Inversely Proportional(ပြောင်...

بواسطة soung8577

2.5M 180K 8.5K

ယံုၾကည္မႈကလည္းအခ်စ္ နားလည္မႈကလည္းအခ်စ္ ေပးဆပ္မႈကလည္းအခ်စ္ ခြင့္လြတ္မႈကလည္းအခ်စ္ ဟု ဆိုခဲ့ေသာ္ ေျပာင္းျပန္အခ်ိ... المزيد

Intro
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 32
Part - 33
Part - 34
Part - 35
Part - 36
Part - 37
Part - 38
Part - 39
Part - 40
Part - 41
Part - 42
Part - 43
Part - 44
Part - 45
Part - 46
Part - 47
Part - 48
Part - 49
Part - 50
Part - 51
Part - 52
Part - 53
Part - 54
Part - 55
Part - 56
Part - 57
Part - 58
Part - 59
Part - 60 (Final)
Extra - 1
Extra - 2
Extra - 3
Hey ❗(လာကြွားတာ)
Present (Extra - 4)

Part - 31

36.1K 2.6K 50
بواسطة soung8577

Operation Room တစ်ခန်းရှေ့ တုနှိုင်းမောင် ခေါက်တုံ့ခေါက်ပြန်လျောက်ရင်း နေမထိထိုင်မသာဖြစ်နေသည် ။

ဘေးဘက်ကခုံးတန်းတွင်တော့ ဘုရားစာထိုင်ရွတ်ရင်းစိတ်ပူပေးနေကြတဲ့ ဒေါ်သန္တာခိုင်နှင့်အန်တီမြရှိသည် ။ မျက်နှာချင်းဆိုင်ခုံတွင်တော့ ရပ်လိုက်ထိုင်လိုက်ဖြစ်နေတဲ့ ထွန်းအောင်နဲ့ ၊ ဘေးဘက်တွင် မင်းထိုက်ရှိသည် ။

"အရမ်းကြာနေတာမဟုတ်ဘူးလားဟင်"

ထွန်းအောင်ရှေ့ရပ်လျက် တုနှိုင်းမောင်ဆိုလာပေမယ့် ထွန်းအောင်လည်း ဘာမှပြန်မဖြေနိုင်သေးဘူး ၊ မဟာအတွက်သူတို့နှစ်ယောက်ကိုယ်တိုင် လန်ဒန်မှ အမျိုးသားကိုယ်ဝန်ဆောင် ခွဲစိတ်ဆရာဝန်တွေကို ဆက်သွယ်ခေါ်ထားပေမယ့် စိတ်ပူနေတုန်းပဲ ။

တုနှိုင်းမောင်စိတ်ထဲ သူသာနည်းနည်းလောက်ထပ်နောက်ကျခဲရင် ၊ မဟာတစ်ခုခုများဖြစ်သွားမလားဆိုတဲ့အတွေးက ဆိုးရွားစွာခြောက်လန့်သည် ။

တစ်ဖက်နဲ့ ပို့ကုန်စာချုပ်ကိုတောင် သေချာမကြည့်နိုင်ဘဲ လက်မှတ်အတင်းထိုး၍သာ ပြန်ဖို့လုပ်နေတဲ့တုနှိုင်းမောင်ကြောင့် ၊ မင်းထိုက် ကားမောင်းပေး၍ အတူလိုက်ခဲ့တာ ကံကောင်းသွားသည်ဟုဆိုရမည် ။

သူကမဟာကိုစိတ်ပူပြီး ပျာယာခက်နေတာကြောင့် ဘာမှမတွေးတတ်နေ ၊ မင်းထိုက်ကပင် ထွန်းအောင်ဆီဖုန်းဆက်ကာအကျိုးအကြောင်းပြောပြီး ဆေးရုံပို့ကာ လိုအပ်တာတွေ စဥ်ပေးရသည် ။

"မာမီ မဟာ..မဟာ အဆင်ပြေမှာပါနော်"

တုနှိုင်းမောင် သူ၏မိခင်ခြေထောက်နားသွားထိုင်လျက် ငိုရင်းမေးလာသည် ။

"ပြေမှာပါသားရဲ့ ဒေါက်တာကြီးတွေက စိတ်ချပေးဖို့ပြောထားတယ်လေ"

"ကျွန်တော်မသွားခဲ့ရင် ကောင်းမှာ"

"သားရယ်အခုလည်းနောက်မကျပါဘူး မာမီတို့ဆေးရုံကိုချက်ချင်းရောက်လာတာပဲလေ"

"အရမ်းကြာနေသလိုပဲ မာမီ မဟာ ၊ မဟာတစ်ခုခု..တစ်ခုခုများ"

"မဟုတ်ပါဘူးသားရဲ့ သာမာန်ခွဲစိတ်မှုမဟုတ်တော့ ပိုကြာနေတာပါ"

"စိတ်မပူနဲ့သူဌေးရယ် အကိုလေးအဆင်ပြေမှာပါ"

အန်တီုမြကပါဝင်နှစ်သိမ့်ပေးတော့ တုနှိုင်းမောင်ခေါင်းငြိမ့်ရင်း ငိုနေပြန်သည် ။ မျက်လုံးထဲတွင်တော့ သူ့လက်ပေါ်မှာနာကျင်မှုကြောင့်မော့မျောသွားတဲ့ မဟာ့ကိုပဲမြင်ယောင်နေသည် ။

"ထွန်း"

"မဟာ အဆင်ပြေမှာပါနော်"

မင်းထိုက်သူ့ဘေးမှာ စိတ်နဲ့လူနဲ့မကပ်စွာထိုင်နေတဲ့ ထွန်းအောင်ပခုံးကို အသာကိုင်လျက်ခေါ်လိုက်တော့ ၊ ထွန်းအောင်ကမော့ကြည့်မလာပေမယ့်ပြန်တော့ပြောလာသည် ။

"အင်း ပြေမှာပါ ဒေါက်တာကြီးတွေက ဘယ်လောက်တောင်တော်ကြလဲ မင်းသိတာပဲ"

လက်ကလေးတွေကိုဆုပ်ကိုင်လျက် မင်းထိုက်ပြန်ဆိုလိုက်တော့ ထွန်းအောင်ကသူ့လက်လေးတွေကို ပြန်ဆုပ်ကိုင်လာသည် ။

"လူနာရှင်ရှင့်"

ခွဲခန်းထဲမှ အလောတကြီးထွက်လာသော သူနာပြုဆရာမလေးကြောင့် တုနှိုင်းမောင် ပြာပြာသလဲထသွားလိုက်ရင်း

"ဘာဖြစ်လို့လဲဆရာမ မဟာဘာအဆင်မပြေလို့လဲ"

"လူနာက အရေးပေါ်သွေးလိုလို့ပါ မိသားစုဝင်ထဲကနေ အဆင်ပြေမလားရှင်"

"မဟာက AB ၊ ဘယ်လိုလုပ်မလဲ ငါကB ငါမရဘူး ထွန်းအောင် မင်းရော ၊ မင်းရောရလား လုပ်ပါဦး ဘယ်လိုလုပ်ရမလဲ"

တုနှိုင်းမောင်အားကိုးတကြီးမေးပေမယ့် ထွန်းအောင်ကစိတ်ရှုပ်စွာခေါင်းခါရမ်းရင်း

"မရဘူး ငါလည်း B"

"AB? ၊ ABဆိုငါရတယ် ဆရာမ ကျွန်တော့်ဆီကလိုသလောက်ယူပါ ကျွန်တော်က AB"

"ကိုထိုက်!"

"အဒါဆို ဒီဘက်လိုက်ခဲ့ပေးပါရှင့်"

"စိတ်မပူကြနဲ့နော် ငါခဏသွားလိုက်ဦးမယ်"

မင်းထိုက်ပြောရင်း ဆရာမနောက်လိုက်သွားတော့သည် ။

ထိုသို့နှင့် အချိန်အတော်ကြာပြီးနောက်တွင်တော့

ကျွီ~~~

ခွဲစိတ်ခန်းတံခါးဖွင့်သံနဲ့အတူ ထွက်လာကြတဲ့ ဆရာဝန်တွေဆီသို့ တုနှိုင်းမောင်ရော ထွန်းအောင်ရော အပြေးသွားကြသည် ။ တုနှိုင်းမောင်ကပင်

How is my husband? . Is he okay?

Don't worry, both the patient and the baby are healthy .

Thank you, really thank you .

Congratulations
Raise your daughter the best you can .

Yes, thank you, Dr.

စီးကျနေသော မျက်ရည်တွေနဲ့ တုနှိုင်းမောင် အရုပ်ကြိုးပျက်ထိုင်ချလိုက်သည် ။ တော်သေးတာပေါ့ ။ နောက်ဆုံးတော့ဖေဖေတို့ဆီ သမီးလေးရောက်လာခဲ့ပြီပဲ ။

နောက်ထပ်ထွက်လာကြတဲ့ သူနာပြုဆရာမလေးတစ်ယောက်ကို ထွန်းအောင်က

"ကျွန်တော်တို့ လူနာကိုဘယ်အချိန်တွေ့လို့ရမလဲဗျ"

"ခဏနေရင် ရပါပြီ"

"ကျေးဇူးပါ"

ထွန်းအောင်လည်း အခုမှသက်ပြင်းချကာ ဘေးဘက်နံရံကိုမှီလျက် ထိုင်ချလိုက်သည် ။

"ဆရာလေး"

"ဟင်"

အန်တီမြကထွန်းအောင်နားလာ၍ခေါ်လိုက်ကာ

"အကိုလေးမင်းထိုက်ဆီသွားကြည့်ပါဦးလား"

"အာ ဟုတ်တယ်"

မေ့နေတာမဟုတ်ပေမယ့် မဟာကိုစိတ်ပူနေတာကြောင့် သွားဖို့မတွေးမိသေးတာ ၊ အန်တီမြပြောမှပဲ သွေးဌာနဘက်သို့ ထွန်းအောင်ထသွားသည် ။

"အော် ဆရာမ ၊ အစောက သွေးလှူပေးတဲ့တစ်ယောက်ရော ဘယ်မှာလဲ"

လမ်းမှာ အစောက မင်းထိုက်နဲ့အတူထွက်သွားသော ဆရာမလေးကိုတွေ့တာကြောင့် ထွန်းအောင်မေးလိုက်သည် ။

