Part-9.Unicode and Zawgyi

2K 293 7
                                    

Unicode

Deep Blue

အပိုင်း၉

စောနောင်အိပ်နေရင်း မျက်နာနားက ယွကျိယွကျိနဲ့ ခံစားရလာတာကြောင့် အိပ်စက်ခြင်းနယ်ပယ်မှာ အသိဝင်လာခဲ့သည်။သို့မျက်လုံးတို့ကတော့ လေးလံမူ့ဒဏ်ကြောင့် ဖွင့်လှစ်ဖို့ အခွင့်မသာပါ။အနည်းငယ်အိပ်ချင်မူးတူးလည်း ဖြစ်နေသည်။စောနောင်မိမိပါးပြင်ကအထိအတွေ့တစ်ခုကို သေချာအာရုံခံစားနေမိသည်။ ဘယ်လိုအရာလည်းဆိုတာ အနည်းငယ်သိချင်မိလို့ဖြစ်သည်။

စောနောင်အာရုံစူးစိုက်လိုက်မိသည်။ လက်ညိုးတစ်ချောင်းအရွယ် ခပ်နွေးနွေးအရာတစ်ခုက ပွ​တ်တိုက်ထိတွေ့နေခြင်းဖြစ်သည်။ ထိုအရာဟာစောနောင်ပါးမှတစ်ဆင့် စောနောင်မျက်ခုံးနားထိ ရောက်လာတော့သည်။စောနောင်အလိုမကျစွာ မျက်မှောင်ကျုံလိုက်မိသည်။စော​ေစောနောင်မျက်ခုံးတစ်ဖက်ကို ထိုအရာကစိတ်ကြိုက် ကူးပြောင်းနေသည်။ ထို့နောက်စောင်နောင်ရဲ့ ခပ်ချွန်ချွန်နှာတံခေးပေါ်သို့ အလျင်အမြန်ကူးပြောင်းလာတော့သည်။

ထိုအရာဟာ လကလညိုးတစ်ချောင်းဖြစ်တယ်ဆိုတာကိုတော့ စောနောင်ပိုသတိထားမိလာသည်။ ထိုလက်ညိုးဟာ စောနောင်ရဲ့ ပန်းနှရောင်နူတ်ခမ်းပါးဆီသို့ ကျူးကျော်ထိတွေ့လာသည်။ စောနောင်ရဲ့နူတ်ခမ်းပါးကို အညှင်သာဆုံးထိတွေ့နေလေသည်။ ထိုလက်ညိုးမှရသော အနွေးဓာတ်က စောင်နောင်ရဲ့နှလုံးသားအထိ ကူးစက်သွားသည်။ လုံလောက်သည်ထက် ပိုသောနွေးထွေးမူ့လေးကြောင့် ရင်တစ်ခုလုံးလှိုက်ခနဲ့ဖြစ်သွားရသည်။ထိုခံစားမူ့ကြောင့် လက်ညိုးပိုင်ရှင်အား ဖမ်းဖို့ကြံစည်နေသော စောနောင်သတိလက်လွတ်ပြုံးလိုက်မိသည်။

ပြီးနောက်သူ့နှာခေါင်းနား ရင်းနှီးနေပြီဖြစ်သော အနံတစ်ခုကိုရလိုက်သည်။ ထိုအနံက အစ်ကိုကြီးရဲ့ယောက်ကျားဆန်တဲ့ ကိုယ်သင်းနံတစ်ခုဖြစ်သည်။ လက်ညိုးပိုင်ရှင်ဟာ အစ်ကိုကြီးဆိုတာ မျက်လုံးဖွင့်မကြည့်ပေမယ့် စောနောင်သိနေသည်။ အစ်ကိုကြီးထံမှ ကလေးတစ်ယောက်လို သဘောတကျရယ်သံဟာ နားထဲတိုးညှင်းစွာ ဝင်ရောက်လာသည်။

Deep Blue (Zawgyi&Unicode)Where stories live. Discover now