Part - 21

35.1K 2.7K 22
                                    

ဒီနေ့နဲ့ဆို မဟာနေမကောင်းဖြစ်နေတာ တစ်ပတ်ခန့်ရှိပြီ ၊ တုနှိုင်းမောင်က အလုပ်အတွက် လျှို့ဝှက် project ရှိသည်ဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်မှာပဲရှိနေတတ်သည် ။

အခြားဆရာဝန်မခေါ်ဖို့ မင်းထိုက်ရဲ့ အချိန်အတော်ကြာနားချမှုမှာ တုနှိုင်းမောင်ခေါင်းငြိမ့်ပေးလိုက်ပြီး ၊ ထွန်းအောင်က တစ်နေ့တစ်ခေါက် အိမ်ကိုလာသည် ။

အိမ်ရာထက် လှဲနေတဲ့ကောင်လေးက သူအိပ်ပျော်ချိန်တိုင်း ထွေးပွေ့ပေးပြီး ၊ အနားမှာရှိပေးတဲ့ တစ်စုံတစ်ယောက်ရှိတာကို မသိခဲ့ဘူး ။ သူနိုးလာချိန်တိုင်းမှာ တစ်ကိုယ်ထဲပဲ ။ သူ့အတွက် အန်တီမြလုပ်ပေးတဲ့ ငါးဆန်ပြုတ်က အရင်လက်ရာနဲ့မတူ စားကောင်းနေတာသိပေမယ့် ၊ စိတ်ထဲကထင်တဲ့သူကို မဖြစ်နိုင်တာကြောင့် မမျှော်လင့်ခဲ့ဘူး ။

အဖြေကတော့ ရှင်းပါတယ် ၊ တစ်ယောက်တစ်မျိုး တားနေခဲ့ကြတဲ့ စည်းဟာမျဥ်းပြိုင်တွေ ဖြစ်နေခဲ့ကြပြီ ။ လက်ထဲမှာ ဓာတ်ပုံသေးသေးလေးတစ်ခုကိုကိုင်လျက် ပြုံးနေတဲ့မဟာက ပျော်နေသည့်ပုံပဲ ။

"အရူး အဒီလောက်သဘောကျတာလား"

မဟာ့ဘေးမှာ ထိုင်လိုက်ရင်း ထွန်းအောင်မကြည်စွာမေးလိုက်သည် ။ တစ်ဖက်တွင်တော့ မဟာ့လက်ကို မေဖြူက အကြောဆေးသွင်းပေးနေသည် ။

"ချစ်စရာလေး"

"ဘယ်မှာလဲ"

"ဒီမှာလေ"

ဓာတ်ပုံကို ပါးလေးနားကပ်ကာပြပြီး ပြောတဲ့ မဟာ့ကို ၊ ထွန်းအောင် မျက်စောင်းထိုးမိတော့

"မိန်းမကြီးကြနေတာပဲ"

"မင်းမလွန်ဘူးလား ၊ အခုမှ ၃လတောင်မရှိသေးတာကို ဘယ်လို့ကြည့်ပြီး ချစ်စရာကောင်းလိုက်တာလဲ"

"မင်းမှမကြည့်တတ်တာ"

"ဟုတ်တယ်မဟာ သူမကြည့်တတ်တာ အဖေတွေက တစ်ယောက်ကချော တစ်ယောက်ကချစ်စရာကောင်းတာ ၊ ကလေးဆို ဘယ်လောက်ချစ်စရာကောင်းလိုက်မလဲ"

မေဖြူ ရယ်ပြီးဝင်ပြောလိုက်ပေမယ့် ၊ မေဖြူစကားအဆုံးမှာ ultrasound ပုံလေးကိုကိုင်ထားသော မဟာ့၏ လက်တို့က တုန်ယင်နေသလို မျက်နှာထားကလည်း တင်းမာသွားသည် ။

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteWhere stories live. Discover now