"ဟုတ်ကဲ့ ဟိုဘက်မှာရှင့် အိပ်ပျော်သွားပြီထင်တယ် ၊ မွေးလူနာကသွေးထပ်လိုနေတာကို သူဆီကပဲယူပါဆိုလို့ ၂ပုလင်းနီးပါးယူလိုက်ရတယ်"

"ဗျာ"

"အရေးပေါ်ဆိုတော့ နောက်ထပ်ရှာဖို့ကလည်းကြာနေမှာစိုးနေတာ ၊ သူကလည်း သူ့ဆီကပဲယူဖို့တောင်းဆိုနေလို့ပါ"

"ဘယ်နားမှာလဲ"

"ဟိုဘက်အစွန်းဆုံးက ကုတင်မှာပါ"

"ဟုတ်ကဲ့"

ဆရာမလေး ညွှန်ပြတဲ့နားလေးရောက်တော့ မင်းထိုက်သည် လူနာကုတင်ထက် နှစ်ခြိုက်စွာအိပ်ပျော်နေလေပြီ ။ ကျန်းမာရေးကောင်းတဲ့သူဆိုရင်တောင် အဒီပမာဏကအရမ်းများနေတာကို အလုပ်နဲ့ယူထားတဲ့ ဒီကောင်ကပေးတယ်တဲ့လား ။

"အရူး"

ထွန်းအောင် လူနာကုတင်ဘေးက ခုံတန်းတွင်ဝင်ထိုင်လျက် ၊ မင်းထိုက်ရဲ့ ညာဘက်လက်ကလေးကို အသာကိုင်ကာ သွေးဖောက်ထားသောနေရာလေးထက် အနမ်းဖွဖွဖြင့် ထိကပ်မိသည် ။

"ကျေးဇူးတင်ပါတယ်"
.
.
.
လူနာခန်းတစ်ခုထဲရှိ ဇာခြင်ထောင်သေးသေးလေးတစ်ခုထဲ ၊ အဖြူရောင်အနှီးထုတ်လေးနဲ့ လှုပ်လဲ့လှုပ်လဲ့လုပ်နေသော သေးသေးကွေးကွေးလေးကို တုနှိုင်းမောင်မှာ မထိရက်မကိုင်ရက်ဖြစ်နေရသည် ။

ဒါဟာ သူ့သွေးသား ၊ သူ့ကလေးပါလားဆိုတဲ့အသိက ရူးတော့မလိုကြည်နူးစေတယ် ။
ဝမ်းသာပီတိကြောင့်ကျဆင်းနေတဲ့ မျက်ရည်တွေကို သူခပ်ကြမ်းကြမ်းပင်သုတ်ပစ်ပေမယ့် မရပ်တမ်းစီးကျနေလေရဲ့ ။ မဟာကတော့ ဆေးအရှိန်နဲ့သတိရမလာသေး ။

"ကလေးလေးက ချစ်ဖို့ကောင်းလိုက်တာ"

အန်တီမြက ရပ်ကြည့်ရင်းဆိုလာသော တုနှိုင်းမောင်ခေါင်းတဆက်ဆက်ငြိမ့်ရင်းသာ ဖြေသည် ။ ရင်ထဲဝမ်းသာကြည်နူးနေမှုက မည်သည့်စကားမှမဆိုနိုင်သေးဘူး ။

"မာမီသားအငိုသန်တာ မသိခဲ့ဘူး ၊ ကြည့်စမ်းပါဦး မြေးမလေးတောင်မငိုတာကို"

မိခင်ဖြစ်သူက စနောက်ရင်း ဆိုလာပေမယ့် သူမတုန့်ပြန်တိုင်သေး ၊ သူ့ရဲ့ကလေးလေးကို ဘယ်လောက်ပင်ကြည့်ကြည့် သူကြည့်မဝဖြစ်နေတာ ။

မျက်ဝန်းလေးတွေမှိုတ်ထားပေမယ့် လက်သေးသေးလေးတွေကလှုပ်နေတယ် ။

ခြေထောက်သေးသေးလေးတွေက ပိစိလေးမလို့ အသဲယားစွာကိုင်ထားလိုက်ရင် သူ့ရဲ့လက်ဝါးထဲ ပျောက်နေမည်ထင်သည် ။

ဦးခေါင်းသေးသေးလေးထက် မဲနက်နက်ဆံပင်လေးတွေက ရှည်နေပြန်တော့ အူယားရပြန်သည် ။

နီရဲနေတဲ့ နှုတ်ခမ်းသေးသေးလေးက ဘယ်လိုလေးတောင်ချစ်ဖို့ကောင်းနေတာလား ။

အစိတ်အပိုင်းတစ်ခုစီတိုင်းကအစ မြတ်နိုးဖို့ကောင်းနေလိုက်တာ ။

"ချီကြည့်လေသား ဒီလိုလေးလုပ်"

မိခင်ဖြစ်သူက ခြင်ထောင်လေးကဖွင့်လျက် ကလေးလေးကိုချီပွေ့ကာ သူ့ဆီကမ်းပေးလာသည် ။ လေတိုး၍ပင် နာသွားမလားဆိုသည့်အတွေးနဲ့ တုန်ယင်နေတဲ့လက်တွေကို သူကိုယ်တိုင်အသိဆုံး ။

"ဖြည်းဖြည်းလေး ဒီလို"

ချီပုံချီနည်းသင်ပေးရင်း သူ့လက်ထဲရောက်လာတဲ့ အနှီးထုတ်လေးနဲ့နူ့နူ့ညံ့ညံ့လေးက သူ့ရဲ့သမီးလေးတဲ့ ။

တုနှိုင်းမောင် လက်ထဲရောက်တာနဲ့ သမီးလေးက သူ့ရဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေ ဖွင့်ကြည့်လာသည် ၊ ချစ်လွန်းလို့ရူးရတော့မည်ထင်သည် ။

(ကျေးဇူးတင်ပါတယ် သမီးလေး ၊ ဖေဖေတို့ဆီကို အကောင်းမွန်ဆုံးရောက်လာပေးလို့ ကျေးဇူးတင်ပါတယ်)

"သား မွေးကင်းစကလေးကို မိခင်နို့တိုက်ပေးရတယ် ဘယ်လိုလုပ်ချင်လဲ ၊ အခြားမွေးမိခင်တစ်ယောက်ယောက်ဆီက"

"ဟင့်အင် အခြားနည်းမရှိဘူးလားမာမီ ၊ သမီးလေးကို အခြားသူတွေဆီက နို့ရည်မတိုက်ချင်ဘူး"

"အဒီအတွက်ငါစဥ်ထားပေးတယ် ခဏနေရောက်လိမ့်မယ်"

"ဘာမှားထားတာလဲ ဆရာလေး"

"မိခင်နို့အစားထိုနို့ရည်လေ သိလို့ ကြိုမှာထားတယ်"

အခန်းထဲဝင်လာရင်းဆိုတဲ့ ထွန်းအောင်က သူ့နားလာရပ်ကာ လက်ထဲမှ သေးသေးလေးနားကိုကြည့်ရင်းပြုံးနေသည် ။

"အူယားစရာလေး"

"ထွန်းအောင်"

"ပြော"

"ကျေးဇူးတင်ပါတယ်"

"အင်း"

"နောက်ပြီး..တောင်းပန်ပါတယ်"

တုနှိုင်းမောင်စကားကြောင့် ထွန်းအောင်က လူနာကုတင်ထက်က မဟာကိုကြည့်ကာ

"ငါမသိတော့ဘူး တုနှိုင်းမောင် ၊ မဟာဘာတွေတွေးထားလဲဆိုတာ ငါမသိဘူး ၊ သေချာတာကတော့ သူမင်းနားကထွက်သွားလိမ့်ဦးမယ်"

ထွန်းအောင် စကားအဆုံးမှာ နာကျင်သွားရတဲ့ နှလုံးသားကိုဥပက္ခာပြုရင်း တုနှိုင်းမောင် ဟန်ဆောင်ပြုံးလိုက်သည် ။

"အင်း"

"ငါမတားနိုင်ဘူး"

"သိပါတယ်"

"မင်းဘယ်အတိုင်းအတာထိ မဟာ့အပေါ်နားလည်ပေးမလဲငါမသိဘူး ၊ ငါပြောချင်တာက မဖြစ်နိုင်လောက်တော့ဘူးထင်ရင် မင်းဘက်ကလက်လျော့ပါ မင်းနဲ့ကလေးအတွက်ပြောတာ ၊ မဟာက မင်းထင်ထားတာထက် ပိုဆိုးတယ်"

"ငါ မဟာကိုဘယ်တော့မှလက်လျော့မှာမဟုတ်ဘူး ငါအဆင်ပြေပါတယ်၊ သူငါ့နားမှာရှိမနေပေမယ့် တစ်နေ့ပြန်လာမယ်ဆိုတဲ့စိတ်နဲ့တင် ငါအဆင်ပြေပါတယ်"

"ငါ သမီးလေးအတွက် စိတ်မကောင်းဘူး"

"ငါ့အပြစ်ပါ ငါမှားခဲ့တာ"

"အင်း"

"မင်းထိုက်ရော အဆင်ပြေရဲ့လား"

"အရူးကောင်က သွေး၂ပုလင်းထုတ်ပေးပြီး အခုအိပ်ပျော်နေတယ်"

"၂ပုလင်းတောင်"

"အင်း"

"မင်းထိုက်ကြောင့်သာမဟုတ်ရင် ငါတို့အတော်အခက်တွေ့သွားမှာပဲ ၊ ငါအဒါကိုမတွေးထားမိလို့ ကြိုမရှာထားမိဘူး"

"အင်း"

တုနှိုင်းမောင်ထက်ထဲမှ လှုပ်စိလှုပ်စိလေးကို ၊ ထွန်းအောင် အသဲယားစွာဖြင့် ။

"ငါချီကြည့်ချင်တယ်"

ခွင့်တောင်းလာသော ထွန်းအောင်ကို တုနှိုင်းမောင်ယခင်စိတ်နဲ့သာဆို မနာလိုစွာ အကဲပိုပြီးငြင်းမိမည်ထင်သည် ။

"အင်း"

"စိတ်မပူပါနဲ့ ငါလက်ဆေးလာပြီးသား"

တုနှိုင်းမောင် အတွေးကိုသိနေတဲ့ ထွန်းအောင်ကပြောလိုက်တော့ ဘေးမှအန်တီမြတို့က ခပ်တိုးတိုးရယ်သည် ။

"ငါဘာပြောလို့လဲ"

