Part-12 Zawgyi& Unicode

2.1K 292 61
                                    

Unicode

Deep Blue

အပိုင်း၁၂

အစ်ကိုကြီးကို သောက်ဆေးဖြင့်ကုတာ တစ်လပြည့်ပြီဖြစ်သည်။ အကျိုးရလဒ်က သိပ်သိပ်သိသိသာသာမပြသေးပါ။ သို့သော် အရင်ကလိုစိတ်ဖောက်တာမျိုး အရမ်းနည်းလာသည်။ အရင်ကတစ်လကို လေးကြိမ် ၊ငါးကြိမ်လောက် အတိတ်ကအိမ်မက်ဆိုးတွေမက်ပြီး၊ တစ်ခါလောက်တော့အကြီးအကျယ် စိတ်ဖောက်ကာသောင်းကျန်းတတ်ခဲ့သည်။ ဒီတစ်လတော့ အိမ်မက်ဆိုးတွေမက်ပေမယ့် သောင်းကဖန်းတာမျိုးတော့ မရှိသေးပါ။ တရားသေပြောလို့မရတာကြောင့် မှတ်တမ်းတစ်ခုဖြင့်သာ မှတ်သားထားသည်။ ဘယ်ချိန်စိတ်ဖောက်ပြီးသောင်းကျန်းမလဲ မသိတာကြောင့် ကြိုတင်ပြင်ဆင်မူ့တွေလည်းလုပ်ထားရသည်။ ကာကွယ်မူ့တွေ၊ ဖြစ်လာရင်ဘာအရင်လုပ်ကမလဲစတာတွေက ခေါင်းထဲကြိုတွေးထားရသည်။ သို့သော်ခြောက်လအတွင်းရခဲ့သည့် အတွေ့အကြုံကြောင့် တစ်ခုခုဖြစ်ခဲ့ရင် လုပ်သင့်လုပ်ထိုက်တာတွေကို အများကြီးစဥ်းစားစရာတော့ မလိုတော့ပါ။

ဥပမာ-အစ်ကိုကြီးစိတ်အခြေအနေနည်းနည်း မူမမှန်တာနဲ့ အိပ်ခန်းထဲ ချွန်ထက်သည့်အရာတွေကို ဖွက်လိုက်တာမျိုးဖြစ်သည်။ ကွဲစေသည့်အရာတွေကတော့ အစကတည်းက စောနောင်ထုတ်ပိုးသိမ်းစည်းထားပြီးဖြစ်သည်။ ကံကောင်းသည်က အစ်ကိုကြီးဟာ ခြောက်လလုံးလုံး အလုပ်မှာ စိတ်ဖောက်ခြင်းမရှိတာဖြစ်သည်။ စိတ်ဖောက်ပြီးသောင်းကျန်းတာမရှိပေမယ့် စိတ်ဆိုးတာမျိုး၊ တစ်ယောက်တည်း စကားပြောနေတတ်တာမျိုးတော့ ရှိသည်။ သော်သော်တို့ မန်နေဂျာအစ်မကြီးမသူဇာတို့ကတော့ စိတ်ဝေဒနာသည်တိုင်းရဲ့ လက္ခဏာမို့အထူးအဆန်းမဆိုကြပါ။ စောနောင်အလုပ်အားသည့်အချိန်မျိုးတွင် အစ်ကိုကြီးထိုသို့စကားပြောနေလျင် အာရုံစိုက်နားထောင်မိသည်။ တစ်ချို့အရာတွေက မသဲကွဲပေမယ့် "မီးလေး....မီးလေး"ဆိုသောစကားလုံးကတော့ သဲကွဲစွာကြားရတတ်သည်။ စောနောင်မှ မီးလေးက ဘယ်သူလဲမေးသောအခါ အစ်ကိုကြီးအာရုံကပြောင်းသွားပြီး အရင်လိုစောနောင်ကိုစကားတွေပြောနေတော့သည်။ မီးလေးဆိုတာကိုလည်း သူမေ့သွားတော့သည်။ညမီးလေးဆိုသည်က စောနောင်ခန့်မှန်းမိသလောက် အစ်ကိုကြီးရဲ့ဆုံးပါးသွားသော သမီးလေးဖြစ်လောက်မည်။ အစ်ကိုကြီးက ထိုနာမ်စားလေးကို ရေရွတ်တိုင်း စောနောင်အစ်ကိုကြီးကို သနားမိသည်။ အစ်ကိုကြီးဟာ ဆုံးသွားသည့်သူ့သမီးလေးကို အင်မတန်မှချစ်မြတ်နိုးမည် ဆိုတာ စောနောင်သိလိုက်သည်။ မိဘရဲ့မေတ္တာကြောင့် မိဘမဲ့စောနောင်ကြည်နူးမိသလို၊ ဝမ်းနည်းနာကျင်မိသည်။ မိမိမှာ မိဘမရှိလို့ နာကျင်ရသလို၊ အစ်ကိုကြီးကလည်း ရင်မှဖြစ်သော ရင်သွေးနဲ့မိသားစုကို ဆုံးရှုံးရလို့ စိတ်ရောဂါရသည်အထိ ခံစားနေရတယ်ဆိုတာ မျက်မြင်ပင်ဖြစ်သည်။

Deep Blue (Zawgyi&Unicode)Where stories live. Discover now