Part - 46

30K 2.2K 187
                                    

တုနှိုင်းမောင်သည် အရင်နေ့တွေကလိုပဲ သမီးလေးရဲ့ကျောင်းရှေ့လေးကနေ သူစောင့်နေကျနေရာမှာ ရပ်စောင့်နေသည် ။ ကျောင်းဆင်းအချက်ပေး ဘဲလ်မြည်သံအဆုံး ကျောင်းဝန်းထဲကို လှမ်းကြည့်ရင်း စောင့်နေပေမယ့် အရင်နေ့ကလို ယွန်းလေးက ပြေးထွက်မလာခဲ့ဘူး ။

ခါတိုင်းသူများထက်ဦးအောင်ပြေးလာတက်တဲ့ သမီးလေးသည် ဒီနေ့ခြေလှမ်းတွေနှေးနေတာ တုနှိုင်းမောင်သတိထားမိသည် ။ တုနှိုင်းမောင်ကပဲ ပြေးသွားပြီး ယွန်းလေးရှေ့မှာရပ်လိုက်ကာ ခေါင်းလေးအသာကိုင်လျက်

"သမီးလေး နေလို့မကောင်းဘူးလား"

မနက်ကကျောင်းကိုလိုက်ပို့တုန်းက ရွှင်လန်းပြုံးရယ်နေတဲ့ မျက်နှာလေးသည် ယခုအေးစက်ညှိုးငယ်နေသည် ။ တုနှိုင်းမောင်မေးတော့ ခေါင်းခါရင်း ပြုံးပြပေမယ့် မျက်ဝန်းလေးတွေက ခပ်ဆွေးဆွေးလေး ဖြစ်နေလေရဲ့ ။

"ဖေဖေတို့ မုန့်ဝင်စားကြမလား ice-cream"

ကြိုက်လှပါချည်ရဲ့ဆိုသောအရာကို ပြောလိုက်ပေမယ့် မျက်ဝန်းလေးတွေကတော့ ပြောင်းလဲသွားခြင်းမရှိဘဲ ခေါင်းငြိမ့်ပြလာသည် ။

"လာ ဖေဖေနဲ့သွားကြမယ်"

တုနှိုင်းမောင် သမီးလေးအား ကောက်ချီပွေ့လျက် ကားဆီသို့ဦးတည်လိုက်သည် ။ ကားပေါ်တွင်လည်း ယွန်းလေးသည်တိတ်ဆိတ်နေဆဲ ။ တုနှိုင်းမောင်စိတ်ထင့်နေတာမလို့ ကားကိုလမ်းဘေးချရပ်လိုက်ကာ ယွန်းလေးဘက်လှည့်လိုက်ရင်း

"သမီး ယွန်း"

"ဟုတ်"

"သမီးလေး ဘာဖြစ်လို့လဲ ဖေဖေ့ကိုပြော"

တုနှိုင်းမောင်မေးတာကို ခေါင်းလေးအသာရမ်းပြပြီး ခေါင်းပြန်ငုံ့ထားသည် ။

"သမီးမဖြေရင် ဖေဖေမုန့်ဆိုင်မသွားတော့ဘူးနော် အိမ်ပဲပြန်တော့မှာ"

မည်သို့ပင်ပြောစေကာမူ ယွန်းလေးက ခေါင်းငုံထားဆဲဖြစ်တာမလို့ တုနှိုင်းမောင်ဆက်မပြောတော့ဘဲ ၊ ထွန်းအောင်ကို အပြန်ကျရင် ရေခဲမုန့်နဲ့ကိတ်ဝယ်ခဲ့ပေးရန် massageပို့လိုက်ကာ အိမ်ကိုသာမောင်းလိုက်တော့သည် ။

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteWhere stories live. Discover now