"ငါ့တူမလေးကို ငါချီခွင့်ရှိတယ်မလား"

"အေးပါ"

ကလေးကိုထိခိုက်မိမှာစိုးသည့်အလား ၊ ဖြေးဖြေးလေးနဲ့သာသာလေး သူ့လက်ထဲသို့ထည့်ပေးနေသော တုနှိုင်းမောင်ကို ကြည့်ကာ ထွန်းအောင်က ။

"ငါကဆရာဝန်နော်"

"သိပါတယ်"

ထွန်းအောင်သူ့ရဲ့လက်ထဲမှ ကလေးလေးကိုကြည့်ရင်း မည်သူမျှမကြားနိုင်သော တောင်းပန်စကားကိုတီးတိုးဆိုမိသည် ၊ သမီးလေးအတွက်သူတကယ်စိတ်မကောင်းဘူး ။

"သျှင်ယွန်းမြတ်"

"ဟင်"

"မဟာစဥ်းစားပြီးပေးထားတဲ့ ကလေးနာမည် ယွန်းလေး ၊ သျှင်ယွန်းမြတ်တဲ့"

ကြည်နူးမှုတွေရဲ့နောက်မှာနာကျင်မှူက ကပ်ပါလာရပြန်သည် ။

ငါတကယ်ကိုတောင်းပန်ပါတယ် မဟာ ။

"ဟာ ဟေ့ ဟေ့"

ထွန်းအောင် ကလေးလေးကိုမြတ်နိုးစွာ မွှေးကြူချင်လို့ ပါးလေးကိုအသာထိမလို့ လုပ်လိုက်တော့ ၊ တုနှိုင်းမောင်က အော်ကာအတင်းတားလိုက်တာကြောင့် ။

"ဘာတုန်းဟ"

"ဘာကို ဘာတုန်းလဲ မင်းဆရာဝန်မဟုတ်ဘူးလား ၊ မွေးခါစကလေးကိုမနမ်းရဘူးလေ"

"အမ်"

"ငါ့သမီးလေးကို ငါတောင်မနမ်းရသေးဘူး"

"မင်းဆိုသည်မှာလေ"

"ဘာတုန်း"

"ဘာမတုန်းဘူး ရော့ချီ ၊ ငါမင်းထိုက်ဆီပြန်သွားလိုက်ဦးမယ် တကယ်လို့မဟာသတိအရင်ရလာရင် ဖုန်းဆက်ပေး"

"အင်းပါ"

ကလေးကို တုနှိုင်းမောင်လက်ထဲပြန်ထည့်ပေးကာ ထွန်းအောင်ရယ်လျက်ပြန်ထွက်သွားသည် ။ ကျန်ခဲ့တဲ့ တုနှိုင်းမောင်ကတော့ သမီးလေးကိုကြည့်မဝစွာပင် အောက်မချဘဲ တစ်ချိန်လုံးချီထားလေရဲ့ ။

ထိုအချိန် မင်းထိုက်ရဲ့ကုတင်ဘေးရဲ့မှာ မင်းထိုက်ရဲ့လက်ကလေးကိုဆုပ်ကိုင်လျက် ထိုင်နေသော ထွန်းအောင် ။

"အရူး မုန်းစရာကောင်းတယ်"

ပါးစပ်ကတတွတ်တွတ်ရွတ်ဆိုနေသော စကားနဲ့ဆန့်ကျင်စွာ ၊ လက်ကလေးကို သူ့လက်ထဲတွင် တင်းကျပ်စွာ အံ့ဝင်ဂွင်ကျမလွတ်တမ်း ကိုင်ထားမြဲ ။

ခဏကြာ မင်းထိုက်ကိုယ်လေးအနည်းငယ်လှုပ်လာတော့ ၊ ထွန်းအောင်သူ့လက်ထဲမှ လက်ကလေးကို ပြန်လွတ်ရင်း ခပ်တည်တည်ပြန်ထိုင်နေလိုက်သည် ။

"အင်း.."

"နိုးပြီလား"

မင်းထိုက်မျက်လုံးဖွင့်လိုက်ချင်း ဘေးမှာမြင်လိုက်ရတဲ့ ထွန်းအောင်ကြောင့် ၊ လန့်သွားပြီး ထထိုင်မိတော့ ခေါင်းကမိုက်ခနဲဖြစ်သွားရကာ ။

"အား"

"ကျစ် ၊ အဒီလိုတန်းထလိုက်တော့ ဖြစ်မလား!"

"ငါ"

ထွန်းအောင်ရဲ့အော်ဟစ်ဆူငေါက်သံကြောင့် မင်းထိုက်မှာပြောစရာစကားတောင်ရှာမရတော့ ။

"အိမ်ပြန်နားရအောင်"

"ဟင်"

"မင်းအနားယူဖို့လိုသေးတယ်"

"အာ အင်း မဟာရော ၊ မဟာအဆင်ပြေရဲ့လား"

"ပြေတယ်"

"တကယ်သမီးလေးပဲလား"

"အင်း"

"ကောင်းလိုက်တာ ၊ နှိုင်းကလည်းသမီးလေးလိုချင်ခဲ့တာ"

"သားဖြစ်တော့ရော ဘာဖြစ်တုန်း"

"ငါပြောတာက"

"ဘာမှပြောမနေနဲ့"

ထွန်းအောင်သည် အခုထိပဲ မဟာနဲ့ပတ်သတ်ပြီးတုနှိုင်းမောင်ကို အမြင်မကြည်တုန်းထင်သည် ။

"အင်း ဒါနဲ့ ကလေးလေးက အရမ်းချစ်ဖို့ကောင်းမှာပဲဟုတ်တယ်မလား ၊ ငါသွားတွေ့ချင်တယ်"

"နောက်ရက်မှတွေ့လို့ရပါတယ် အခုမင်းအိမ်ပြန်နားဖို့လိုတယ်"

"ငါက"

"ကိုထိုက်"

"အာ အင်းပါ"

ထွန်းအောင်ထပ်အော်လိုက်တာကြောင့် မင်းထိုက် ခေါင်းငြိမ့်ပြလိုက်ရသည် ။ ဒါရောဆို သူထွန်းအောင်ဆီက ဂရုစိုက်မှုကိုပြန်ရတာ ဒုတိယအကြိမ်ပဲ ၊ ကားနားထိလည်း လက်မောင်းကနေထိန်းဆွဲပေးတာကြောင့် မင်းထိုက်ထပ်ပျော်ရပြန်သည် ။

လမ်းတစ်လျောက်လုံးမည်သည့်စကားမှမဆိုပေမယ့် တစ်ချက်တစ်ချက်တော့လှည့်ကြည့်လာတာကြောင့်

"ဘာဖြစ်လို့လဲ"

"အဆင်ပြေလားကြည့်တာ မူးနေသေးလား"

"ပြေပါတယ် ၊ မင်းသိလား ငါအဒီတုန်းကပျော်နေခဲ့တာ"

"ဘာလို့လဲ"

"မဟာ ငါ့သွေးနဲ့အဆင်ပြေသွားလို့လေ"

"အင်း ဟုတ်တယ် အရူးဆိုရင်တောင် တစ်ခါထဲနဲ့ သွေး၂ပုလင်းထုတ်မပေးလောက်ဘူး"

ထွန်းအောင်စကားကြောင့် မင်းထိုက်ကခပ်တိုးတိုးရယ်သည် ။

"ကျေးဇူး"

"ဟင်"

"ကျေးဇူးတင်ပါတယ်လို့"

"ငါ ကျေးဇူးမလိုချင်ဘူး"

"အဒါဆိုဘာလိုချင်လို့လဲ"

"မင်း"

"ဟမ်"

"မင်းကိုလိုချင်တာ"

ကျွီ..

"အမေ့"

ထွန်းအောင် ဘရိတ်ဆောင့်အုပ်လိုက်တာကြောင့် ၊ မင်းထိုက်မထိန်းနိုင်စွာ ရှေ့သို့ယိုင်သွားကာ ထအော်မိသည် ။

"အာ sorry ခိုက်မိသွားသေးလား"

"ရပါတယ်"

"sorry"

ဘာမှဆက်မပြောသလို ဘာမှဆက်မေးမလာတဲ့ ထွန်းအောင်သည် မင်းထိုက်ဘက်ကိုမကြည့်တော့ပဲ ကားကိုသာဆက်မောင်းနေတော့သည် ။

တကယ်ပါပဲ ထွန်းရာ ငါမင်းကိုဘယ်လိုပြန်ပြောရမလဲ ။
.
.
.
မဟာသတိပြန်ရလာချင်း အခြားမည်သည့်နာကျင်မှုမှရှိမနေသော်လည်း လှုပ်လိုက်ရင်တော့ ဗိုက်နေရာမှခပ်ရှရှလေးခံစားနေရသည် ။

"မဟာလေး သားအဆင်ပြေရဲ့လား နာတာရှိလား"

ဘေးမှအသံကြောင့် မဟာခေါင်းစောင်းကြည့်လိုက်တော့ ဒေါ်သန္တာခိုင်ကစိုးရိမ်စွာမေးနေတာကြောင့် မဟာအသာပင်ခေါင်းခါရမ်းပြလိုက်သည် ။

"ကလေးလည်း အကုန်အဆင်ပြေတယ် အခုဆေးစစ်စရာတွေရှိသေးလို့ သားပါလိုက်သွားတာ"

မသိချင်သော အဖြေကိုပေးလာတာကြောင့် မဟာမျက်ဝန်းများပြန်မှိုတ်ထားရင်း ငြိမ်နေလိုက်သည် ။ အဒါသူနဲ့မဆိုင်ဘူးမဟုတ်လား ။

"မာမီ "

ခဏကြာ တုနှိုင်းမောင်ဝင်လာတဲ့ အသံကြားတော့ မဟာမျက်လုံးဖွင့်ကြည့်လိုက်တော့ ၊ တုနှိုင်းမောင်ကလက်ထဲတွင် အဖြူရောင်အနှီးထုတ်လေးကို ပွေ့ချီထားသည် ။

"မဟာ သတိရပြီလား အဆင်ပြေရဲ့လား နေလို့မကောင်းတာတွေရှိလား"

မဟာ သတိရတာမြင်တာနဲ့ မဟာ့အနားအပြေးရောက်လာပြီးမေးသည် ။

"မရှိဘူး"

