မှူးအလက်ာ ( One Day )

50.7K 3.1K 320
                                    

                        [ Unicode ]

မာကြူရီမီးအလင်းရောင်ကောင်းစွာရနေတဲ့ ဤနေရာမှာ ထွန်းလင်းနေတဲ့ဒီအလင်းရောင်လို ဒီနေရာသို့ လာသူတိုင်းတောက်ပနိုင်တဲ့ နေရာတစ်ခုမဟုတ်ချေ။ ဘာကြောင့်ဆိုလျှင် ဒီနေရာသည် Daddy ရဲ့ပိုင်ဆိုင်မှု့တစ်ခုတွင်ရှိနေတဲ့ Bar နဲ့ ဟိုတယ် တစ်ခုမို့ဖြစ်သည် ။

ဒီနေ့မှာ အလက်ာ တစ်ယောက် ဦးလေး Eric အစား Bar မှာ စစ်ဆေးရေးလှည့်ခြင်းဖြစ်သည်။

ကျောလည်လောက်ထိရှိတဲ့ ရွှေအိုရောင်ဆံပင်ရှည်တွေကို ခပ်မြင့်မြင့်စည်းနှောင်ထားတဲ့ သူမ ၊
​မေးရိုးချွန်ချွန်​ဖြင့် စမတ်ကျတဲ့မျက်နှာအနေအထား ၊ အနည်းငယ်မျက်မှောင်ကျုံ့သယောင်ရှိတဲ့မျက်ခုံးတို့နှင့် မျက်ဆံကြည်ပြာရောင်တို့က..သူမ အမျက်ဒေါသထွက်နေချိန်ဆိုလျှင် ဓားတစ်စင်းလိုပြတ်သားစူးရှလျှက် အေးစက်ခက်ထန်မှု့ကိုထင်ပေါ်စေသည် ။ သူမမျက်နှာသွင်​ပြင်မှာထူးထူး​ခြား​ခြားပြင်ဆင်ချယ်သခြင်းလုံးဝမရှိ..ပဂတိအသားရည်နဲ့ လှပတဲ့နှုတ်ခမ်းလေးတစ်စုံရှိနေသည်။

အနက်ရောင်တီရှပ်လည်ဝိုင်းနှင့် ဂျင်းဘောင်းဘီအနက်ရောင်အရှည်တို့ကိုဝတ်ဆင်ကာ အပေါ်ကုတ်လည်သာအကျီအရှည်ကိုဝတ်ထားသော သူမသည်..သူမရဲ့ ဘယ်နေရာကိုကြည့်စေခြင်းမှု  လှပသောမိန်းကလေးတစ်ယောက်အသွင်ပျောက်၍ ရဲရင့်တဲ့အမျိုးသမီးတစ်ယောက်အသွင်ရှိနေလေ၏ ။ သူမမှာ ကြွက်သားအနည်းငယ်သာရှိနေမည်ဆို တကယ်ပင် ယောက်ကျားလေးလို့ ထင်မှတ်မိမှာမလွဲပေ ။

Bar ထဲက စိတ်မွန်းကျပ်စွာအပြင်ဘက် ဝရံတာ ဆီကိုထွက်လာသည်။ အလက်ာ ထွက်လာတာမြင်တာနှင့် အသင့်စောင့်နေတဲ့သက်တော်စောင့်တွေက ခေါင်းညိမ့်ကာအရိုအသေပေးလာသည်။
ထိုထဲက တစ်ယောက်ဟာ အလက်ာ ရှေ့ကိုရောက်လာပြီး ၊

" ဆရာ... စီးကရက်.. "

အလက်ာ သူ့ရှေ့ရောက်လာတဲ့စီးကရက်ဗူးနဲ့မီးခြစ်ကိုကြည့်ကာ ခေါင်းခါပြီး..။

" တော်ပြီ .. ငါအပြင်ဘက်ခဏသွားမယ် မင်းတို့အထဲကိုစစ်ဆေးထား "

" ဟုတ်ကဲ့ဆရာ "

ထိုသို့နှင့် အလက်ာ အပြင်ထွက်လာခဲ့သည် ။ ပြီးနောက် ဘောင်းဘီအိတ်ကပ်ထဲက ပီကေဗူးပြားလေးကိုထုတ်ကာ ဝါးနေလိုက်သည်။

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now