Part - 37

30.3K 2.3K 121
                                    

အဆင့်မြင့် စားသောက်ဆိုင်တစ်ခုမှာ ညစာအတူစားနေကြတဲ့ မဟာနဲ့ချိန်း ။

ချိန်းက မဟာကို တစ်ချိန်လုံးကြည့်နေခဲ့တာ ၊ မဟာကသူ့ရှေ့မှစားစရာတွေကို အနည်းငယ်သာထိတွေ့ပြီး ဝိုင်ချည်းသာ သောက်နေသည် ။

"အကို"

ချိန်းခေါ်တာကို ကြားပုံမရတဲ့ မဟာကအတွေးလွန်နေသည့်ပုံ ။

"အကို!"

"ဟင် အင်း ဘာလို့လဲ"

ချိန်းအသံအနည်းငယ်ကျယ်ကာခေါ်လိုက်တော့မှ မော့ကြည့်လာသည် ။

"ဘာလို့ ဘာမှမစားတာလဲ"

"စားပါတယ်"

"အကို ဝိုင်သောက်ပြီးမူးနေတာတော့ မဟုတ်ဘူးမလား"

"မဟုတ်ပါဘူး"

"ကျွန်တော်ပြန်ဖျားနေပြီ"

ချိန်း မက်တပ်ရပ်ကာ ကိုယ်ကိုမဟာ့ရှေ့ကိုင်းပေးလိုက်တော့ ၊ သူ့နဖူးထက်ရောက်လာတဲ့ လက်တစ်စုံကြောင့် ကျေနပ်စွာပြုံးလိုက်သည် ။

"ဆေးမသောက်ဖူးလား"

"နေ့လည်ကသောက်ဖို့မေ့သွားလို့"

"မင်းကတော့လေ"

မဟာက မနိုင်ဘူးဆိုသည့်ပုံလေးနှင့် ပြောပြီးပြုံးပြတော့မှ ချိန်းပြန်ထိုင်လိုက်သည် ။

"ဝိုင်မသောက်နဲ့တော့"

"အကိုကျသောက်ပြီး"

"ငါက မင်းလိုမဖျားဘူးလေ"

"မဖျားလည်း အပြန်ကားမောင်းရမှာလေ ၊ ဒီကလမ်းတွေကျွန်တော်မမောင်းတတ်ဘူးနော်"

"အေးပါကွာ"

Australia မှာ တစ်ခါတစ်လေ မဟာအပြင်မှာ မူးအောင်သောက်တတ်တဲ့အခါ ချိန်းက တိုက်ခန်းပြန်လိုက်ပို့ပေးနေကျဖြစ်သည် ။

"ချိန်း"

"ဟင်"

"T&T Group မှာ ဘယ်တုန်းကထဲက share ဝယ်ထားတာလဲ"

"ကျွန့်တော့် ဒယ်ဒီဝယ်တာ လွန်ခဲ့တဲ့ ၆ နှစ်လောက်ကထဲကထင်တယ် ၊ ဘာဖြစ်လို့လဲ အကို"

"မဟုတ်ပါဘူး ဒီအတိုင်းပဲ"

အပြင်ဘက်ကိုငေး၍ လက်ထဲမှ ဝိုင်ခွက်ကိုဆက်သောက်နေတဲ့ မဟာက မမူးသေးဘူးဆိုပေမယ့် မျက်ဝန်းလေးတွေ ဆွေးနေသလိုပင် ။

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteWhere stories live. Discover now