ဖြေပြီးတာနဲ့ မဟာပြန်၍မျက်လုံးများမှိတ်သွားသည် ၊ သမီးလေးကိုတစ်ချက်မှကြည့်မသွားခဲ့ဘူး ။

"ကလေးအိပ်သွားပြီလား သား"

"ဟုတ်မာမီ"

"ချသိပ်ထားပါဦးလား"

"ဟုတ်"

ကလေးကို ပုခက်သေးသေးလေးထဲ သိပ်လျက် တုနှိုင်းမောင်ကဘေးနားမှာထိုင်နေသည် ၊ ဖြစ်နိုင်ရင် တစ်ချိန်လုံးပွေ့ချီထားချင်တာ ။

"သား မာမီနဲ့မမြ အိမ်ခဏပြန်လိုက်ဦးမယ် ၊ သားအဝတ်စားလဲဖို့လည်းတစ်ခါထဲယူခဲ့လိုက်မယ်လေ"

"ဟုတ်ကဲ့"

ဒေါ်သန္တာခိုင်နဲ့အန်တီမြထွက်သွားပြီး ခဏကြာ ၊ မဟာက

" တူနှိုင်းမောင်"

"နောက်မှ ၊ နောက်မှပြောတာပေါ့"

တုနှိုင်းမောင်က မဟာကိုငြင်းလိုက်သည် ။ သူခဏလေးဖြစ်ဖြစ် ထပ်ပြီး အချိန်ဆွဲချင်သေးသည် ။

"ဆေးရုံဘယ်တော့ဆင်းရမှာလဲ"

"မဟာ"

"မင်းရဲ့ကလေးမင်းဆီရောက်နေပြီပဲ ပြီးပြီလေ"

ပြတ်သားစွာဆိုနေတဲ့ မဟာ့ရဲ့စကားတွေကို သူတကယ်နားမထောင်နိုင်သေးဘူး ။

"မဟာ ငါ..ငါ့ကို"

"မင်းစကားမင်းတည်ဖို့မျှော်လင့်ပါတယ် ၊ ငါ့ကိုထပ်ဆွဲထားဖို့မကြိုးစားနဲ့ပါ"

"ဆေးရုံက နောက်ထပ် ၃ရက်လောက်နေရဦးမယ်"

"၃ရက် ဟုတ်ပြီ"

စကားသံတို့တိတ်ဆိတ်သွားတဲ့အခန်းထဲမှာ ဆိတ်ငြိမ်မှုသာကြီးစိုးထားသည် ။

"သမီးလေး...သမီးလေးနာမည်ကို ၊ သျှင်ယွန်းမြတ်လို့ပေးလို့ရမလား"

"မင်းကလေးနာမည် ဘာလို့ငါ့ကိုလာမေးနေတာလဲ"

"ငါအဒီနာမည်လေးပေးချင်လို့"

"အဒါမင်းကိစ္စ"

မဟာဘယ်အချိန်ကထဲက ထိုကဲ့သို့ပြောင်းလဲသွားရသနည်း ။ ပြောင်းလဲစေတဲ့ တရားခံက ကိုယ်တိုင်ပင်မလို့ အပြစ်ဟုမဆိုရက်ပါ ။

"တုနှိုင်းမောင်"

"ဟင်"

"ငါ့ကိုမစောင့်ပါနဲ့"

"ဘာလို့လဲ"

"မင်းနဲ့ပတ်သတ်ပြီး ငါ့စိတ်ကိုငါမနိုင်ဘူး ၊ ငါ့ကိုဆွဲမထားပါနဲ့ ငါပိုအဝေးကိုထွက်သွားမှာ"

"ရတယ် ဘယ်လောက်ကြာကြာ မောင် မင်းကိုစောင့်နေမှာ"

(မောင်? ၊ မောင်တဲ့လား အဒီနာမ်စားပျောက်ဆုံးသွားခဲ့တာ လွန်ခဲ့တဲ့ ၄ နှစ်ကထဲကလေ)

နောက်တစ်နေ့ ။

မဟာကတော့ ကလေးနဲ့ပတ်သတ်ပြီးမည်သည့်စကားမှမဆိုလာသလို ၊ တစ်ချက်မှပင် မကြည့်ခဲ့ဘူး ။

"မဟာ မဟာမြတ်သူ!"

အော်ဟစ်ရင်းဝင်လာတဲ့ထွန်းအောင်အသံကြောင့် တုနှိုင်းမောင် ပုခက်နားလေးသွားကာ ကလေးကိုကောက်ယူပွေ့ချီလိုက်သည် ၊ လန့်သွားမှဖြင့် ။

"ဟေ့ကောင် မင်း"

လက်ထဲတွင်ကိုင်လာသော စာရွက်စာတမ်းအချို့နှင့် ၊ ဒေါသအချို့ဖုံးလွှမ်းနေတဲ့ ထွန်းအောင်ရဲ့မျက်ဝန်းတွေကိုမြင်တော့ တုနှိုင်းမောင်ဆက်မပြောဖြစ်တော့ ။

"ဒါတွေကဘာလဲ"

ထိုစာရွက်တွေကို ကုတင်ပေါ်ရှိ မဟာရှေ့သို့ပြရင်းမေးနေသည် ။

"မင်းမြင်တယ်မဟုတ်လား"

"မဟာ!"

"အင်း"

"မင်းဘယ်လိုတွေတွေးနေတာလဲ ၊ အခုမှ အခုမှမင်းကလေးမွေးပြီးတာလေ တကယ်ပဲဘာတွေလုပ်နေတာလဲ"

သူတို့စကားများကို တုနှိုင်းမောင်နားမလည်ပေမယ့် ကောင်းသောအရာမဟုတ်တာတော့ သိလိုက်သည် ။

"၁လ အတွင်း မင်းဘယ်လိုလုပ်ချင်နေတာလဲ အနားယူရဦးမှာ မင်းမသိဘူးလား မင်းဆရာဝန်မဟုတ်ဘူးလား"

"အဒီတော့"

"မဟာမြတ်သူ!"

"ငါ ၆ လနီးပါးနောက်ဆုတ်ပေးထားတယ်မဟုတ်လား တော်လိုက်တော့"

"တောက်! မဟာ"

"တော်တော့ အထွန်း ၊ ငါဒီတစ်ခါထပ်ပြီးအလျော့ပေးမှာမဟုတ်ဘူး"

"ကျစ် မင်းကွာ"

စာရွက်တွေကို ကုတင်ပေါ်ပစ်ချလိုက်ရင်း ထွန်းအောင်ကဘေးမှခုံထက် စိတ်ပျက်စွာထိုင်လိုက်သည် ။

လက်ထဲတွင်ပြန်အိပ်ပျော်သွားသော သမီးလေးကို တုနှိုင်းမောင်ပြန်ချသိပ်လျက် ၊ အစောကထွန်းအောင်ပစ်ချထားသော စာရွက်တို့ကိုယူကြည့်လိုက်သည် ။

"ဒါက ဒါကဘာလဲ"

သူအချက်အလက်တွေကိုစစ်ကြည့်ရင်း ထွန်းအောင်ကိုပဲမေးလိုက်သည် ။

"၁လ အတွင်း မဟာ Australia ကိုသွားလိမ့်မယ်"

"ဘယ်လို"

"ငါသွားမယ်ဆိုတာ မင်းတို့သိပြီးသားမဟုတ်လား ဘာလဲ ၊ ထပ်တားဖို့ကြိုးစားဦးမလို့လား"

"မဟာ"

"တုနှိုင်းမောင် မင်းကိုယ်တိုင် ရတယ်လို့ပြောခဲ့တာနော်"

"သူမရဘူးပြောလည်းမင်းသွားမှာပဲမဟုတ်လား"

"အထွန်း မင်းကပါငါ့ကိုထပ်ပြီးမတားတော့ရင်ကောင်းမယ်"

"၁လအတွင်းဆိုတာကျတော့ မမြန်လွန်းနေဘူးလား မဟာ"

"မင်းမှာငါ့ကိုတားပိုင်ခွင့်ရှိလို့လား ၊ မဟုတ်ဘူး မင်းတားနိုင်ရဲ့လား"

လုံလောက်ပါတယ်မဟာ ၊ အဒီစကားနဲ့တင်လုံလောက်ပါတယ် ။ တားချင်ပေမယ့် တားပိုင်ခွင့်မရှိသလို မတားနိုင်ပါဘူး ၊ ဒါဟာနောက်ထပ်အပြစ်ပေးနည်းတစ်မျိုးပေါ့ ။

မောင်ဘယ်လိုတောင်းပန်ရမလဲ မဟာ ။
မောင်မှားခဲ့တာတွေအတွက် မောင့်ကိုပဲအပြစ်ပေးလို့မရဘူးလား ။
သမီးလေးကို တစ်ချက်မှကြည့်မလာတဲ့ မင်းစိတ်က ပြတ်သားလွန်းနေလိုက်တာ မဟာရယ် ။

********************************
**********************************

ဆက်ရန်
.
.
.
.
.
Zawgyi

Operation Room တစ္ခန္းေရွ႕ တုႏွိုင္းေမာင္ ေခါက္တုံ႕ေခါက္ျပန္ေလ်ာက္ရင္း ေနမထိထိုင္မသာျဖစ္ေနသည္ ။

ေဘးဘက္ကခုံးတန္းတြင္ေတာ့ ဘုရားစာထိုင္႐ြတ္ရင္းစိတ္ပူေပးေနၾကတဲ့ ေဒၚသႏၱာခိုင္ႏွင့္အန္တီျမရွိသည္ ။ မ်က္ႏွာခ်င္းဆိုင္ခုံတြင္ေတာ့ ရပ္လိုက္ထိုင္လိုက္ျဖစ္ေနတဲ့ ထြန္းေအာင္နဲ႕ ၊ ေဘးဘက္တြင္ မင္းထိုက္ရွိသည္ ။

"အရမ္းၾကာေနတာမဟုတ္ဘူးလားဟင္"

ထြန္းေအာင္ေရွ႕ရပ္လ်က္ တုႏွိုင္းေမာင္ဆိုလာေပမယ့္ ထြန္းေအာင္လည္း ဘာမွျပန္မေျဖနိုင္ေသးဘူး ၊ မဟာအတြက္သူတို႔ႏွစ္ေယာက္ကိုယ္တိုင္ လန္ဒန္မွ အမ်ိဳးသားကိုယ္ဝန္ေဆာင္ ခြဲစိတ္ဆရာဝန္ေတြကို ဆက္သြယ္ေခၚထားေပမယ့္ စိတ္ပူေနတုန္းပဲ ။

