Part-3

2K 266 32
                                    

Deep Blue

အပိုင်း၃

စောနောင် ဒီနေ့နေ့လယ် ရုံးမှာအလုပ်များလို့နေသည်။ ဆောက်လုပ်ရေးပစ္စည်းများကို တင်သွင်းရောင်းချသော ကုမ္ပဏီဖြစ်တာကြောင့် ပစ္စည်းရောင်းရစာရင်းနဲ့တင်သွင်းလာသောစာရင်းအချုပ်ကို စစ်နေရလို့ဖြစ်သည်။ အလုပ်ကိုအာရုံစိုက်ရလွန်းလို့ ဇတ်ကျောတွေတောင်တတ်လာရသည်။ စောနောင်လက်အောက်မှာ စာရင်းစစ်မလေးနှစ်ယောက်ရှိပေမယ့် စောနောင်က စာရင်းအားလုံးရဲ့ အနှစ်ချုပ်ကိုသေချာစစ်ပြီးမှ အထက်ကိုတင်ပြတတ်သည်။ ဟန်ပြလက်မှတ်ထိုးပြီး တင်ပြရတာမျိုး စောနောင်လုံးဝကိုမကြိုက်ပါ။ စာရင်းစစ်နေတုံး စာပွဲပေါ်မှာတင်ထားတဲ့ ဖုန်းကအသံမြည်လာသည်။

"လှပလွန်းတဲ့ ပန်းပွင့်ငယ်လေးတွေတောင် ကြမ်းတမ်းလွန်းတဲ့ မြေပြင်ကိုကျော်လွန်ဖောက်ထွက်ခဲ့တာပဲ...."

စောနောင်ဖုန်းကို ကြည့်လိုက်တော့ မျက်လုံးလေးဝိုင်းစက်တောက်ပလာရသည်။ စောနောင်ရဲ့ နူတ်ခမ်းဖျားလေး ပါးပြင်ပေါ်သို့ တွန့်ချိုးကွေးတတ်လာသည်။စောနောင်အမြန်မြန်ပင် မိမိဖုန်းကိုကိုင်လိုက်သည်။ထို့နောက်လျှင်မြန်သွက်လက်သောလေသံဖြင့်

"ဟယ်လို ကိုကို...."

"...."

"ဒီကိုလား....."

"....."

"အင်းပါ ပျော်လိုက်တာ....ဟီ့...."

"....."

"ဟယ်လို ချသွားပြန်ပြီ...."

စောနောင်စကားဆက်ပြောဖို့ပြင်ပေမယ့် ကိုကိုကဖုန်းချသွားပြီဖြစ်သည်။ စကားတောင်ဝအောင်မပြောရသေးပဲ ခုလိုဖုန်းခဏခဏချသွားတတ်သည်။ ထိုသို့ဖုန်းချချသွားတတ်တာကို စောနောင်စိတ်မကောင်းဖြစ်ပေမယ့် ဒီနေ့တော့ စိတ်ပျော်မြူးနေမိသည်။ အဘယ့်ကြောင့်ဆိုသော ကိုကိုကရန်ကုန်ကိုလာလည်မည်လို့ ပြောဆိုလာခြင်းကြောင့်ဖြစ်သည်။

စောနောင်ဒီနေ့အလုပ်လုပ်တာ အရမ်းကိုအူမြူးနေသည်။ အရင်ကထက်တတ်ကြွနေသည်။ နှစ်လကြာမတွေ့ရတဲ့ ချစ်ရသူကိုကို့ရဲ့ မျက်နှာတော်ကိုမော်ဖူးရတော့မည်။ ထို့အတွက်ကြောင့် အလုပ်လုပ်ရင်းသွားပင်မစီ့နိုင်အောင်ဖြစ်နေရတော့သည်။

Deep Blue (Zawgyi&Unicode)Where stories live. Discover now