Part - 1

76.4K 4.3K 119
                                    

မီးအမှောင်ချထားတဲ့အခန်းလေးထဲမှာ ခြေထောက်နဲ့လက်တွေကို ကြိုးတုပ်ထားပြီး ပါးစပ်ထဲအဝတ်ထည့်ထားခြင်းခံထားရတဲ့ ကောင်လေးတစ်ယောက်
သူ့ရဲ့အတားဆီးမဲ့ ကျဆင်းနေတဲ့မျက်ရည်တွေက အင်္ကျီရင်ဖက်တစ်ခုလုံးကိုတောင် စိုရွဲနေခဲ့လေသည် ။

ချောက်

ခလုပ်နှိပ်သံလေးနဲ့အတူ လင်းထိန်လာတဲ့မီးကြောင့် သူအခုမှ အသက်ရှူချောင်သွားသလို

"မင်း ငါပြောတဲ့စကားကို ဂရုမစိုက်တာလား"

ထိုခဏချင်းမှာပဲ အေးစက်ပြတ်သားစွာ ထွက်ပေါ်လာတဲ့အသံကြောင့် သူတုန်လှုပ်ခြောက်ခြားစွာ ခေါင်းကိုတသွင်သွင်ခါရမ်းနေမိသည် ။ ပါးစပ်ကမှထုတ်ငြင်းလို့မရဘဲ ။

(ညီမတစ်ဝမ်းကွဲ Singapore ကလာလို့ ခဏလေးသွားတွေ့ရုံလေးပါမောင်ရယ်)

"ဘာလဲ ငါ့လက်ကလွတ်မယ်ထင်နေလို့လား"

...

"မင်းသေတဲ့အထိ ငါ့အနားမှာပဲနေရမှာ"

......

"အေး သေဆိုလည်းငါသေဆိုမှသေခွင့်ရှိတယ်"

.....

"နားလည်လား! ကြားလား!"

သူ မနားတမ်းခေါင်းငြိမ့်ကာထောက်ခံပြတော့ ပါးစပ်ထဲမှအဝတ်စကို လာဆွဲထုတ်ပေးသည် ။

"ဖြေစမ်း"

"အင်း..."

နာကျင်မှုနဲ့မောဟိုက်နေမှုကြောင့် အသံကတိုးညှင်းလှစွာ

"ကျယ်ကျယ်ဖြေ"

"အင်း ငါ ငါ သိ ပါ တယ်"

ဒုန်း 

"အား..."

အခန်းထဲ မှန်ပြတင်းတံခါးကပိတ်ထားပေမယ့် လိုက်ကာစတွေကတော့ မပိတ်ရသေးတာကြောင့် အပြင်ကမိုးချိန်းသံနဲ့အတူလျှပ်စီးတွေကို သူမြင်နေရပြီး သူ့ရင်ထဲကအကြောက်တရားတွေကလည်းထိန်းမရတော့

"မိုး မိုး ချိန်းနေတယ် မောင် ငါ ကြောက်လို့ပါ ၊ အ အဒီလိုက်ကာတွေကိုအရင်ပိတ်ပေးပါ ၊
လုပ် လုပ်ပါ ငါ ငါတောင်းပန်ပါတယ် ငါ မင်းမကြိုက်တာမလုပ်တော့ပါဘူး နော် မောင်
၊ ပိတ် ပိတ်ပေးပါ"

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteWhere stories live. Discover now