တုႏွိုင္းေမာင္စိတ္ထဲ သူသာနည္းနည္းေလာက္ထပ္ေနာက္က်ခဲရင္ ၊ မဟာတစ္ခုခုမ်ားျဖစ္သြားမလားဆိုတဲ့အေတြးက ဆိုး႐ြားစြာေျခာက္လန့္သည္ ။

တစ္ဖက္နဲ႕ ပို႔ကုန္စာခ်ဳပ္ကိုေတာင္ ေသခ်ာမၾကည့္နိုင္ဘဲ လက္မွတ္အတင္းထိုး၍သာ ျပန္ဖို႔လုပ္ေနတဲ့တုႏွိုင္းေမာင္ေၾကာင့္ ၊ မင္းထိုက္ ကားေမာင္းေပး၍ အတူလိုက္ခဲ့တာ ကံေကာင္းသြားသည္ဟုဆိုရမည္ ။

သူကမဟာကိုစိတ္ပူၿပီး ပ်ာယာခက္ေနတာေၾကာင့္ ဘာမွမေတြးတတ္ေန ၊ မင္းထိုက္ကပင္ ထြန္းေအာင္ဆီဖုန္းဆက္ကာအက်ိဳးအေၾကာင္းေျပာၿပီး ေဆး႐ုံပို႔ကာ လိုအပ္တာေတြ စဥ္ေပးရသည္ ။

"မာမီ မဟာ..မဟာ အဆင္ေျပမွာပါေနာ္"

တုႏွိုင္းေမာင္ သူ၏မိခင္ေျခေထာက္နားသြားထိုင္လ်က္ ငိုရင္းေမးလာသည္ ။

"ေျပမွာပါသားရဲ႕ ေဒါက္တာႀကီးေတြက စိတ္ခ်ေပးဖို႔ေျပာထားတယ္ေလ"

"ကြၽန္ေတာ္မသြားခဲ့ရင္ ေကာင္းမွာ"

"သားရယ္အခုလည္းေနာက္မက်ပါဘူး မာမီတို႔ေဆး႐ုံကိုခ်က္ခ်င္းေရာက္လာတာပဲေလ"

"အရမ္းၾကာေနသလိုပဲ မာမီ မဟာ ၊ မဟာတစ္ခုခု..တစ္ခုခုမ်ား"

"မဟုတ္ပါဘူးသားရဲ႕ သာမာန္ခြဲစိတ္မႈမဟုတ္ေတာ့ ပိုၾကာေနတာပါ"

"စိတ္မပူနဲ႕သူေဌးရယ္ အကိုေလးအဆင္ေျပမွာပါ"

အန္တီုျမကပါဝင္ႏွစ္သိမ့္ေပးေတာ့ တုႏွိုင္းေမာင္ေခါင္းၿငိမ့္ရင္း ငိုေနျပန္သည္ ။ မ်က္လုံးထဲတြင္ေတာ့ သူ႕လက္ေပၚမွာနာက်င္မႈေၾကာင့္ေမာ့ေမ်ာသြားတဲ့ မဟာ့ကိုပဲျမင္ေယာင္ေနသည္ ။

"ထြန္း"

"မဟာ အဆင္ေျပမွာပါေနာ္"

မင္းထိုက္သူ႕ေဘးမွာ စိတ္နဲ႕လူနဲ႕မကပ္စြာထိုင္ေနတဲ့ ထြန္းေအာင္ပခုံးကို အသာကိုင္လ်က္ေခၚလိုက္ေတာ့ ၊ ထြန္းေအာင္ကေမာ့ၾကည့္မလာေပမယ့္ျပန္ေတာ့ေျပာလာသည္ ။

"အင္း ေျပမွာပါ ေဒါက္တာႀကီးေတြက ဘယ္ေလာက္ေတာင္ေတာ္ၾကလဲ မင္းသိတာပဲ"

လက္ကေလးေတြကိုဆုပ္ကိုင္လ်က္ မင္းထိုက္ျပန္ဆိုလိုက္ေတာ့ ထြန္းေအာင္ကသူ႕လက္ေလးေတြကို ျပန္ဆုပ္ကိုင္လာသည္ ။

"လူနာရွင္ရွင့္"

ခြဲခန္းထဲမွ အေလာတႀကီးထြက္လာေသာ သူနာျပဳဆရာမေလးေၾကာင့္ တုႏွိုင္းေမာင္ ျပာျပာသလဲထသြားလိုက္ရင္း

"ဘာျဖစ္လို႔လဲဆရာမ မဟာဘာအဆင္မေျပလို႔လဲ"

"လူနာက အေရးေပၚေသြးလိုလို႔ပါ မိသားစုဝင္ထဲကေန အဆင္ေျပမလားရွင္"

"မဟာက AB ၊ ဘယ္လိုလုပ္မလဲ ငါကB ငါမရဘူး ထြန္းေအာင္ မင္းေရာ ၊ မင္းေရာရလား လုပ္ပါဦး ဘယ္လိုလုပ္ရမလဲ"

တုႏွိုင္းေမာင္အားကိုးတႀကီးေမးေပမယ့္ ထြန္းေအာင္ကစိတ္ရႈပ္စြာေခါင္းခါရမ္းရင္း

"မရဘူး ငါလည္း B"

"AB? ၊ ABဆိုငါရတယ္ ဆရာမ ကြၽန္ေတာ့္ဆီကလိုသေလာက္ယူပါ ကြၽန္ေတာ္က AB"

"ကိုထိုက္!"

"အဒါဆို ဒီဘက္လိုက္ခဲ့ေပးပါရွင့္"

"စိတ္မပူၾကနဲ႕ေနာ္ ငါခဏသြားလိုက္ဦးမယ္"

မင္းထိုက္ေျပာရင္း ဆရာမေနာက္လိုက္သြားေတာ့သည္ ။

ထိုသို႔ႏွင့္ အခ်ိန္အေတာ္ၾကာၿပီးေနာက္တြင္ေတာ့

ကြၽီ~~~

ခြဲစိတ္ခန္းတံခါးဖြင့္သံနဲ႕အတူ ထြက္လာၾကတဲ့ ဆရာဝန္ေတြဆီသို႔ တုႏွိုင္းေမာင္ေရာ ထြန္းေအာင္ေရာ အေျပးသြားၾကသည္ ။ တုႏွိုင္းေမာင္ကပင္

How is my husband? . Is he okay?

Don't worry, both the patient and the baby are healthy .

Thank you, really thank you .

Congratulations
Raise your daughter the best you can .

Yes, thank you, Dr.

စီးက်ေနေသာ မ်က္ရည္ေတြနဲ႕ တုႏွိုင္းေမာင္ အ႐ုပ္ႀကိဳးပ်က္ထိုင္ခ်လိဳက္သည္ ။ ေတာ္ေသးတာေပါ့ ။ ေနာက္ဆုံးေတာ့ေဖေဖတို႔ဆီ သမီးေလးေရာက္လာခဲ့ၿပီပဲ ။

ေနာက္ထပ္ထြက္လာၾကတဲ့ သူနာျပဳဆရာမေလးတစ္ေယာက္ကို ထြန္းေအာင္က

"ကြၽန္ေတာ္တို႔ လူနာကိုဘယ္အခ်ိန္ေတြ႕လို႔ရမလဲဗ်"

"ခဏေနရင္ ရပါၿပီ"

"ေက်းဇူးပါ"

ထြန္းေအာင္လည္း အခုမွသက္ျပင္းခ်ကာ ေဘးဘက္နံရံကိုမွီလ်က္ ထိုင္ခ်လိဳက္သည္ ။

"ဆရာေလး"

"ဟင္"

အန္တီျမကထြန္းေအာင္နားလာ၍ေခၚလိုက္ကာ

"အကိုေလးမင္းထိုက္ဆီသြားၾကည့္ပါဦးလား"

"အာ ဟုတ္တယ္"

ေမ့ေနတာမဟုတ္ေပမယ့္ မဟာကိုစိတ္ပူေနတာေၾကာင့္ သြားဖို႔မေတြးမိေသးတာ ၊ အန္တီျမေျပာမွပဲ ေသြးဌာနဘက္သို႔ ထြန္းေအာင္ထသြားသည္ ။

"ေအာ္ ဆရာမ ၊ အေစာက ေသြးလႉေပးတဲ့တစ္ေယာက္ေရာ ဘယ္မွာလဲ"

လမ္းမွာ အေစာက မင္းထိုက္နဲ႕အတူထြက္သြားေသာ ဆရာမေလးကိုေတြ႕တာေၾကာင့္ ထြန္းေအာင္ေမးလိုက္သည္ ။

"ဟုတ္ကဲ့ ဟိုဘက္မွာရွင့္ အိပ္ေပ်ာ္သြားၿပီထင္တယ္ ၊ ေမြးလူနာကေသြးထပ္လိုေနတာကို သူဆီကပဲယူပါဆိုလို႔ ၂ပုလင္းနီးပါးယူလိုက္ရတယ္"

"ဗ်ာ"

"အေရးေပၚဆိုေတာ့ ေနာက္ထပ္ရွာဖို႔ကလည္းၾကာေနမွာစိုးေနတာ ၊ သူကလည္း သူ႕ဆီကပဲယူဖို႔ေတာင္းဆိုေနလို႔ပါ"

"ဘယ္နားမွာလဲ"

"ဟိုဘက္အစြန္းဆုံးက ကုတင္မွာပါ"

"ဟုတ္ကဲ့"

ဆရာမေလး ၫႊန္ျပတဲ့နားေလးေရာက္ေတာ့ မင္းထိုက္သည္ လူနာကုတင္ထက္ ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ေနေလၿပီ ။ က်န္းမာေရးေကာင္းတဲ့သူဆိုရင္ေတာင္ အဒီပမာဏကအရမ္းမ်ားေနတာကို အလုပ္နဲ႕ယူထားတဲ့ ဒီေကာင္ကေပးတယ္တဲ့လား ။

"အ႐ူး"

ထြန္းေအာင္ လူနာကုတင္ေဘးက ခုံတန္းတြင္ဝင္ထိုင္လ်က္ ၊ မင္းထိုက္ရဲ႕ ညာဘက္လက္ကေလးကို အသာကိုင္ကာ ေသြးေဖာက္ထားေသာေနရာေလးထက္ အနမ္းဖြဖြျဖင့္ ထိကပ္မိသည္ ။

