Part-11 Zawgyi&Unicode

2.1K 298 32
                                    

Unicode

Deep Blue

အပိုင်း ၁၁

(ကိုယ်ကစိတ်ပညာရှင်မဟုတ်တာကြောင့် စိတ်ပညာနဲ့ပတ်သက်သည့် အမှားတွေရှိရင် နားလည်ပေးစေလိုပါတယ်။လေ့လညမိသလောက် ရေးသားလိုက်ရပါတယ်။ဆေးရုံအမည်များကို ဖော်ပြခြင်းမပြုပါဘူး။ )

ဒီနေ့အစ်ကိုကြီးကို စိတ်ရောဂါဆရာဝန်နှင့် ပြဖို့သွားရမည်ဖြစ်သည်။ ဒီနေ့မှစပြမှာမို့ စောနောင်စိတ်လှုပ်ရှားနေရသည်။ ကာယကံရှင်အစ်ကိုကြီးက ဘာမှမဖြစ်ပဲမိမိကအရမ်းကိုစိတ်လှုပ်ရှားနေမိသည်။ နေမထိထိုင်မသာဖြစ်နေရသည်အထိပင်။
စောနောင်အစ်ကိုကြီးကြိုက်သည့် Deep Blue(အပြါရင့်ရောင်) T- Shirtလေးနှင့် ဂျင်းပြာဒူးလောက်လေးကို ပေါ့ပေါ့ပါးပါးဖြစ်အောင်ဆင်ပေးလိုက်သည်။ ကိုယ်တိုင်အနီရောင်စပို့ရှပ်လေးနှင့် စတိုင်ပင်အောက်ရှူးအနက်ရောင်ဘောင်းဘီကိုဝတ်ဆင်လိုက်သည်။ မိမိကအုပ်ထိန်းသူအနေဖြင့် သွားရမှာမို့တည်ငြိမ်သည့် ပုံစံမျိုးဝတ်ဆင်သွားရခြင်းဖြစ်သည်။

အစ်ကိုကြီးနဲ့အတူTaxiစီးကာ ဆေးရုံသို့အရောက်သွားခဲ့ကြသည်။****ဆေးရုံဝန်းထဲရောက်လာခဲ့ကြသည်။ အစ်ကိုကြီးနည်းတူ ဝေဒနာသည်များအား ဆေးရုံလာပြသည်ကိုတွေ့မြင်နေရသည်။ တစ်ချို့ကဒီမှာပဲဆေးရုံတတ်နေကြဟန်တူသည်။ တစ်ချို့ကခုန်ပေါက်အော်ဟစ်နေသည်ကို သူနာပြုများက ထိန်းပေးနေရသည်။ တချို့ကလည်းတစ်ယောက်တည်း ပြောချင်ရာကိုပြောနေတတ်သည်။ တစ်ချို့ကတွေ့သမျှလူကိုအပြုံးချိုချိုလေးဖြင့် နူတ်ဆက်နေတော့သည်။ စောနောင်ထိုနေရာကို ဖြတ်ကျော်ပြီးနောက်မှာတော့ ဆရာဝန်ကြီးနဲ့ပြသရန်ဘိုကင်နံပါတ်ချိတ်ပြီး ခုံတန်းရှည်လေးမှာ ထိုင်စောင့်နေလိုက်သည်။ အစ်ကိုကြီးကစောနောင်အင်္ကျီစကိုဆွဲလိုက်တာကြောင့် အနည်းငယ်ကြောက်နေသောစောနောင် ရင်ထဲထိပ်သွားရသည်။ ကိုယ်တိုင်ကစိတ်ဝေဒနာသည်နှင့် အတူနေရပေမယ့်လို့ ခုလိုမြင်နေ၊ကြားနေရတာက အနည်းငယ်ရင်တုန်စေသည်။

စောနောင်အစ်ကိုကြီး လက်ကိုအသာဖြုတ်ကာ အစ်ကိုကြီးကိုမေးလိုက်သည်။

Deep Blue (Zawgyi&Unicode)Where stories live. Discover now