Part - 25

38.9K 2.7K 123
                                    

တမင်မရည်ရွယ်ဘဲ ထပ်ခါတလဲလဲ မှားနေခဲ့ကြတဲ့ သူတို့နှစ်ဦးမှာ ၊ ဘယ်သူက ဘယ်ကစပြီး ဘယ်လိုမှားခဲ့တာလဲ ။

# # # ဆေးရုံတွင် လူနာခန်းတွေကို တစ်ခန်းဝင်တစ်ခန်းထွက် အော်ဟစ်ရင်း ၊ တစ်စုံတစ်ယောက်ကို အသည်းအသန်လိုက်ရှာနေခဲ့တဲ့ ကောင်လေးတစ်ယောက် ။

*** တောင်းပန်ပါတယ် အခန်းမှားသွားတာပါ ***

အရေးပေါ်ခန်းကစလို့ လူနာခန်းတွေအားလုံးကို တံခါးဖွင့်လိုက် တောင်းပန်လိုက်ဖြစ်နေတဲ့ သူ့ကို ထိုဆေးရုံရှိ လူတွေက အထူးအဆန်း ။

*** တောင်းပန်ပါတယ်ဗျ အခန်းမှားသွားတာပါ***

ထိုစကားတစ်ခွန်းကိုသာ ပြောရင်း ပြေးလွှားရှာနေခဲ့တဲ့ သူသည် အတွေးထဲ အခြားမည်သည့်အရာကိုမှ သိသည့်ပုံမပေါ် ။

"မင်္ဂလာပါရှင် ကြားဖြတ်သတင်းအနေနဲ့ သတင်းထူးအဖြစ်ရရှိထားတဲ့ သတင်းတစ်ပုဒ်ကိုကြေညာပေးချင်ပါတယ် ၊ အခုကျွန်မတို့ရောက်ရှိနေတဲ့နေရာကတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ # # # ဆေးရုံဖြစ်ပါတယ်"

အရှေ့ဘက် နံရံတွင် ဖွင့်ထားသော TV မှ မြန်မာသံနဲ့သတင်းတစ်ပုဒ်လာနေတာမလို့ တုနှိုင်းမောင် ရှေ့သို့တိုးသွားရင်း နားထောင်မိသည် ။

ဘာလို့တိုးသွားမိလဲ သူသေချာမသိဘူး ၊ ပြထားတဲ့ဆေးရုံက ယခုဆေးရုံဖြစ်နေခဲ့လို့လား ၊ မဟာပြောတဲ့စကားကြောင့်ပဲလား ။

"လွန်ခဲ့တဲ့ ၉ နှစ်ကျော် --/06/19-- ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ဖြစ်ပွားခဲ့သည့် car accident တစ်ခုဖြစ်တဲ့ ၊ MT လုပ်ငန်းစုတည်ထောင်သူများဖြစ်ကြသော ဦးရဲထွဋ်မောင် ဒေါ်သန္တာခိုင်တို့၏ ယာဥ်တိုက်တိုက်သေခုံးမှုတွင် ၊ တရားခံအဖြစ်တစ်ဖက်မှမောင်းနှင်လာသော ခွဲစိတ်ဆရာဝန်ကြီးဦးမျိုးမဟာသည် alcohol အလွန်အကျွံသောက်သုံး၍ မောင်းနှင်ခဲ့သည်ဟူသော စုံစမ်းစစ်ဆေးမှုသည် ၊ မှားယွင်းသော စုံစမ်းမှုဖြစ်ကြောင်း ..."

"ဘယ်လို!"

တုနှိုင်းမောင်ထပ်မံ၍ ကိုယ်တိုင်ကြားလိုက်ရတဲ့စကားအပေါ် သွေးပျက်ရပြန်ပါသည် ။ မှားယွင်းနေသည်တဲ့လား ။

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteWhere stories live. Discover now