"ေက်းဇူးတင္ပါတယ္"
.
.
.
လူနာခန္းတစ္ခုထဲရွိ ဇာျခင္ေထာင္ေသးေသးေလးတစ္ခုထဲ ၊ အျဖဴေရာင္အႏွီးထုတ္ေလးနဲ႕ လႈပ္လဲ့လႈပ္လဲ့လုပ္ေနေသာ ေသးေသးေကြးေကြးေလးကို တုႏွိုင္းေမာင္မွာ မထိရက္မကိုင္ရက္ျဖစ္ေနရသည္ ။

ဒါဟာ သူ႕ေသြးသား ၊ သူ႕ကေလးပါလားဆိုတဲ့အသိက ႐ူးေတာ့မလိုၾကည္ႏူးေစတယ္ ။
ဝမ္းသာပီတိေၾကာင့္က်ဆင္းေနတဲ့ မ်က္ရည္ေတြကို သူခပ္ၾကမ္းၾကမ္းပင္သုတ္ပစ္ေပမယ့္ မရပ္တမ္းစီးက်ေနေလရဲ႕ ။ မဟာကေတာ့ ေဆးအရွိန္နဲ႕သတိရမလာေသး ။

"ကေလးေလးက ခ်စ္ဖို႔ေကာင္းလိုက္တာ"

အန္တီျမက ရပ္ၾကည့္ရင္းဆိုလာေသာ တုႏွိုင္းေမာင္ေခါင္းတဆက္ဆက္ၿငိမ့္ရင္းသာ ေျဖသည္ ။ ရင္ထဲဝမ္းသာၾကည္ႏူးေနမႈက မည္သည့္စကားမွမဆိုနိုင္ေသးဘူး ။

"မာမီသားအငိုသန္တာ မသိခဲ့ဘူး ၊ ၾကည့္စမ္းပါဦး ေျမးမေလးေတာင္မငိုတာကို"

မိခင္ျဖစ္သူက စေနာက္ရင္း ဆိုလာေပမယ့္ သူမတုန့္ျပန္တိုင္ေသး ၊ သူ႕ရဲ႕ကေလးေလးကို ဘယ္ေလာက္ပင္ၾကည့္ၾကည့္ သူၾကည့္မဝျဖစ္ေနတာ ။

မ်က္ဝန္းေလးေတြမွိုတ္ထားေပမယ့္ လက္ေသးေသးေလးေတြကလႈပ္ေနတယ္ ။

ေျခေထာက္ေသးေသးေလးေတြက ပိစိေလးမလို႔ အသဲယားစြာကိုင္ထားလိုက္ရင္ သူ႕ရဲ႕လက္ဝါးထဲ ေပ်ာက္ေနမည္ထင္သည္ ။

ဦးေခါင္းေသးေသးေလးထက္ မဲနက္နက္ဆံပင္ေလးေတြက ရွည္ေနျပန္ေတာ့ အူယားရျပန္သည္ ။

နီရဲေနတဲ့ ႏႈတ္ခမ္းေသးေသးေလးက ဘယ္လိုေလးေတာင္ခ်စ္ဖို႔ေကာင္းေနတာလား ။

အစိတ္အပိုင္းတစ္ခုစီတိုင္းကအစ ျမတ္နိုးဖို႔ေကာင္းေနလိုက္တာ ။

"ခ်ီၾကည့္ေလသား ဒီလိုေလးလုပ္"

မိခင္ျဖစ္သူက ျခင္ေထာင္ေလးကဖြင့္လ်က္ ကေလးေလးကိုခ်ီေပြ႕ကာ သူ႕ဆီကမ္းေပးလာသည္ ။ ေလတိုး၍ပင္ နာသြားမလားဆိုသည့္အေတြးနဲ႕ တုန္ယင္ေနတဲ့လက္ေတြကို သူကိုယ္တိုင္အသိဆုံး ။

"ျဖည္းျဖည္းေလး ဒီလို"

ခ်ီပုံခ်ီနည္းသင္ေပးရင္း သူ႕လက္ထဲေရာက္လာတဲ့ အႏွီးထုတ္ေလးနဲ႕ႏူ႕ႏူ႕ညံ့ညံ့ေလးက သူ႕ရဲ႕သမီးေလးတဲ့ ။

တုႏွိုင္းေမာင္ လက္ထဲေရာက္တာနဲ႕ သမီးေလးက သူ႕ရဲ႕မ်က္လုံးဝိုင္းဝိုင္းေလးေတြ ဖြင့္ၾကည့္လာသည္ ၊ ခ်စ္လြန္းလို႔႐ူးရေတာ့မည္ထင္သည္ ။

(ေက်းဇူးတင္ပါတယ္ သမီးေလး ၊ ေဖေဖတို႔ဆီကို အေကာင္းမြန္ဆုံးေရာက္လာေပးလို႔ ေက်းဇူးတင္ပါတယ္)

"သား ေမြးကင္းစကေလးကို မိခင္နို႔တိုက္ေပးရတယ္ ဘယ္လိုလုပ္ခ်င္လဲ ၊ အျခားေမြးမိခင္တစ္ေယာက္ေယာက္ဆီက"

"ဟင့္အင္ အျခားနည္းမရွိဘူးလားမာမီ ၊ သမီးေလးကို အျခားသူေတြဆီက နို႔ရည္မတိုက္ခ်င္ဘူး"

"အဒီအတြက္ငါစဥ္ထားေပးတယ္ ခဏေနေရာက္လိမ့္မယ္"

"ဘာမွားထားတာလဲ ဆရာေလး"

"မိခင္နို႔အစားထိုနို႔ရည္ေလ သိလို႔ ႀကိဳမွာထားတယ္"

အခန္းထဲဝင္လာရင္းဆိုတဲ့ ထြန္းေအာင္က သူ႕နားလာရပ္ကာ လက္ထဲမွ ေသးေသးေလးနားကိုၾကည့္ရင္းၿပဳံးေနသည္ ။

"အူယားစရာေလး"

"ထြန္းေအာင္"

"ေျပာ"

"ေက်းဇူးတင္ပါတယ္"

"အင္း"

"ေနာက္ၿပီး..ေတာင္းပန္ပါတယ္"

တုႏွိုင္းေမာင္စကားေၾကာင့္ ထြန္းေအာင္က လူနာကုတင္ထက္က မဟာကိုၾကည့္ကာ

"ငါမသိေတာ့ဘူး တုႏွိုင္းေမာင္ ၊ မဟာဘာေတြေတြးထားလဲဆိုတာ ငါမသိဘူး ၊ ေသခ်ာတာကေတာ့ သူမင္းနားကထြက္သြားလိမ့္ဦးမယ္"

ထြန္းေအာင္ စကားအဆုံးမွာ နာက်င္သြားရတဲ့ ႏွလုံးသားကိုဥပကၡာျပဳရင္း တုႏွိုင္းေမာင္ ဟန္ေဆာင္ၿပဳံးလိုက္သည္ ။

"အင္း"

"ငါမတားနိုင္ဘူး"

"သိပါတယ္"

"မင္းဘယ္အတိုင္းအတာထိ မဟာ့အေပၚနားလည္ေပးမလဲငါမသိဘူး ၊ ငါေျပာခ်င္တာက မျဖစ္နိုင္ေလာက္ေတာ့ဘူးထင္ရင္ မင္းဘက္ကလက္ေလ်ာ့ပါ မင္းနဲ႕ကေလးအတြက္ေျပာတာ ၊ မဟာက မင္းထင္ထားတာထက္ ပိုဆိုးတယ္"

"ငါ မဟာကိုဘယ္ေတာ့မွလက္ေလ်ာ့မွာမဟုတ္ဘူး ငါအဆင္ေျပပါတယ္၊ သူငါ့နားမွာရွိမေနေပမယ့္ တစ္ေန႕ျပန္လာမယ္ဆိုတဲ့စိတ္နဲ႕တင္ ငါအဆင္ေျပပါတယ္"

"ငါ သမီးေလးအတြက္ စိတ္မေကာင္းဘူး"

"ငါ့အျပစ္ပါ ငါမွားခဲ့တာ"

"အင္း"

"မင္းထိုက္ေရာ အဆင္ေျပရဲ႕လား"

"အ႐ူးေကာင္က ေသြး၂ပုလင္းထုတ္ေပးၿပီး အခုအိပ္ေပ်ာ္ေနတယ္"

"၂ပုလင္းေတာင္"

"အင္း"

"မင္းထိုက္ေၾကာင့္သာမဟုတ္ရင္ ငါတို႔အေတာ္အခက္ေတြ႕သြားမွာပဲ ၊ ငါအဒါကိုမေတြးထားမိလို႔ ႀကိဳမရွာထားမိဘူး"

"အင္း"

တုႏွိုင္းေမာင္ထက္ထဲမွ လႈပ္စိလႈပ္စိေလးကို ၊ ထြန္းေအာင္ အသဲယားစြာျဖင့္ ။

"ငါခ်ီၾကည့္ခ်င္တယ္"

ခြင့္ေတာင္းလာေသာ ထြန္းေအာင္ကို တုႏွိုင္းေမာင္ယခင္စိတ္နဲ႕သာဆို မနာလိုစြာ အကဲပိုၿပီးျငင္းမိမည္ထင္သည္ ။

"အင္း"

"စိတ္မပူပါနဲ႕ ငါလက္ေဆးလာၿပီးသား"

တုႏွိုင္းေမာင္ အေတြးကိုသိေနတဲ့ ထြန္းေအာင္ကေျပာလိုက္ေတာ့ ေဘးမွအန္တီျမတို႔က ခပ္တိုးတိုးရယ္သည္ ။

"ငါဘာေျပာလို႔လဲ"

"ငါ့တူမေလးကို ငါခ်ီခြင့္ရွိတယ္မလား"

"ေအးပါ"

ကေလးကိုထိခိုက္မိမွာစိုးသည့္အလား ၊ ေျဖးေျဖးေလးနဲ႕သာသာေလး သူ႕လက္ထဲသို႔ထည့္ေပးေနေသာ တုႏွိုင္းေမာင္ကို ၾကည့္ကာ ထြန္းေအာင္က ။

"ငါကဆရာဝန္ေနာ္"

"သိပါတယ္"

ထြန္းေအာင္သူ႕ရဲ႕လက္ထဲမွ ကေလးေလးကိုၾကည့္ရင္း မည္သူမွ်မၾကားနိုင္ေသာ ေတာင္းပန္စကားကိုတီးတိုးဆိုမိသည္ ၊ သမီးေလးအတြက္သူတကယ္စိတ္မေကာင္းဘူး ။

