Part-6

1.8K 270 4
                                    

Deep Blue

အပိုင်း ၆

သွင်အောင် အမှိုက်ကန်မှာရေချိုးတုံးကလို ဘောင်းဘီဝတ်ချိုးရမည်အထင်နဲ့ ခါးတွင်ဝတ်ထားသော ခါးဝတ်ပုဝါကို မချွတ်ပဲ ချိုးလိုက်တော့သည်။ ရေချိုးရင်း ဆပ်ပြာတုံးမရှိသဖြင့် ရေချိုးခန်းအနှံ့အတော်ကြာကြာ ရှာဖွေလိုက်ရသည်။

ဆပ်ပြာရည်ညစ်ဗူးကို တွေ့မှ ဟိုညစ်ဒီညစ်လုပ်ကြည့်လိုက်သည်။ ကျလာတဲ့ဆပ်ပြာကို သဘောတကျကြည့်ပြီး သွားများပေါ်သည်အထိ ပြုံးရယ်လို့ နေတော့သည်။ ပါးစပ်ထဲရှိရာသီချင်းကို ရောက်တတ်ရာရာမှ စကာသီဆိုရင်း ဆပ်ပြာတိုက်လိုက်သည်။ ဆပ်ပြာအနံလေးက မွှေးနေတာကြောင့် သွင်အောင် သဘောတကျခုန်ပေါက်မိလေသည်။ ပါးစပ်မှလည်း "မိန်းမဆီကရတာ ဒီအနံပဲ မွှေးလိုက်တာ ဟီ့....."စသည်ဖြင့် တဖွဖွရေရွတ်နေတော့သည်။ ထိုအသံတို့ကိုတော့ ထမင်းနဲ့ဟင်းသွားဝယ်နေသော စောနောင်မကြားလိုက်မိပါ။

ပူဖောင်းတွေနဲ့ဆော့လိုက် ရေကစားလိုက်လုပ်နေတဲ့ သွင်အောင်သည် ကလေးတစ်ယောက်သဖွယ် ပျော်မြူးနေတော့သည်။ အပြင်မှ စောနောင်သတိပေးသံကြားမှ ရေချိုးတာရပ်လိုက်တော့သည်။ ခါးဝတ်ပုဝါသည်ရေရွဲနေပြီမို့ သွင်အောင် ချွတ်ချကာ အူလည်လည်ဖြင့် ထွက်လာတော့သည်။ သွင်အောင်မေ့သွားသည်က အပြင်မှာရှိသော စောနောင်နှင့် သူခါးတွင်ခါးဝတ်မရှိတာကိုဖြစ်သည်။

ရေချိုးအခန်းအပြင်ရောက်တော့ စောနောင်ရဲ့ကျောပြင်ကို မြင်လိုက်ရတော့သည်။

"မိန်းမ..."

"အားးးးး.....ဘာ...ဘာလို့...."

"အားးးး....ဘာတွေ့လို့လဲ မိန်းမရဲ့....အကောင်ကြီးလား....ဖေကြီးရေ...အကောင်ကြီးတဲ့...."

အကောင်တွေကြောက်တတ်တဲ့ သွင်အောင်ကတော့ ခုန်ပေါက်ကာ အော်ဟစ်နေတော့သည်။ ဦးမင်းအောင်နဲ့အမှိုက်ကန်မှာ နေစဥ်ကပင် အကောင်ငယ်တစ်ချို့ ဝင်လာရင်ကြောက်လန့်တကြားအော်တတ်သည်။

စောနောင် အော်ဟစ်ခုန်ပေါက်နေတဲ့ အစ်ကိုကြီးကို မရဲတရဲကြည့်ကာ အံ့သြနေမိသည်။ တကယ်လန့်ရမှာက စောနောင်ကိုယ်တိုင်ဖြစ်သည်။ စောနောင်ထံ အစ်ကိုကြီးမှ လက်နှစ်ဖက်ဆန့်တန်းကာ ပြေးကပ်လာဖို့ ဟန်ပြင်လာသည်။ သွင်အောင် ကြောက်ရင် အနီအနားကလူကို ကလေးတစ်ယောက်ပမာ ဖက်တတ်သည်။

Deep Blue (Zawgyi&Unicode)Where stories live. Discover now