Part - 6

36.7K 3.2K 79
                                    

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရဲ့ တစ်နေရာ

ဒီနေရာလေးမှာပဲ ကျွန်တော့်ဘဝအတွက် ကြောက်စရာကောင်းတဲ့ အပြောင်းအလဲကြီးကိုကြုံတွေ့ခဲ့ရတယ် ။ လူတိုင်းကတစ်နေ့တော့ လောကကြီးထဲကထွက်သွားကြမှာမှန်ပေမယ့် ဘာမှမဆိုင်ဘဲ စီးပွားရေးလုပ်ငန်းရှင်တွေ ပြိုင်ဆိုင်နေရာလုတဲ့ပွဲအတွက် ကျွန်တော့ရဲ့ဖေဖေနဲ့မေမေကတော့ အချိန်မတိုင်ခင်ထွက်သွားခဲ့ရတယ် ။

ဆရာဝန်သိပ်ဖြစ်စေချင်တဲ့ဖေဖေနဲ့မေမေက ကျွန်တော်ဆေးကျောင်းဒုတိယနှစ်အစမှာပဲ ကျွန်တော့်ဘဝထဲကထွက်သွားခဲ့တယ် ။ အဒါတောင် ဖေဖေကိုအပြစ်လွှချခံခဲ့လိုက်ရသေးတယ် ၊ လောကကြီးကမတရားလိုက်တာ ။

ထိုနေရာလေးမှာ ဘယ်လောက်ကြာရပ်နေခဲ့လည်းမသိ ပခုံးပေါ်ရောက်လာတဲ့လက်တစ်စုံကြောင့်သာ အသိပြန်ဝင်ခဲ့သည် ။

"ထိုင်လေ"

"အင်း"

"ဘာလို့မငိုတော့တာလဲ ငိုစရာမျက်ရည်မရှိတော့ဘူးလား"

"ဟုတ်ပါရဲ့ ဘာလို့ပါလိမ့်"

"မေမေ ဖေဖေ ....ဒီကောင့်ကို ကျွန်တော်မထိန်းနိုင်ဘူး အရမ်းဆိုးတယ် ၊ ကျွန်တော်စကားလည်းနားမထောင်ဘူး"

"မေမေ အထွန်းကလူပျိုကြီးလုပ်ရတော့မှာသိလား အခုထိကြိုက်မယ့်သူလည်းမရှိသေးဘူး"

"ငါပြောတာအခြားဟာလေ အဒါကဘာဆိုင်လို့လဲ"

"မင်းမစွံတာပြောပြတာလေ"

"ဖေဖေတွေ့လား အကြီးကိုမင်းနဲ့ငါနဲ့ပြောနေတာ"

"ဘာဖြစ်လဲ ၁နှစ်လေးကြီးတာကို"

စနောက်ကြရင်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာပြုံးလိုက်ကြသည် ။ ထွန်းအောင်က ကျွန်တော့်ကိုတောင်းပန်သော မျက်ဝန်းများနဲ့ကြည့်ရင်း

"ငါ့ဘဝမှာပြန်ပြင်လို့မရတော့တဲ့ နောင်တတစ်ခုက အဒီနေ့က ငါအတူမရှိပေးနိုင်ခဲ့တာကိုပဲ"

"မင်းအဒီစကားပြောလာတာ ၉နှစ်ရှိပြီ ၊ အဒါမင်းမပြစ်မဟုတ်သလို မင်းကြောင့်လည်းမဟုတ်ဘူးလေ"

"ဒါပေမယ့် ငါအဒါကိုနောင်တရနေတုန်းပဲ"

"မင်းဘာမှမဖြစ်ဘဲရှိနေခဲ့လို့ ငါ့ကိုစောင့်ရှောက်ပေးနိုင်ခဲ့တာလေ"

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteWhere stories live. Discover now