"သွ်င္ယြန္းျမတ္"

"ဟင္"

"မဟာစဥ္းစားၿပီးေပးထားတဲ့ ကေလးနာမည္ ယြန္းေလး ၊ သွ်င္ယြန္းျမတ္တဲ့"

ၾကည္ႏူးမႈေတြရဲ႕ေနာက္မွာနာက်င္မႉက ကပ္ပါလာရျပန္သည္ ။

ငါတကယ္ကိုေတာင္းပန္ပါတယ္ မဟာ ။

"ဟာ ေဟ့ ေဟ့"

ထြန္းေအာင္ ကေလးေလးကိုျမတ္နိုးစြာ ေမႊးၾကဴခ်င္လို႔ ပါးေလးကိုအသာထိမလို႔ လုပ္လိုက္ေတာ့ ၊ တုႏွိုင္းေမာင္က ေအာ္ကာအတင္းတားလိုက္တာေၾကာင့္ ။

"ဘာတုန္းဟ"

"ဘာကို ဘာတုန္းလဲ မင္းဆရာဝန္မဟုတ္ဘူးလား ၊ ေမြးခါစကေလးကိုမနမ္းရဘူးေလ"

"အမ္"

"ငါ့သမီးေလးကို ငါေတာင္မနမ္းရေသးဘူး"

"မင္းဆိုသည္မွာေလ"

"ဘာတုန္း"

"ဘာမတုန္းဘူး ေရာ့ခ်ီ ၊ ငါမင္းထိုက္ဆီျပန္သြားလိုက္ဦးမယ္ တကယ္လို႔မဟာသတိအရင္ရလာရင္ ဖုန္းဆက္ေပး"

"အင္းပါ"

ကေလးကို တုႏွိုင္းေမာင္လက္ထဲျပန္ထည့္ေပးကာ ထြန္းေအာင္ရယ္လ်က္ျပန္ထြက္သြားသည္ ။ က်န္ခဲ့တဲ့ တုႏွိုင္းေမာင္ကေတာ့ သမီးေလးကိုၾကည့္မဝစြာပင္ ေအာက္မခ်ဘဲ တစ္ခ်ိန္လုံးခ်ီထားေလရဲ႕ ။

ထိုအခ်ိန္ မင္းထိုက္ရဲ႕ကုတင္ေဘးရဲ႕မွာ မင္းထိုက္ရဲ႕လက္ကေလးကိုဆုပ္ကိုင္လ်က္ ထိုင္ေနေသာ ထြန္းေအာင္ ။

"အ႐ူး မုန္းစရာေကာင္းတယ္"

ပါးစပ္ကတတြတ္တြတ္႐ြတ္ဆိုေနေသာ စကားနဲ႕ဆန႔္က်င္စြာ ၊ လက္ကေလးကို သူ႕လက္ထဲတြင္ တင္းက်ပ္စြာ အံ့ဝင္ဂြင္က်မလြတ္တမ္း ကိုင္ထားၿမဲ ။

ခဏၾကာ မင္းထိုက္ကိုယ္ေလးအနည္းငယ္လႈပ္လာေတာ့ ၊ ထြန္းေအာင္သူ႕လက္ထဲမွ လက္ကေလးကို ျပန္လြတ္ရင္း ခပ္တည္တည္ျပန္ထိုင္ေနလိုက္သည္ ။

"အင္း.."

"နိုးၿပီလား"

မင္းထိုက္မ်က္လုံးဖြင့္လိုက္ခ်င္း ေဘးမွာျမင္လိုက္ရတဲ့ ထြန္းေအာင္ေၾကာင့္ ၊ လန့္သြားၿပီး ထထိုင္မိေတာ့ ေခါင္းကမိုက္ခနဲျဖစ္သြားရကာ ။

"အား"

"က်စ္ ၊ အဒီလိုတန္းထလိုက္ေတာ့ ျဖစ္မလား!"

"ငါ"

ထြန္းေအာင္ရဲ႕ေအာ္ဟစ္ဆူေငါက္သံေၾကာင့္ မင္းထိုက္မွာေျပာစရာစကားေတာင္ရွာမရေတာ့ ။

"အိမ္ျပန္နားရေအာင္"

"ဟင္"

"မင္းအနားယူဖို႔လိုေသးတယ္"

"အာ အင္း မဟာေရာ ၊ မဟာအဆင္ေျပရဲ႕လား"

"ေျပတယ္"

"တကယ္သမီးေလးပဲလား"

"အင္း"

"ေကာင္းလိုက္တာ ၊ ႏွိုင္းကလည္းသမီးေလးလိုခ်င္ခဲ့တာ"

"သားျဖစ္ေတာ့ေရာ ဘာျဖစ္တုန္း"

"ငါေျပာတာက"

"ဘာမွေျပာမေနနဲ႕"

ထြန္းေအာင္သည္ အခုထိပဲ မဟာနဲ႕ပတ္သတ္ၿပီးတုႏွိုင္းေမာင္ကို အျမင္မၾကည္တုန္းထင္သည္ ။

"အင္း ဒါနဲ႕ ကေလးေလးက အရမ္းခ်စ္ဖို႔ေကာင္းမွာပဲဟုတ္တယ္မလား ၊ ငါသြားေတြ႕ခ်င္တယ္"

"ေနာက္ရက္မွေတြ႕လို႔ရပါတယ္ အခုမင္းအိမ္ျပန္နားဖို႔လိုတယ္"

"ငါက"

"ကိုထိုက္"

"အာ အင္းပါ"

ထြန္းေအာင္ထပ္ေအာ္လိုက္တာေၾကာင့္ မင္းထိုက္ ေခါင္းၿငိမ့္ျပလိုက္ရသည္ ။ ဒါေရာဆို သူထြန္းေအာင္ဆီက ဂ႐ုစိုက္မႈကိုျပန္ရတာ ဒုတိယအႀကိမ္ပဲ ၊ ကားနားထိလည္း လက္ေမာင္းကေနထိန္းဆြဲေပးတာေၾကာင့္ မင္းထိုက္ထပ္ေပ်ာ္ရျပန္သည္ ။

လမ္းတစ္ေလ်ာက္လုံးမည္သည့္စကားမွမဆိုေပမယ့္ တစ္ခ်က္တစ္ခ်က္ေတာ့လွည့္ၾကည့္လာတာေၾကာင့္

"ဘာျဖစ္လို႔လဲ"

"အဆင္ေျပလားၾကည့္တာ မူးေနေသးလား"

"ေျပပါတယ္ ၊ မင္းသိလား ငါအဒီတုန္းကေပ်ာ္ေနခဲ့တာ"

"ဘာလို႔လဲ"

"မဟာ ငါ့ေသြးနဲ႕အဆင္ေျပသြားလို႔ေလ"

"အင္း ဟုတ္တယ္ အ႐ူးဆိုရင္ေတာင္ တစ္ခါထဲနဲ႕ ေသြး၂ပုလင္းထုတ္မေပးေလာက္ဘူး"

ထြန္းေအာင္စကားေၾကာင့္ မင္းထိုက္ကခပ္တိုးတိုးရယ္သည္ ။

"ေက်းဇူး"

"ဟင္"

"ေက်းဇူးတင္ပါတယ္လို႔"

"ငါ ေက်းဇူးမလိုခ်င္ဘူး"

"အဒါဆိုဘာလိုခ်င္လို႔လဲ"

"မင္း"

"ဟမ္"

"မင္းကိုလိုခ်င္တာ"

ကြၽီ..

"အေမ့"

ထြန္းေအာင္ ဘရိတ္ေဆာင့္အုပ္လိုက္တာေၾကာင့္ ၊ မင္းထိုက္မထိန္းနိုင္စြာ ေရွ႕သို႔ယိုင္သြားကာ ထေအာ္မိသည္ ။

"အာ sorry ခိုက္မိသြားေသးလား"

"ရပါတယ္"

"sorry"

ဘာမွဆက္မေျပာသလို ဘာမွဆက္ေမးမလာတဲ့ ထြန္းေအာင္သည္ မင္းထိုက္ဘက္ကိုမၾကည့္ေတာ့ပဲ ကားကိုသာဆက္ေမာင္းေနေတာ့သည္ ။

တကယ္ပါပဲ ထြန္းရာ ငါမင္းကိုဘယ္လိုျပန္ေျပာရမလဲ ။
.
.
.
မဟာသတိျပန္ရလာခ်င္း အျခားမည္သည့္နာက်င္မႈမွရွိမေနေသာ္လည္း လႈပ္လိုက္ရင္ေတာ့ ဗိုက္ေနရာမွခပ္ရွရွေလးခံစားေနရသည္ ။

"မဟာေလး သားအဆင္ေျပရဲ႕လား နာတာရွိလား"

ေဘးမွအသံေၾကာင့္ မဟာေခါင္းေစာင္းၾကည့္လိုက္ေတာ့ ေဒၚသႏၱာခိုင္ကစိုးရိမ္စြာေမးေနတာေၾကာင့္ မဟာအသာပင္ေခါင္းခါရမ္းျပလိုက္သည္ ။

"ကေလးလည္း အကုန္အဆင္ေျပတယ္ အခုေဆးစစ္စရာေတြရွိေသးလို႔ သားပါလိုက္သြားတာ"

မသိခ်င္ေသာ အေျဖကိုေပးလာတာေၾကာင့္ မဟာမ်က္ဝန္းမ်ားျပန္မွိုတ္ထားရင္း ၿငိမ္ေနလိုက္သည္ ။ အဒါသူနဲ႕မဆိုင္ဘူးမဟုတ္လား ။

"မာမီ "

ခဏၾကာ တုႏွိုင္းေမာင္ဝင္လာတဲ့ အသံၾကားေတာ့ မဟာမ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ ၊ တုႏွိုင္းေမာင္ကလက္ထဲတြင္ အျဖဴေရာင္အႏွီးထုတ္ေလးကို ေပြ႕ခ်ီထားသည္ ။

"မဟာ သတိရၿပီလား အဆင္ေျပရဲ႕လား ေနလို႔မေကာင္းတာေတြရွိလား"

မဟာ သတိရတာျမင္တာနဲ႕ မဟာ့အနားအေျပးေရာက္လာၿပီးေမးသည္ ။

"မရွိဘူး"

