရင်း ဆိုလာသည်။

"လာမိန်းမ အိပ်ရာထဲသွားပြောရအောင်...."

အစ်ကိုကြီးနာဖူးကို စောနောက်လက်ညိုးဖြင့်ဖိတွန်းထုတ်လိုက်သည်။ အစ်ကိုကြီးသည် တစ်ချိန်လုံးအားသည်နှင့် ထိုအကြောင်းပဲစဥ်းစားပြောဆိုနေတော့သည်။ မနက်စောစောကမှ အချစ်ကဲပြီးတာတောင် ခုထက်စကားစလာပြန်သည်။ စောနောင်မျက်စောင်းဖြင့် ထိုးလိုက်တော့ သွားကြီးဖြဲပြပြီး လျာပါထုတ်ပြလာသည်။

Deep Blue (Zawgyi&Unicode)Where stories live. Discover now