Part - 15

37.5K 3K 99
                                    

The End လို့စာတန်းထိုးနေပေမယ့် မပြီးဆုံးသေးတဲ့ ဇာတ်လမ်းတစ်ပုဒ် ။
ပြီးပါပြီလို့ ပြောနေပေမယ့် ဆက်ရန်ရှိသေးတဲ့ ဇာတ်လမ်းတစ်ပုဒ် ။

သိရဲ့လား အချို့သော ဆက်ရန်တွေမှာ ပထမဇာတ်လမ်းနဲ့ မတူညီတော့တဲ့ ဇာတ်ကွက်တွေရှိနေတယ် ။

ချစ်ရတာပင်ပန်းပေမယ့် မုန်းဖို့ မဖြစ်နိုင်တဲ့အခါ ခံစားချက်တွေကို ဥပေက္ခာပြုလိုက်တယ်  ။ ချစ်လားဆိုတော့လည်း ဟင့်အင် ၊ မုန်းလားဆိုတော့လည်း ဟင့်အင်ပဲ ၊ တူညီတဲ့ အဖြေလေးတစ်ခုပေါ့ ။

လူ ၃ယောက်ထိုင်နေတဲ့ နေ့လည်စာ ထမင်းစားဝိုင်းက တိတ်ဆိတ်လှစွာ ။

ထမင်းကိုသာခေါင်းငုံစားနေတဲ့ ယုဝါရယ် ။
ပုစွန်ကိုသာ စားနေတဲ့ မဟာရယ် ။
မဟာ့ပန်းကန်ထဲက အနည်းငယ်မှ ပုံစံမပျက်ရှိနေတဲ့ ထမင်းကို ကြည့်နေတဲ့ တုနှိုင်းမောင်ရယ် ။

"မင်းဘယ်တော့ ထမင်းစားမှာလဲ"

"ရှင် ကိုကို"

တုနှိုင်းမောင်ပြောတာကို မဟာကမကြားတာလား မဖြေတာလားမသိ ၊ ယုဝါက ထထူးသည် ။

"ဘာမှမဟုတ်ဘူး ယုဝါ ၊ စား"

"ကိုကိုရောမစားဘူးလား"

"ကိုယ်မဆာသေးလို့"

တုနှိုင်းမောင်တို့စကားပြောနေတာကို အနည်းငယ်မှ စိတ်ဝင်စားဟန်မပြတဲ့ မဟာက ၊ သူ့ရှေ့က ပန်းကန်ထဲရှိ သူကြိုက်တဲ့ ပုစွန်ကိုသာ အခွံခွာပြီး အေးဆေးစွာ စားနေလေရဲ့ ။

"ယုဝါ ထနှင့်မယ် ကိုကို"

"အင်း"

ယုဝါ ထ ထွက်သွားပြီး ၊ တုနှိုင်းမောင် မဟာ့ရှေ့က ပန်းကန်ကို လှမ်းယူလိုက်ကာ တစ်ဖက် ပို့လိုက်သည် ။ အဒီတော့မှ မဟာက တစ်ချက်မော့ကြည့်လာကာ လက်ထဲက ပုစွန်ကိုပဲ ပြန်စားနေသည် ။

"မင်းဘယ်တော့ ထမင်းစားမှာလဲ"

"အခု"

တစ်ခွန်းသာ ပြန်ဖြေပြီး ထမင်းစားနေတဲ့ မဟာကြောင့် တုနှိုင်းမောင်ဆက်မပြောတော့ ။

"သူဌေး ဟို ယုဝါ အန်နေတယ်"

"ဘာ! ငါလာပြီ"

ချက်ချင်း ထ ထွက်သော တုနှိုင်းမောင်ကြောင့် မဟာ ပြုံးလိုက်သည် ။ တုနှိုင်းမောင်က သွေးသားကိုတော့ သိတက်တယ် ။

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteWhere stories live. Discover now