ေျဖၿပီးတာနဲ႕ မဟာျပန္၍မ်က္လုံးမ်ားမွိတ္သြားသည္ ၊ သမီးေလးကိုတစ္ခ်က္မွၾကည့္မသြားခဲ့ဘူး ။

"ကေလးအိပ္သြားၿပီလား သား"

"ဟုတ္မာမီ"

"ခ်သိပ္ထားပါဦးလား"

"ဟုတ္"

ကေလးကို ပုခက္ေသးေသးေလးထဲ သိပ္လ်က္ တုႏွိုင္းေမာင္ကေဘးနားမွာထိုင္ေနသည္ ၊ ျဖစ္နိုင္ရင္ တစ္ခ်ိန္လုံးေပြ႕ခ်ီထားခ်င္တာ ။

"သား မာမီနဲ႕မျမ အိမ္ခဏျပန္လိုက္ဦးမယ္ ၊ သားအဝတ္စားလဲဖို႔လည္းတစ္ခါထဲယူခဲ့လိုက္မယ္ေလ"

"ဟုတ္ကဲ့"

ေဒၚသႏၱာခိုင္နဲ႕အန္တီျမထြက္သြားၿပီး ခဏၾကာ ၊ မဟာက

" တူႏွိုင္းေမာင္"

"ေနာက္မွ ၊ ေနာက္မွေျပာတာေပါ့"

တုႏွိုင္းေမာင္က မဟာကိုျငင္းလိုက္သည္ ။ သူခဏေလးျဖစ္ျဖစ္ ထပ္ၿပီး အခ်ိန္ဆြဲခ်င္ေသးသည္ ။

"ေဆး႐ုံဘယ္ေတာ့ဆင္းရမွာလဲ"

"မဟာ"

"မင္းရဲ႕ကေလးမင္းဆီေရာက္ေနၿပီပဲ ၿပီးၿပီေလ"

ျပတ္သားစြာဆိုေနတဲ့ မဟာ့ရဲ႕စကားေတြကို သူတကယ္နားမေထာင္နိုင္ေသးဘူး ။

"မဟာ ငါ..ငါ့ကို"

"မင္းစကားမင္းတည္ဖို႔ေမွ်ာ္လင့္ပါတယ္ ၊ ငါ့ကိုထပ္ဆြဲထားဖို႔မႀကိဳးစားနဲ႕ပါ"

"ေဆး႐ုံက ေနာက္ထပ္ ၃ရက္ေလာက္ေနရဦးမယ္"

"၃ရက္ ဟုတ္ၿပီ"

စကားသံတို႔တိတ္ဆိတ္သြားတဲ့အခန္းထဲမွာ ဆိတ္ၿငိမ္မႈသာႀကီးစိုးထားသည္ ။

"သမီးေလး...သမီးေလးနာမည္ကို ၊ သွ်င္ယြန္းျမတ္လို႔ေပးလို႔ရမလား"

"မင္းကေလးနာမည္ ဘာလို႔ငါ့ကိုလာေမးေနတာလဲ"

"ငါအဒီနာမည္ေလးေပးခ်င္လို႔"

"အဒါမင္းကိစၥ"

မဟာဘယ္အခ်ိန္ကထဲက ထိုကဲ့သို႔ေျပာင္းလဲသြားရသနည္း ။ ေျပာင္းလဲေစတဲ့ တရားခံက ကိုယ္တိုင္ပင္မလို႔ အျပစ္ဟုမဆိုရက္ပါ ။

"တုႏွိုင္းေမာင္"

"ဟင္"

"ငါ့ကိုမေစာင့္ပါနဲ႕"

"ဘာလို႔လဲ"

"မင္းနဲ႕ပတ္သတ္ၿပီး ငါ့စိတ္ကိုငါမနိုင္ဘူး ၊ ငါ့ကိုဆြဲမထားပါနဲ႕ ငါပိုအေဝးကိုထြက္သြားမွာ"

"ရတယ္ ဘယ္ေလာက္ၾကာၾကာ ေမာင္ မင္းကိုေစာင့္ေနမွာ"

(ေမာင္? ၊ ေမာင္တဲ့လား အဒီနာမ္စားေပ်ာက္ဆုံးသြားခဲ့တာ လြန္ခဲ့တဲ့ ၄ ႏွစ္ကထဲကေလ)

ေနာက္တစ္ေန႕ ။

မဟာကေတာ့ ကေလးနဲ႕ပတ္သတ္ၿပီးမည္သည့္စကားမွမဆိုလာသလို ၊ တစ္ခ်က္မွပင္ မၾကည့္ခဲ့ဘူး ။

"မဟာ မဟာျမတ္သူ!"

ေအာ္ဟစ္ရင္းဝင္လာတဲ့ထြန္းေအာင္အသံေၾကာင့္ တုႏွိုင္းေမာင္ ပုခက္နားေလးသြားကာ ကေလးကိုေကာက္ယူေပြ႕ခ်ီလိုက္သည္ ၊ လန့္သြားမွျဖင့္ ။

"ေဟ့ေကာင္ မင္း"

လက္ထဲတြင္ကိုင္လာေသာ စာ႐ြက္စာတမ္းအခ်ိဳ႕ႏွင့္ ၊ ေဒါသအခ်ိဳ႕ဖုံးလႊမ္းေနတဲ့ ထြန္းေအာင္ရဲ႕မ်က္ဝန္းေတြကိုျမင္ေတာ့ တုႏွိုင္းေမာင္ဆက္မေျပာျဖစ္ေတာ့ ။

"ဒါေတြကဘာလဲ"

ထိုစာ႐ြက္ေတြကို ကုတင္ေပၚရွိ မဟာေရွ႕သို႔ျပရင္းေမးေနသည္ ။

"မင္းျမင္တယ္မဟုတ္လား"

"မဟာ!"

"အင္း"

"မင္းဘယ္လိုေတြေတြးေနတာလဲ ၊ အခုမွ အခုမွမင္းကေလးေမြးၿပီးတာေလ တကယ္ပဲဘာေတြလုပ္ေနတာလဲ"

သူတို႔စကားမ်ားကို တုႏွိုင္းေမာင္နားမလည္ေပမယ့္ ေကာင္းေသာအရာမဟုတ္တာေတာ့ သိလိုက္သည္ ။

"၁လ အတြင္း မင္းဘယ္လိုလုပ္ခ်င္ေနတာလဲ အနားယူရဦးမွာ မင္းမသိဘူးလား မင္းဆရာဝန္မဟုတ္ဘူးလား"

"အဒီေတာ့"

"မဟာျမတ္သူ!"

"ငါ ၆ လနီးပါးေနာက္ဆုတ္ေပးထားတယ္မဟုတ္လား ေတာ္လိုက္ေတာ့"

"ေတာက္! မဟာ"

"ေတာ္ေတာ့ အထြန္း ၊ ငါဒီတစ္ခါထပ္ၿပီးအေလ်ာ့ေပးမွာမဟုတ္ဘူး"

"က်စ္ မင္းကြာ"

စာ႐ြက္ေတြကို ကုတင္ေပၚပစ္ခ်လိဳက္ရင္း ထြန္းေအာင္ကေဘးမွခုံထက္ စိတ္ပ်က္စြာထိုင္လိုက္သည္ ။

လက္ထဲတြင္ျပန္အိပ္ေပ်ာ္သြားေသာ သမီးေလးကို တုႏွိုင္းေမာင္ျပန္ခ်သိပ္လ်က္ ၊ အေစာကထြန္းေအာင္ပစ္ခ်ထားေသာ စာ႐ြက္တို႔ကိုယူၾကည့္လိုက္သည္ ။

"ဒါက ဒါကဘာလဲ"

သူအခ်က္အလက္ေတြကိုစစ္ၾကည့္ရင္း ထြန္းေအာင္ကိုပဲေမးလိုက္သည္ ။

"၁လ အတြင္း မဟာ Australia ကိုသြားလိမ့္မယ္"

"ဘယ္လို"

"ငါသြားမယ္ဆိုတာ မင္းတို႔သိၿပီးသားမဟုတ္လား ဘာလဲ ၊ ထပ္တားဖို႔ႀကိဳးစားဦးမလို႔လား"

"မဟာ"

"တုႏွိုင္းေမာင္ မင္းကိုယ္တိုင္ ရတယ္လို႔ေျပာခဲ့တာေနာ္"

"သူမရဘူးေျပာလည္းမင္းသြားမွာပဲမဟုတ္လား"

"အထြန္း မင္းကပါငါ့ကိုထပ္ၿပီးမတားေတာ့ရင္ေကာင္းမယ္"

"၁လအတြင္းဆိုတာက်ေတာ့ မျမန္လြန္းေနဘူးလား မဟာ"

"မင္းမွာငါ့ကိုတားပိုင္ခြင့္ရွိလို႔လား ၊ မဟုတ္ဘူး မင္းတားနိုင္ရဲ႕လား"

လုံေလာက္ပါတယ္မဟာ ၊ အဒီစကားနဲ႕တင္လုံေလာက္ပါတယ္ ။ တားခ်င္ေပမယ့္ တားပိုင္ခြင့္မရွိသလို မတားနိုင္ပါဘူး ၊ ဒါဟာေနာက္ထပ္အျပစ္ေပးနည္းတစ္မ်ိဳးေပါ့ ။

ေမာင္ဘယ္လိုေတာင္းပန္ရမလဲ မဟာ ။
ေမာင္မွားခဲ့တာေတြအတြက္ ေမာင့္ကိုပဲအျပစ္ေပးလို႔မရဘူးလား ။
သမီးေလးကို တစ္ခ်က္မွၾကည့္မလာတဲ့ မင္းစိတ္က ျပတ္သားလြန္းေနလိုက္တာ မဟာရယ္ ။

********************************
**********************************

ဆက္ရန္

واصل القراءة

ستعجبك أيضاً

293K 16.8K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
2.5M 180K 66
ယံုၾကည္မႈကလည္းအခ်စ္ နားလည္မႈကလည္းအခ်စ္ ေပးဆပ္မႈကလည္းအခ်စ္ ခြင့္လြတ္မႈကလည္းအခ်စ္ ဟု ဆိုခဲ့ေသာ္ ေျပာင္းျပန္အခ်ိဳးက်ခဲ့တဲ့ခ်စ္ျခင္းတစ္ခုရဲ႕ အဆံုးသတ္က ဘယ...
1.2M 63.1K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
591K 74.4K 105
This novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引