T&T group
အစည်းအဝေးလုပ်နေတဲ့တစ်လျောက် တုနှိုင်းမောင်စိတ်လေးနေသည် ၊ ဘာကဘယ်လိုမှားနေသည်လဲမသိ ။
"ဥက္ကဌ အဆင်ပြေရဲ့လား"
"နှိုင်း မင်းနေလို့မကောင်းလို့လား"
"အင်း နည်းနည်း"
တုနှိုင်းမောင်စိတ်မပါတာသိတာကြောင့် မင်းထိုက်ကပဲ အစည်းအဝေးကိုဦးဆောင်လုပ်လိုက်သည် ။
11 နာရီထိုးတော့ အစည်းအဝေးနားတာကြောင့် အခန်းထဲ မင်းထိုက်ရယ် ၊ တုနှိုင်းမောင်ရယ်သာကျန်ခဲ့သည် ။
"အဆင်ပြေလား အိမ်ပြန်နားမလား"
"ရတယ် ဒါနဲ့ ထွန်းအောင်ဘယ်အချိန်လာမှာလဲ"
"သူလည်းအစည်းအဝေးရှိတာဆိုတော့ ခဏနေဆိုရောက်မယ်ထင်တယ်"
"အင်း"
ပိုပိုပြီးလေးလံလာသောစိတ်ကြောင့် တုနှိုင်းမောင် ဘယ်လိုမှအဆင်မပြေ ။ ခဏကြာ
"အစည်းအဝေးကပြီးသွားပြီလား ကိုထိုက်"
ထွန်းအောင်ကဝင်လာရင်း မင်းထိုက်ဘေးကခုံမှာဝင်ထိုင်ပြီးမေးသည် ။
"စောစောကတင်ပဲ မပြီးလိုက်ဘူးနားလိုက်တာ"
"ဘာလို့လဲ""နှိုင်း သိပ်အဆင်မပြေဖြစ်နေလို့"
မင်းထိုက်စကားကြောင့် ထွန်းအောင်ကတုနှိုင်းမောင်ကိုကြည့်ကာ
"မင်း နေလို့မကောင်းလို့လား"
"ငါစိတ်ထဲတစ်မျိုးဖြစ်နေလို့"
"ဘာကိုလဲ"
"မသိဘူး လေးလေးကြီး"
"သူ မနက်ကထဲက အဒီလိုပဲပြောနေတာ ထွန်း"
တုနှိုင်းမောင် သက်ပြင်းချကာ ထရပ်လိုက်ရင်း
"ငါသမီးလေးဆီသွားလိုက်ဦးမယ်"
"အမ် ဘာလို့လဲ"
"မသိဘူး ငါ"
Ring...
စကားပြောနေတုန်း ဖုန်းမြည်လာတာကြောင့် တုနှိုင်းမောင်ချက်ချင်းကိုင်လိုက်ပြီး
"ဘာလဲ ဘာဖြစ်လို့လဲ"
"တောင်းပန်ပါတယ် ဥက္ကဌ ၊ ထမင်းစားဆင်းချိန် လူရှုပ်သွားပြီး ယွန်း ပျောက်သွားလို့"
YOU ARE READING
Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-Complete
Romanceယုံကြည်မှုကလည်းအချစ် နားလည်မှုကလည်းအချစ် ပေးဆပ်မှုကလည်းအချစ် ခွင့်လွတ်မှုကလည်းအချစ် ဟု ဆိုခဲ့သော် ပြောင်းပြန်အချိုးကျခဲ့တဲ့ချစ်ခြင်းတစ်ခုရဲ့ အဆုံးသတ်က ဘယ်လိုဖြစ်မလဲ? . . . . . ယုံကြည်မှုကလည်းအချစ် နားလည်မှုကလည်းအချစ် ပေးဆပ်မှုကလည်းအချစ် ခွင့်လွတ်မှုကလည်...