Part-15 Zawgyi&Unicode

2.1K 293 19
                                    

Unicode

Deep Blue

အပိုင်း၁၅

စောနောင် အလုပ်ကပြန်ရောက်ရောက်ခြင်း လင်တော်မောင်ကို ရှာဖွေရတော့သည်။ အလုပ်ကပြန်ရောက်သည်နှင့် အမောပြေဆေးမတွေ့တော့ စောနောင်အမောဆို့နေရတော့သည်။အိပ်ခန်းထဲလည်းမတွေ့၊ ဗီဒိုထဲလည်း မတွေ့၊ ကုတင်အောက်တွင်လည်း မတွေ့၊ ရေချိုးခန်းတွင်လည်း မတွေ့၊ မီးဖိုချောင်တွင်လည်း မတွေ့ပေ။ စောနောင် အစ်ကိုကြီးအပြင်လမ်းလျှောက်ထွက်တတ်တာကြောင့် ထိုင်ခုံမှာခဏထိုင်ရင်း စောင့်နေမိသည်။အချိန်နာရီမစ်နစ်တို့ဟာ တစ်စထက်တစ်စ ကုန်လွန်သွားတော့သည်။ မီနစ်များက တစ်မီနစ်နှင့် တစ်မီနစ်အပြိုင်အဆိုင် ကုန်လွန်လာသည်။ တစ်မီနစ်ကုန်ပြီးတိုင်း ကုန်ပြီးတိုင်းမှာ စောနောင်ရင်ထဲ ပိုမိုလေးလံလာရသည်။ စိတ်ရိမ်ကြောက်ရွံမှု့ ဒီဂရီဟာ စံချိန်တင်မြင့်မြင့်တတ်လာသည်။ ရင်တစ်စုံဟာလည်း တဖြည်းဖြည်းပူပြင်းလာရသည်။

စောနောင်အိမ်ရောက်သည့် အချိန်ကစ၍ တစ်နာရီပြည့်ဖို့ ငါးမီနစ်သာလိုတော့သည်။ စောနောင်ထိုက်တောင်မနေနိုင်တော့ပါ။ ထိုင်ခုံမှထလိုက်သည်။ အစ်ကိုကြီးအတွက် ဝယ်ပေးထားသော ဖုန်းကိုဖုန်းခေါ်လိုက်သည်။ ဖုန်းမကိုင်ပါ။စောနောင်ရင်တွေ တဒိတ်ဒိတ်ခုန်လာသည်။အစ်ကိုကြီး တစ်ခုခုများဖြစ်ပြီလားဆိုသည့် အတွေးမှာခေါင်းထဲစတင်ဝင်ရောက်လာသည်။ အရင်ကလမ်းလျှောက်ထွက်ရင် အလွန်ဆုံးနာရီဝက်၊ လေးဆယ့်ငါးမီနစ်သာ ကြာတတ်သောကြောင့် ဖြစ်သည်။ လမ်းများပျောက်နေသလား၊ စိတ်များပြန်ဖောက်လို့ လမ်းပေါ်မှာတစ်ခုခုဖြစ်နေလေသလား၊ သို့မဟုတ် အန္တရာယ်တစ်ခုခုကြောင့် ထိခိုက်မိနေပြီလား စသည့်အတွေးပေါင်းစုံတို့ ဝင်လာသည်။

စောနောင်တိုက်ခန်းကနေ အပြေးဆင်းလာမိသည်။ အစ်ကိုကြီးဖုန်းကိုလည်း ဆက်တိုက်ခေါ်နေမိသည်။ စောနောင်လမ်းထဲ အသိတွေကိုလည်း အပြေးအလွှားလိုက်မေးရတော့သည်။ လမ်းထဲကုန်စုံဆိုင်ပိုင်ရှင် ဒေါ်ငွေစိန်ကြီးကို မေးတော့လွန်ခဲ့သည့်တစ်နာရီလောက်က လမ်းထိပ်အမှိုက်မှာတွေ့သည်ဟုဆိုသည်။အစ်ကိုကြီးက လမ်းထိပ်အမှိုက်ပုံက ပလုံကောက်ဦးလေးကြီးနဲ့ ခင်မင်ကြသည်။ စောနောင်တို့အတွဲက ထိုဦးလေးကြီးကို မှန့်တွေစားစရာတွေ ပေးနေကြမို့ ခင်မင်လာကြခြင်းဖြစ်သည်။ အစ်ကိုကြီးက ထိုဦးလေးကြီးကို သူ့အဖေအရွယ်မို့ ခင်မင်သည်။ အစ်ကိုကြီးက သူ့အဖေပလုံကောက်တုန်းက အမှတ်တရနေ့တွေကို ပြန်မှတ်မိပြီးသတိရတိုင်း ထိုဦးလေးကြီးဆီလာသည်။ပြီးနောင်သူ့အဖေအကြောင်း ပြောပြတတ်သည်ဟု ဦးလေးကြီးက စောနောင်ကိုပြန်ပြောပြဖူးသည်။

Deep Blue (Zawgyi&Unicode)Dove le storie prendono vita. Scoprilo ora