Finl Part Zawgyi&Uni

2.6K 245 14
                                    

Unicode

Deep Blue

ဇာတ်သိမ်းပိုင်း

စောနောင်အစ်ကိုကြီးပုခုံးပေါ် ခေါင်းမှီကာTVကိုငေးကြည့်နေမိသည်။ အလုပ်ကနေ အိမ်ပြန်ရောက်ပြီး ညစာအတူစားပြီးတိုင်း TVအတူကြည့်တတ်ကြသည်။ ဇာတ်ကားလေးဟာ နူးညံတဲ့ချစ်ဇာတ်လမ်းမျိုးလေး ဖြစ်သည်။ ဇာတ်လမ်းလေးကြည့်ရင်း ဇာတ်လမ်းထဲမှ ဇာတ်ဝင်ခန်းတစ်ခုကြောင့် စောနောင်မျက်လုံးလေးဝိုင်းစက်သွားရသည်။ အကြောင်းမှာမူကား ဇာတ်လမ်းထဲမှ မင်းသားမင်းသမီးဟာ နူတ်ခမ်းချင်း ပြင်းပြင်းထန်ထန်နမ်းရှိုက်လာကြလို့ဖြစ်သည်။ အစ်ကိုကြီးနှင့်အတူနေတာ နှစ်ချီကြာနေပြီဖြစ်ပေမယ့် စောနောင်ထိုမြင်ကွင်းမျိုးကို အတူကြည့်ဖို့ရှက်ရွံနေပြီသည်။ ဇာတ်လမ်းကလည်း အခြေအနေပိုပြင်းလာတာကြောင့် စောနောင်နေရထိုင်ရကျပ်လာသည်။ ထို့ကြောင့်စောနောင် အစ်ကိုကြီးပုခုံးပေါ်မှာရှိသော မိမိခေါင်းကိုပြန်မတ်လိုက်သည်။ ထိုအပြုအမူကြောင့် အစ်ကိုကြီးက ဇာတ်လမ်းကိုကြည့်နေရာမှ မိမိကိုလှည့်ကြည့်လာသည်။ အစ်ကိုကြီးနှင့်စောနောင် အကြည့်ချင်းဆုံမိသွားကြသည်။

အစ်ကိုကြီးအကြည့်တို့က စောနောင်ကိုရင်ခုန်စေသည်။ တစ်ကိုယ်လုံးလှုပ်ရှားလို့ မရနိုင်အောင် ဆွဲငင်ထားနိုင်သည်။ စောနောင်အစ်ကိုကြီးရဲ့ အကြည့်တွေထဲမှာ မျက်တောင်ခက်ဖို့တောင် မေ့လျော့နေတော့သည်။ တဖြည်းဖြည်းနီးကပ်လာတဲ့ အစ်ကိုကြီးနူတ်ခမ်းများကြောင့် တံတွေးတောင်မြိုချမိလိုက်သည်။ စောနောင်လည်းမျက်လုံးများကို မှတ်ချရင်း ကျရောက်လာမည်ခင်ပွန်းရဲ့ အနမ်းနွေးနွေးကိုစောင့်စားနေမိသည်။ နာဖျားဝသို့ ခင်ပွန်းသည်ရဲ့ လေပြေဝင်သက်ထွက်စက်တို့ ပွတ်သက်ထိတွေ့လာသည်။ နူးညံနွေးထွေးသော နူတ်ခမ်းတစ်စုံက မမိိအထက်နူတ်ခမ်းနှင့်အောက်နူတ်ခမ်းကြားသို့ ထိကပ်လာသည်။ အစ်ကိုကြီးရဲ့အနမ်းတို့ဟာ ရစ်မူးဖွယ်ကောင်းလှသည်။ထိုစဥ် ကျယ်လောင်သည့်အသံက သာယာလှပသောအချိန်လေးကို ဖြိုခွင်းလာတော့သည်။

" နွေရာသီ ပူအိုက်တဲ့ညတစ်ချို့မှာ....လူငယ်တွေ ပလပ်ဖောင်းတီးဝိုင်းလေးပါ.....မိကောင်း ဖခင်သားသမီးတွေပါ.....လက်မှတ်တစ်စောင် လေးငါးထောင်လဲ မပေးရပါ....လမ်းမီးတိုင် နံဘေးနားကတီးဝိူင်းလေးပါ.....မြို့မေတ္တာပို့တဲ့အဖွဲ့ဟာ အချစ်ဆုံးတွေပါ.....ကိုကိုတွေ မျှော်လင့်တဲ့
ပြတင်းပေါက်မှာ....ခင်ပျိုမေ တံခါးဆောင့်ပိတ်တဲ့အခါ...."

Deep Blue (Zawgyi&Unicode)Where stories live. Discover now